DVB Logo
Home
မြန်မာသတင်း
ကလေးငယ် ၃ ဦးအား နေအိမ်ဝင်းအတွင်းမှ ဖယ်ရှားခိုင်းသဖြင့် ဆားလင်းကြီးတွင် ဆန္ဒပြ
DVB
·
September 28, 2019
ကလေးငယ် ၃ ဦးအား နေအိမ်ဝင်းအတွင်းမှ ဖယ်ရှားခိုင်းသဖြင့် ဆားလင်းကြီးတွင် ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ခွန်သာအုပ်စု ခွန်သာကျေးရွာမှာ မိဘအုပ်ထိန်းသူမဲ့ ကလေးငယ် ၃ ဦးအား နေအိမ်ဝင်းအတွင်းကနေ ဖယ်ရှားခိုင်းတဲ့အပေါ် ဒေသခံတွေက မကျေနပ်လို့ ဆားလင်းကြီးမြို့မှာ စက်တင်ဘာလ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကလေးငယ်တွေရဲ့ မိခင်ဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက် သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူဟာ နယ်ခြားမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအချိန်မှာ ကလေးငယ်တွေ နေထိုင်တဲ့ နေအိမ်ကို နှစ်ပေါင်း ၂၀ ကျော် ကင်းကွာနေတဲ့ အဘိုးဖြစ်သူက အိမ်ရလိုမှုနဲ့ ဆားလင်းကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုရာ တရားရုံးက အနိုင်ပေးလိုက်တာကြောင့် ကလေးငယ်တွေဟာ အိမ်ဝင်းကနေ ဖယ်ရှားခံနေရတယ်လို့ သိရပါတယ်။

"ကလေးငယ်တွေ အခွင့်ရေးတွေ ဆုံးရှုံးနေတယ်ဆိုတာက မိဘလည်း မဲ့နေတယ်၊ အိမ်ကနေ နှင်ထုတ်ခံနေရတယ်။ မိဘမဲ့တော့ ရပ်ရွာပြည်သူလူထုတာဝန်ဖြစ်နေတော့ ဆန္ဒဖော်ထုတ်ရတာပဲ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်တယ်ဆိုတာကလဲ ကလေးနဲ့မမျှ ရဲအင်အားသုံးပြီး နှင်ထုတ်နေတာဟာ ရပ်ရွာကို စော်ကားလိုက်တာနဲ့ အတူတူပဲ၊ နောက်ပြီး ဒီကလေးငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို စော်ကားတာ။ ဒါ့ကြောင့် ဆန္ဒထုတ်ဖော်တာပါ" လို့ ခွန်သာကျေးရွာမှ ဦးအောင်နိုင်က ပြောပါတယ်။

ကလေးငယ် ၃ ဦးမှာ အငယ်ဆုံးဖြစ်သူက အသက် ၈ နှစ်၊ အလတ်ဖြစ်သူက ၁၀ နှစ်နဲ့ အကြီးဆုံးဖြစ်သူက ၁၄ နှစ် ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ ကျေးရွာပြည်သူ ထောက်ပံ့မှုကြောင့် အငယ်ဆုံး ကလေးငယ်ဟာ မူလတန်းကျောင်းတက်နေပေမဲ့ ကျန် ၂ ဦးကတော့ မိဘမရှိတာကြောင့် ကျောင်းမနေနိုင်ခဲ့ဘူးလို့ သိရပါတယ်။

"ကျနော်တို့ ကျေးရွာ ၅ ဦးကော်မတီကနေ ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ တတ်အားသမျှ ပေးကျွေး၊ တတ်အားသမျှဝတ်စားဆင်ယင်ပေးထားရတာ။ ဒီကလေးငယ်တွေကလည်း ပညာသင်ရမယ့်အရွယ်တွေ ဖြစ်နေပါတယ်။ ပညာအခြေခံမကျရင် ဘယ်လိုဖြစ်သွားမလဲ။ တရက်လုပ်မှ တရက်စားဘဝကို ရောက်သွားနိုင်ပါတယ်" လို့ ခွန်သာကျေးရွာရာအိမ်မှူး ဦးကျော်ဝင်းက ပြောပါတယ်။

