DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ပါတီရုံးခန်း ချမ်းအေးသာစံမြို့နယ်တွင် ဖွင့်လှစ်
DVB
·
September 28, 2019
ပြည်သူ့ပါတီရုံးခန်း ချမ်းအေးသာစံမြို့နယ်တွင် ဖွင့်လှစ်
1 / 3
Donate to DVB

ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၈၆x၈၇ လမ်းကြား ၃၁ လမ်း၊ ဒီဘိုးဝင်းရပ်ကွက်မှာ စက်တင်ဘာလ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

“ရွေးကောက်ပွဲဝင်တာ ရွေးကောက်ပွဲနိုင်ဖို့သက်သက်ထက် ပိုပြီးလေးနက်တဲ့ ခံယူချက်တွေ ကျနော်တို့မှာ အများကြီးရှိပါတယ်။ ၃၁ နှစ်လုပ်ခဲ့တဲ့ နိုင်ငံရေးဒဏ်ရာ ဒဏ်ချက်တွေ အများကြီးရှိပါတယ်။ ကျနော်တို့ မျက်စိမှိတ်မထားနိုင်ဘူး ဒီနိုင်ငံရဲ့ အခြေအနေကို။ ဒါကြောင့် ၃၁ နှစ်တာ ဖြတ်သန်းခဲ့တဲ့နိုင်ငံရေးအတွေ့အကြုံတွေ ကျနော်တို့စာတွေ့ ကိုယ်တွေ့ နိုင်ငံတကာအတွေ့အကြုံတွေ ဆီးပူးလေ့လာထားတဲ့ ဗဟုသုတတွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ စိတ်တူကိုယ်တူ ရဲဘော်တွေနဲ့ ပြညါသူ့ပါတီကို ကျနော်တို့ ဖွဲ့စည်းခဲ့တာ” ပြည်သူပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ်ပြည်သူ့ပါတီကို ကော်မတီဝင် ၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ရုံးခန်းဖွင့်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ၊ ဗကသ ကျောင်းသားဟောင်းတွေ၊ ရွှေဝါရောင်သံဃာတော်တွေ၊ လူဘောင်သစ်ပါတီ၊ NေF ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ဝံသာနု အမျိုးသားဒီမိုကရေစီပါတီဝင်တွေ၊ တိုင်းရင်းသားပါတီတွေနဲ့ စိတ်ဝင်စားသူ ၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်ကျ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာတို့နဲ့အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်အချို့က ဦးဆောင်ပြီး ပြည်သူ့ပါတီကို ၂၀၁၈ သြဂုတ် ၂၃ ရက်နေ့က စတင်မှတ်ပုံတင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျပည္သူ႔ပါတီ႐ုံးခန္း ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ဖြင့္လွစ္

ျပည္သူ႔ပါတီ ႐ုံးခန္းဖြင့္ပြဲနဲ႔ ဆိုင္းဘုတ္တင္ပြဲ အခမ္းအနားကို မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၈၆x၈၇ လမ္းၾကား ၃၁ လမ္း၊ ဒီဘိုးဝင္းရပ္ကြက္မွာ စက္တင္ဘာလ ၂၈ ရက္ေန႔က ဖြင့္လွစ္ခဲ့ပါတယ္။

“ေ႐ြးေကာက္ပြဲဝင္တာ ေ႐ြးေကာက္ပြဲႏိုင္ဖို႔သက္သက္ထက္ ပိုၿပီးေလးနက္တဲ့ ခံယူခ်က္ေတြ က်ေနာ္တို႔မွာ အမ်ားႀကီးရွိပါတယ္။ ၃၁ ႏွစ္လုပ္ခဲ့တဲ့ ႏိုင္ငံေရးဒဏ္ရာ ဒဏ္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ က်ေနာ္တို႔ မ်က္စိမွိတ္မထားႏိုင္ဘူး ဒီႏိုင္ငံရဲ႕ အေျခအေနကို။ ဒါေၾကာင့္ ၃၁ ႏွစ္တာ ျဖတ္သန္းခဲ့တဲ့ႏိုင္ငံေရးအေတြ႕အႀကဳံေတြ က်ေနာ္တို႔စာေတြ႕ ကိုယ္ေတြ႕ ႏိုင္ငံတကာအေတြ႕အႀကဳံေတြ ဆီးပူးေလ့လာထားတဲ့ ဗဟုသုတေတြ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ဖို႔ စိတ္တူကိုယ္တူ ရဲေဘာ္ေတြနဲ႔ ျပညါသူ႔ပါတီကို က်ေနာ္တို႔ ဖြဲ႕စည္းခဲ့တာ” ျပည္သူပါတီ ဗဟိုေကာ္မတီ ဥကၠ႒ ဦးကိုကိုႀကီးက ေျပာပါတယ္။

မႏၲေလးတိုင္း ခ်မ္းေအးသာစံၿမိဳ႕နယ္ ္ျပည္သူ႔ပါတီကို ေကာ္မတီဝင္ ၉ ဦးနဲ႔ ဖြဲ႕စည္းခဲ့ၿပီး ႐ုံးခန္းဖြင့္ပြဲကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ေတြ၊ ဗကသ ေက်ာင္းသားေဟာင္းေတြ၊ ေ႐ႊဝါေရာင္သံဃာေတာ္ေတြ၊ လူေဘာင္သစ္ပါတီ၊ NေF ပါတီ၊ ျပည္ခိုင္ၿဖိဳးပါတီ၊ ဝံသာႏု အမ်ိဳးသားဒီမိုကေရစီပါတီဝင္ေတြ၊ တိုင္းရင္းသားပါတီေတြနဲ႔ စိတ္ဝင္စားသူ ၅၀ ေက်ာ္တက္ေရာက္ခဲ့ၾကပါတယ္။

၁၉၈၈ ခုႏွစ္က် ေက်ာင္းသားေခါင္းေဆာင္ေတြျဖစ္တဲ့ ဦးကိုကိုႀကီး၊ ဦးမင္းေဇယ်ာတို႔နဲ႔အတူ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္အခ်ိဳ႕က ဦးေဆာင္ၿပီး ျပည္သူ႔ပါတီကို ၂၀၁၈ ၾသဂုတ္ ၂၃ ရက္ေန႔က စတင္မွတ္ပုံတင္ခဲ့တဲ့ပါတီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013