DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရိုးရာလှေ‌လှော်ပြိုင်ပွဲ ဘားအံမြို့နယ်တွင် ကျင်းပ
DVB
·
September 28, 2019
မြန်မာ့ရိုးရာလှေ‌လှော်ပြိုင်ပွဲ ဘားအံမြို့နယ်တွင် ကျင်းပ
1 / 5
Donate to DVB

မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်-ရသဝေါ်ကျေးရွာ ပါရမီတံတားအင်းမှာ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

လှေလှော်အားကစားနည်းကို လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့ ပြည်သူတွေဖြစ်လာစေဖို့၊ လှေလှော်အားကစားနည်းကတဆင့် တရွာနဲ့တရွာ ဒေသတခုနဲ့တခု အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားလာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းလာလိုစိတ်တွေ ကိန်းအောင်းလာစေဖို့နဲ့ တော်သလင်းလ လှေလှော်ပြိုင်ပွဲတည်းဆိုတဲ့ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာကို ပပျောက်မှုမရှိစေဘဲ ထိန်းသိမ်းဖော်ထုတ်ပေးသွားဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာပါ။

ဘားအံမြို့နယ်၊ တောင်ကလေးဘုန်းတော်ကြီးသင်ကျောင်း၊ ကျောင်းအုပ်ဆရာတော် အရှင်ဉတ္တမက “လှေလှော်တတ်တဲ့လူငယ်တွေ အများကြီး ပေါ်ထွက်လာအောင် လှေလှော်တဲ့ အားကစားအဖွဲ့တွေ ခိုင်ခိုင်မာမာလေး ဖြစ်ပေါ်လာအောင်လို့ ဉီးဇင်းတို့က တဖက်တလမ်းကနေပြီး တပိုင်တနိုင်လေး လုပ်ဆောင်ပေးတာ ဖြစ်တယ်”လို့ မိန့်ကြားပါတယ်။

ဘားအံမြို့နယ်၊ ရသဝေါ်ကျေးရွာ(ပြိုင်ပွဲဝင်) ကိုအာနိုးက “ပြင်ဆင်တာကတော့ ပွဲရက်မရောက်ခင် ကျင့်ထားတယ်။ ပထမဆု ရအောင်လည်း ကြိုးစားထားတယ်။ ကျနော်တို့က ပထမဆု အားလုံးမှန်းထားတယ်။ လှေလှော်ပြိုင်ပွဲအားကစားကို လုပ်ပေးတဲ့ ဆရာတော်ကိုလည်း ဒီကနေပြီးတော့ပဲ ကျေးဇူးတင်တဲ့အကြောင်း ပြောကြားချင်တယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲမှာ အမျိုးသား ၅ တက်လှော်ကို အသင်း ၁၇ သင်း၊ အမျိုးသား ၃ တက်လှော်ကို အသင်း ၁၈ သင်း၊ အမျိုးသမီး ၅ တက်လှော်ကို အသင်း ၈ သင်း၊ အမျိုးသမီး ၃ တက်လှော်ကို အသင်း ၉ သင်းပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမှာပါ။

ဆုချီးမြှင့်ပေးအပ်ရာမှာ ၅ တက်လှော်ပြိုင်ပွဲအတွက် ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်း၊ စတုတ္ထဆု ၅ သောင်း၊ နှစ်သိမ့်ဆု(ကွာတာရှုံးထွက်) ၃ သောင်း၊ နှစ်သိမ့်ဆု ၁၅၀၀၀ စီ ချီးမြှင့်ပေးသွားမှာပါ။

၃ တက်လှော်ပြိုင်ပွဲအတွက် ပထမဆု ၂ သိန်း၊ ဒုတိယဆု ၁၅၀၀၀၀၊ တတိယဆု ၁ သိန်း၊ စတုတ္ထဆု ၅ သောင်း၊ နှစ်သိမ့်ဆု(ကွာတာရှုံးထွက်) ၂ သောင်း၊ နှစ်သိမ့်ဆု ၁၀၀၀၀ စီနဲ့ ကျန်ဆုတွေပါ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာ့႐ိုးရာေလွ‌ေလွာ္ၿပိဳင္ပြဲ ဘားအံၿမိဳ႕နယ္တြင္ က်င္းပ