ကလေးငယ်တွေရဲ့ အဖိုးဖြစ်သူဟာ နောက်အိမ်ထောင်နဲ့နေထိုင်သူဖြစ်တယ်လို့ သိရပြီး တရားပြိုင်ကလေးတွေရဲ့ ဖခင်ဖြစ်သူကလည်း ရပ်ဝေးမှာနေထိုင်သူဖြစ်တာကြောင့် အမှုလာရောက်ရင်ဆိုင်မှုတဲ့အတွက် တရားရုံးက အဘိုးဖြစ်သူကို အနိုင်ပေးခဲ့တာလို့ သိရပါတယ်။

တရားရုံးမှ အဘိုးဖြစ်သူကို အမှုအနိုင်ပေးပြီးနောက် ကလေး ၃ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က တကြိမ်၊ မေလ ၂ ရက်နေ့က တကြိမ်နဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က တကြိမ် အိမ်ကထွက်ပေးဖို့ရာ တရားရေးဝန်ထမ်းနဲ့အတူ ရဲတပ်ဖွဲ့က အမိန့်စာနဲ့ လာရောက်ခဲ့တယ်လို့ သိရပါတယ်။

အခုကိစ္စနဲ့ပတ်သတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းသားရေးရာဝန်ကြီးက တိုင်းတရားသူကြီးချုပ်ထံကို လိုအပ်သလို ပြန်လည်စိစစ်ပေးဖို့ ဇူလိုင်လ ၁၂ ရက်နေ့က ပေးပို့ထားရာမှာ တစုံတရာထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်မှုကိုတော့ ကျေးရွာဒေသခံ ၁၀၀ လောက်က ဆားလင်းကြီးမြို့ သာသနာ့ဗိမာန်ရှေ့ကစတင်ကာ တရားရုံးရှေ့ ဗိုလ်ချုပ်လမ်းတလျှောက် စီတန်းလှည့်လည်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရိုက်ကူး၊ပေးပို့ - ရန်နိုင်စိုး

=================================

ကေလးငယ္ ၃ ဦးအား ေနအိမ္ဝင္းအတြင္းမွ ဖယ္ရွားခိုင္းသျဖင့္ ဆားလင္းႀကီးတြင္ ဆႏၵျပ

DVB

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ခြန္သာအုပ္စု ခြန္သာေက်း႐ြာမွာ မိဘအုပ္ထိန္းသူမဲ့ ကေလးငယ္ ၃ ဦးအား ေနအိမ္ဝင္းအတြင္းကေန ဖယ္ရွားခိုင္းတဲ့အေပၚ ေဒသခံေတြက မေက်နပ္လို႔ ဆားလင္းႀကီးၿမိဳ႕မွာ စက္တင္ဘာလ ၂၇ ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ကေလးငယ္ေတြရဲ႕ မိခင္ဟာ လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္ ေသဆုံးသြားခဲ့ၿပီး ဖခင္ျဖစ္သူဟာ နယ္ျခားမွာ ေနထိုင္သူျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီအခ်ိန္မွာ ကေလးငယ္ေတြ ေနထိုင္တဲ့ ေနအိမ္ကို ႏွစ္ေပါင္း ၂၀ ေက်ာ္ ကင္းကြာေနတဲ့ အဘိုးျဖစ္သူက အိမ္ရလိုမႈနဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္တရား႐ုံးမွာ တရားစြဲဆိုရာ တရား႐ုံးက အႏိုင္ေပးလိုက္တာေၾကာင့္ ကေလးငယ္ေတြဟာ အိမ္ဝင္းကေန ဖယ္ရွားခံေနရတယ္လို႔ သိရပါတယ္။

"ကေလးငယ္ေတြ အခြင့္ေရးေတြ ဆုံးရႈံးေနတယ္ဆိုတာက မိဘလည္း မဲ့ေနတယ္၊ အိမ္ကေန ႏွင္ထုတ္ခံေနရတယ္။ မိဘမဲ့ေတာ့ ရပ္႐ြာျပည္သူလူထုတာဝန္ျဖစ္ေနေတာ့ ဆႏၵေဖာ္ထုတ္ရတာပဲ ျဖစ္ပါတယ္။ ဆႏၵထုတ္ေဖာ္တယ္ဆိုတာကလဲ ကေလးနဲ႔မမွ် ရဲအင္အားသုံးၿပီး ႏွင္ထုတ္ေနတာဟာ ရပ္႐ြာကို ေစာ္ကားလိုက္တာနဲ႔ အတူတူပဲ၊ ေနာက္ၿပီး ဒီကေလးငယ္ေတြရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာကို ေစာ္ကားတာ။ ဒါ့ေၾကာင့္ ဆႏၵထုတ္ေဖာ္တာပါ" လို႔ ခြန္သာေက်း႐ြာမွ ဦးေအာင္ႏိုင္က ေျပာပါတယ္။

