DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရိုးရာ ဗိသုကာနှင့် အပြောက်အမွမ်း ဒီဇိုင်းလက်ရာများ သင်တန်း ပို့ချ
DVB
·
September 28, 2019
မြန်မာ့ရိုးရာ ဗိသုကာနှင့် အပြောက်အမွမ်း ဒီဇိုင်းလက်ရာများ သင်တန်း ပို့ချ
Donate to DVB

မြန်မာ့ရိုးရာဗိသုကာနှင့် အပြောက်အမွမ်း ဒီဇိုင်းလက်ရာများ လေ့လာခြင်းဆိုင်ရာ သင်တန်းကို စက်တင်ဘာလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သုံးရက်ကြာ  မန္တလေးတက္ကသိုလ်မှာ ပို့ချပေးနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကနေ အသိအမှတ်ပြုထားပြီး ပြင်သစ်နိုင်ငံအခြေစိုက် International Council of Monument and Sites-ICOMOS (Myanmar) ရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံအတွင်း ပုဂံဒေသက မြန်မာ့အနုပညာလက်ရာတွေကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ရှေးဟောင်းသုတေသန ညွှန်ကြားမှုဦးစီးဌာနက အငြိမ်းစား ဆရာကြီးတွေ၊ ဗိသုကာမျိုးဆက် ဆရာ ဆရာမတွေ၊ မန္တလေးမြို့ခံ ပညာရှင် ဆရာ ဆရာမတွေ ပါဝင်ပို့ချမယ်လို့ သိရပါတယ်။

ဒီသင်တန်းကိုတော့ မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဖွင့်လှစ်တာဖြစ်ပြီး ဒီဇိုင်းပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေ၊ Tour Guideတွေ၊ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ကာ စာတမ်းရေးသားဖို့ စိတ်အားထက်သန်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေကို ဦးတည်ဆွေးနွေးမယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာ ဗိသုကာအပြောက်အမွမ်းနဲ့ ပတ်သက်ပြီး စနစ်တကျ သင်ရိုးပြုစုထားတာ မရှိတဲ့အတွက် သင်ရိုးညွှန်တမ်း ပြင်ဆင်နိုင်ဖို့အထိ မျှော်လင့်တယ်လို့ မန္တလေး နည်းပညာ တက္ကသိုလ် ဗိသုကာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာစုစုက ပြောပါတယ်။

"ကျမတို့နိုင်ငံမှာ ဒီ မြန်မာ့ရိုးရာ ဗိသုကာအပြောက်အမွမ်းတွေကို သေသေချာချာ သင်တန်းပို့ချတဲ့ အချက်တွေမှာ စာအုပ်တွေ ထုတ်ဝေထားတာမျိုးတွေ မရှိခဲ့သေးပါဘူး။ သင်တန်းအတွက် သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်တဲ့နေရာမှာလည်း ဒါတွေက အများကြီးလုပ်ဖို့ လိုနေပါတယ်။ လိုတယ်ဆိုတဲ့နေရာမှာ မူလတန်းကနေစပြီးတော့ တက္ကသိုလ်၊ ဘွဲ့ကြို၊ ဘွဲ့လွန်ထိပေါ့နော်။ ကျမတို့ အများကြီးဆောင်ရွက်ဖို့တွေ ရှိနေပါတယ်။ ဒီလိုသင်တန်းတွေကနေ အစပြုပြီးတော့မှာ ပို့ချတဲ့အချက်တွေ ဆွေးနွေးတဲ့အချက်တွေကို record လေးတွေ ယူပြီးတော့ အဲလိုမျိုး သင်ရိုးညွှန်းတမ်း ပြင်ဆင်တဲ့အထဲတွေမှာ ထည့်သွင်းသွားနိုင်ဖို့အထိကို မျှော်လင့်ထားပါတယ်။”

ဒီသင်တန်း တက်ရောက်ပြီးပါက မြန်မာ့ရိုးရာ ဗိသုကာ အပြောက်အမွမ်း ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး ဒီဇိုင်းပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေ၊ ဆက်စပ်နယ်ပယ်မှာ သုတေသန ပြုလုပ်နေသူတွေ ပိုပြီး ထိထိရောက်ရောက် အသုံးပြုလာနိုင်မယ်လို့ ဆိုပါတယ်။

သင်တန်းကို မန္တလေးမြို့မှာ ဒုတိယအကြိမ် ထပ်မံပြုလုပ်သွားမှာဖြစ်ပြီး တတိယအကြိမ် သင်တန်းကိုတော့ ပုဂံမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆက်လက်သိရပါတယ်။

ထိန်ထိန်လင်း

~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာ့႐ိုးရာ ဗိသုကာႏွင့္ အေျပာက္အမြမ္း ဒီဇိုင္းလက္ရာမ်ား သင္တန္း ပို႔ခ်

ျမန္မာ့႐ိုးရာဗိသုကာႏွင့္ အေျပာက္အမြမ္း ဒီဇိုင္းလက္ရာမ်ား ေလ့လာျခင္းဆိုင္ရာ သင္တန္းကို စက္တင္ဘာလ ၂၇ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ သုံးရက္ၾကာ  မႏၲေလးတကၠသိုလ္မွာ ပို႔ခ်ေပးေနတယ္လို႔ သိရပါတယ္။

