DVB Logo
Home
မြန်မာသတင်း
လေဘာကတ်အတု၊ နိုင်ငံသားကတ်အတုနှင့် ရဲစခန်းထောက်ခံစာအတုများ သိမ်းဆည်းမိ
DVB
·
September 28, 2019
လေဘာကတ်အတု၊ နိုင်ငံသားကတ်အတုနှင့် ရဲစခန်းထောက်ခံစာအတုများ သိမ်းဆည်းမိ
Donate to DVB

လေဘာကတ်အတု၊ နိုင်ငံသားကတ်အတုနှင့် ရဲစခန်းထောက်ခံစာအတုများ သိမ်းဆည်းမိ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ လေဘာကတ်အတု၊ နိုင်ငံသားစိစစ်ရေးကတ်အတုနဲ့ ရဲစခန်းထောက်ခံစာ အတုတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က လှိုင်သာယာမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်ရှိ မကွေးလမ်းပေါ်မှ  ဂျင်မီအောင်(ခ)ကုလားကြီး(ခ)အာကာ မောင်းနှင်တဲ့ CC/×××× Station Wagon ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ပိုက်ဆံအိတ်အတွင်းက လှိုင်သာယာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံးတံဆိပ်ပါ လေဘာကတ်အတု ၃၀ ခု၊ နိုင်ငံသားစိစစ်ရေးကတ် အတု ၈ ခု၊ လှိုင်သာယာမြို့မရဲစခန်း တံဆိပ်ပါ ထောက်ခံစာအတု ၃၀ ရွက်တို့အား သိမ်းဆည်းရမိခဲ့တာပါ။

ဒါ့အပြင် နေအိမ်မှာလည်း နိုင်ငံသားစိစစ်ရေးကတ် အတု ၄ ခုအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ဂျင်မီအောင်(ခ)ကုလားကြီး (ခ)အာကာ(ဖမ်းမိ)ကို လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ (လိမ်လည်မှု၊ စာတမ်း အမှတ်အသား အတုပြုလုပ်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေလဘာကတ္အတု၊ ႏိုင္ငံသားကတ္အတုႏွင့္ ရဲစခန္းေထာက္ခံစာအတုမ်ား သိမ္းဆည္းမိ

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္မွာ ေလဘာကတ္အတု၊ ႏိုင္ငံသားစိစစ္ေရးကတ္အတုနဲ႔ ရဲစခန္းေထာက္ခံစာ အတုေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၂၇ ရက္ေန႔ ညေန ၃ နာရီခြဲေလာက္က လႈိင္သာယာၿမိဳ႕မရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ လႈိင္သာယာၿမိဳ႕နယ္၊ (၈) ရပ္ကြက္ရွိ မေကြးလမ္းေပၚမွ  ဂ်င္မီေအာင္(ခ)ကုလားႀကီး(ခ)အာကာ ေမာင္းႏွင္တဲ့ CC/×××× Station Wagon ယာဥ္ကို သတင္းအရ ရပ္တန႔္စစ္ေဆးရွာေဖြရာမွာ ဖမ္းဆီးမိခဲ့တာလို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။

ပိုက္ဆံအိတ္အတြင္းက လႈိင္သာယာၿမိဳ႕နယ္၊ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန ႐ုံးတံဆိပ္ပါ ေလဘာကတ္အတု ၃၀ ခု၊ ႏိုင္ငံသားစိစစ္ေရးကတ္ အတု ၈ ခု၊ လႈိင္သာယာၿမိဳ႕မရဲစခန္း တံဆိပ္ပါ ေထာက္ခံစာအတု ၃၀ ႐ြက္တို႔အား သိမ္းဆည္းရမိခဲ့တာပါ။

ဒါ့အျပင္ ေနအိမ္မွာလည္း ႏိုင္ငံသားစိစစ္ေရးကတ္ အတု ၄ ခုအား ထပ္မံသိမ္းဆည္းရမိခဲ့ၿပီး ဂ်င္မီေအာင္(ခ)ကုလားႀကီး (ခ)အာကာ(ဖမ္းမိ)ကို လႈိင္သာယာၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈ (လိမ္လည္မႈ၊ စာတမ္း အမွတ္အသား အတုျပဳလုပ္မႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013