ကေလးငယ္ ၃ ဦးမွာ အငယ္ဆုံးျဖစ္သူက အသက္ ၈ ႏွစ္၊ အလတ္ျဖစ္သူက ၁၀ ႏွစ္နဲ႔ အႀကီးဆုံးျဖစ္သူက ၁၄ ႏွစ္ ျဖစ္တယ္လို႔ သိရၿပီး လက္ရွိမွာ ေက်း႐ြာျပည္သူ ေထာက္ပံ့မႈေၾကာင့္ အငယ္ဆုံး ကေလးငယ္ဟာ မူလတန္းေက်ာင္းတက္ေနေပမဲ့ က်န္ ၂ ဦးကေတာ့ မိဘမရွိတာေၾကာင့္ ေက်ာင္းမေနႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

"က်ေနာ္တို႔ ေက်း႐ြာ ၅ ဦးေကာ္မတီကေန ထိန္းသိမ္းေစာင့္ေရွာက္ထားတယ္။ တတ္အားသမွ် ေပးေကြၽး၊ တတ္အားသမွ်ဝတ္စားဆင္ယင္ေပးထားရတာ။ ဒီကေလးငယ္ေတြကလည္း ပညာသင္ရမယ့္အ႐ြယ္ေတြ ျဖစ္ေနပါတယ္။ ပညာအေျခခံမက်ရင္ ဘယ္လိုျဖစ္သြားမလဲ။ တရက္လုပ္မွ တရက္စားဘဝကို ေရာက္သြားႏိုင္ပါတယ္" လို႔ ခြန္သာေက်း႐ြာရာအိမ္မႉး ဦးေက်ာ္ဝင္းက ေျပာပါတယ္။

ကေလးငယ္ေတြရဲ႕ အဖိုးျဖစ္သူဟာ ေနာက္အိမ္ေထာင္နဲ႔ေနထိုင္သူျဖစ္တယ္လို႔ သိရၿပီး တရားၿပိဳင္ကေလးေတြရဲ႕ ဖခင္ျဖစ္သူကလည္း ရပ္ေဝးမွာေနထိုင္သူျဖစ္တာေၾကာင့္ အမႈလာေရာက္ရင္ဆိုင္မႈတဲ့အတြက္ တရား႐ုံးက အဘိုးျဖစ္သူကို အႏိုင္ေပးခဲ့တာလို႔ သိရပါတယ္။

တရား႐ုံးမွ အဘိုးျဖစ္သူကို အမႈအႏိုင္ေပးၿပီးေနာက္ ကေလး ၃ ဦးကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က တႀကိမ္၊ ေမလ ၂ ရက္ေန႔က တႀကိမ္နဲ႔ စက္တင္ဘာလ ၁၂ ရက္ေန႔က တႀကိမ္ အိမ္ကထြက္ေပးဖို႔ရာ တရားေရးဝန္ထမ္းနဲ႔အတူ ရဲတပ္ဖြဲ႕က အမိန႔္စာနဲ႔ လာေရာက္ခဲ့တယ္လို႔ သိရပါတယ္။

အခုကိစၥနဲ႔ပတ္သတ္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကိုယ္စား တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ခ်င္းတိုင္းသားေရးရာဝန္ႀကီးက တိုင္းတရားသူႀကီးခ်ဳပ္ထံကို လိုအပ္သလို ျပန္လည္စိစစ္ေပးဖို႔ ဇူလိုင္လ ၁၂ ရက္ေန႔က ေပးပို႔ထားရာမွာ တစုံတရာထူးျခားမႈ မရွိေသးဘူးလို႔ သိရပါတယ္။

ဆႏၵထုတ္ေဖာ္မႈကိုေတာ့ ေက်း႐ြာေဒသခံ ၁၀၀ ေလာက္က ဆားလင္းႀကီးၿမိဳ႕ သာသနာ့ဗိမာန္ေရွ႕ကစတင္ကာ တရား႐ုံးေရွ႕ ဗိုလ္ခ်ဳပ္လမ္းတေလွ်ာက္ စီတန္းလွည့္လည္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

႐ိုက္ကူး၊ေပးပို႔ - ရန္ႏိုင္စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013