ကမာၻ႔ကုလသမဂၢအဖြဲ႕ကေန အသိအမွတ္ျပဳထားၿပီး ျပင္သစ္ႏိုင္ငံအေျခစိုက္ International Council of Monument and Sites-ICOMOS (Myanmar) ရဲ႕ အစီအစဥ္နဲ႔ ျမန္မာႏိုင္ငံအတြင္း ပုဂံေဒသက ျမန္မာ့အႏုပညာလက္ရာေတြကို ကြၽမ္းက်င္တဲ့ ပညာရွင္ေတြ၊ ေရွးေဟာင္းသုေတသန ၫႊန္ၾကားမႈဦးစီးဌာနက အၿငိမ္းစား ဆရာႀကီးေတြ၊ ဗိသုကာမ်ိဳးဆက္ ဆရာ ဆရာမေတြ၊ မႏၲေလးၿမိဳ႕ခံ ပညာရွင္ ဆရာ ဆရာမေတြ ပါဝင္ပို႔ခ်မယ္လို႔ သိရပါတယ္။

ဒီသင္တန္းကိုေတာ့ မႏၲေလးၿမိဳ႕မွာ ပထမဆုံးအႀကိမ္ ဖြင့္လွစ္တာျဖစ္ၿပီး ဒီဇိုင္းပညာရွင္ေတြ၊ ဗိသုကာပညာရွင္ေတြ၊ Tour Guideေတြ၊ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး သုေတသနျပဳလုပ္ကာ စာတမ္းေရးသားဖို႔ စိတ္အားထက္သန္သူေတြ၊ အစိုးရဝန္ထမ္းေတြ၊ ဆရာ ဆရာမေတြကို ဦးတည္ေဆြးေႏြးမယ္လို႔ သိရပါတယ္။

ျမန္မာ့႐ိုးရာ ဗိသုကာအေျပာက္အမြမ္းနဲ႔ ပတ္သက္ၿပီး စနစ္တက် သင္႐ိုးျပဳစုထားတာ မရွိတဲ့အတြက္ သင္႐ိုးၫႊန္တမ္း ျပင္ဆင္ႏိုင္ဖို႔အထိ ေမွ်ာ္လင့္တယ္လို႔ မႏၲေလး နည္းပညာ တကၠသိုလ္ ဗိသုကာဌာန ပါေမာကၡ ဌာနမႉး ေဒါက္တာစုစုက ေျပာပါတယ္။

"က်မတို႔ႏိုင္ငံမွာ ဒီ ျမန္မာ့႐ိုးရာ ဗိသုကာအေျပာက္အမြမ္းေတြကို ေသေသခ်ာခ်ာ သင္တန္းပို႔ခ်တဲ့ အခ်က္ေတြမွာ စာအုပ္ေတြ ထုတ္ေဝထားတာမ်ိဳးေတြ မရွိခဲ့ေသးပါဘူး။ သင္တန္းအတြက္ သင္႐ိုးၫႊန္းတမ္းေတြ ျပင္ဆင္တဲ့ေနရာမွာလည္း ဒါေတြက အမ်ားႀကီးလုပ္ဖို႔ လိုေနပါတယ္။ လိုတယ္ဆိုတဲ့ေနရာမွာ မူလတန္းကေနစၿပီးေတာ့ တကၠသိုလ္၊ ဘြဲ႕ႀကိဳ၊ ဘြဲ႕လြန္ထိေပါ့ေနာ္။ က်မတို႔ အမ်ားႀကီးေဆာင္႐ြက္ဖို႔ေတြ ရွိေနပါတယ္။ ဒီလိုသင္တန္းေတြကေန အစျပဳၿပီးေတာ့မွာ ပို႔ခ်တဲ့အခ်က္ေတြ ေဆြးေႏြးတဲ့အခ်က္ေတြကို record ေလးေတြ ယူၿပီးေတာ့ အဲလိုမ်ိဳး သင္႐ိုးၫႊန္းတမ္း ျပင္ဆင္တဲ့အထဲေတြမွာ ထည့္သြင္းသြားႏိုင္ဖို႔အထိကို ေမွ်ာ္လင့္ထားပါတယ္။”

ဒီသင္တန္း တက္ေရာက္ၿပီးပါက ျမန္မာ့႐ိုးရာ ဗိသုကာ အေျပာက္အမြမ္း ဒီဇိုင္းေတြနဲ႔ ပတ္သက္ၿပီး ဒီဇိုင္းပညာရွင္ေတြ၊ ဗိသုကာပညာရွင္ေတြ၊ ဆက္စပ္နယ္ပယ္မွာ သုေတသန ျပဳလုပ္ေနသူေတြ ပိုၿပီး ထိထိေရာက္ေရာက္ အသုံးျပဳလာႏိုင္မယ္လို႔ ဆိုပါတယ္။

သင္တန္းကို မႏၲေလးၿမိဳ႕မွာ ဒုတိယအႀကိမ္ ထပ္မံျပဳလုပ္သြားမွာျဖစ္ၿပီး တတိယအႀကိမ္ သင္တန္းကိုေတာ့ ပုဂံမွာ ျပဳလုပ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆက္လက္သိရပါတယ္။

ထိန္ထိန္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013