ျမန္မာ့႐ိုးရာထုံးတမ္းအစဥ္အလာကို ထိန္းသိမ္းတဲ့အေနနဲ႔ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ လွာကျမင္-ရသေဝၚေက်း႐ြာ ပါရမီတံတားအင္းမွာ တတိယအႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာေလွေလွာ္ၿပိဳင္ပြဲကို စက္တင္ဘာ ၂၇ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ပါတယ္။

ေလွေလွာ္အားကစားနည္းကို ေလ့လာလိုက္စားျခင္းအားျဖင့္ က်န္းမာႀကံ့ခိုင္သန္စြမ္းတဲ့ ျပည္သူေတြျဖစ္လာေစဖို႔၊ ေလွေလွာ္အားကစားနည္းကတဆင့္ တ႐ြာနဲ႔တ႐ြာ ေဒသတခုနဲ႔တခု အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈေတြ တိုးပြားလာၿပီး ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြမွာ ပူးေပါင္းလာလိုစိတ္ေတြ ကိန္းေအာင္းလာေစဖို႔နဲ႔ ေတာ္သလင္းလ ေလွေလွာ္ၿပိဳင္ပြဲတည္းဆိုတဲ့ ျမန္မာ့႐ိုးရာထုံးတမ္းစဥ္လာကို ပေပ်ာက္မႈမရွိေစဘဲ ထိန္းသိမ္းေဖာ္ထုတ္ေပးသြားဖို႔ ရည္႐ြယ္ၿပီး က်င္းပျပဳလုပ္ခဲ့တာပါ။

ဘားအံၿမိဳ႕နယ္၊ ေတာင္ကေလးဘုန္းေတာ္ႀကီးသင္ေက်ာင္း၊ ေက်ာင္းအုပ္ဆရာေတာ္ အရွင္ဉတၱမက “ေလွေလွာ္တတ္တဲ့လူငယ္ေတြ အမ်ားႀကီး ေပၚထြက္လာေအာင္ ေလွေလွာ္တဲ့ အားကစားအဖြဲ႕ေတြ ခိုင္ခိုင္မာမာေလး ျဖစ္ေပၚလာေအာင္လို႔ ဉီးဇင္းတို႔က တဖက္တလမ္းကေနၿပီး တပိုင္တႏိုင္ေလး လုပ္ေဆာင္ေပးတာ ျဖစ္တယ္”လို႔ မိန႔္ၾကားပါတယ္။

ဘားအံၿမိဳ႕နယ္၊ ရသေဝၚေက်း႐ြာ(ၿပိဳင္ပြဲဝင္) ကိုအာႏိုးက “ျပင္ဆင္တာကေတာ့ ပြဲရက္မေရာက္ခင္ က်င့္ထားတယ္။ ပထမဆု ရေအာင္လည္း ႀကိဳးစားထားတယ္။ က်ေနာ္တို႔က ပထမဆု အားလုံးမွန္းထားတယ္။ ေလွေလွာ္ၿပိဳင္ပြဲအားကစားကို လုပ္ေပးတဲ့ ဆရာေတာ္ကိုလည္း ဒီကေနၿပီးေတာ့ပဲ ေက်းဇူးတင္တဲ့အေၾကာင္း ေျပာၾကားခ်င္တယ္”လို႔ ေျပာပါတယ္။

ၿပိဳင္ပြဲမွာ အမ်ိဳးသား ၅ တက္ေလွာ္ကို အသင္း ၁၇ သင္း၊ အမ်ိဳးသား ၃ တက္ေလွာ္ကို အသင္း ၁၈ သင္း၊ အမ်ိဳးသမီး ၅ တက္ေလွာ္ကို အသင္း ၈ သင္း၊ အမ်ိဳးသမီး ၃ တက္ေလွာ္ကို အသင္း ၉ သင္းပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ေလွေလွာ္ၿပိဳင္ပြဲကို စက္တင္ဘာ ၂၈ ရက္ေန႔ထိ ၂ ရက္ၾကာ က်င္းပျပဳလုပ္သြားမွာပါ။

ဆုခ်ီးျမႇင့္ေပးအပ္ရာမွာ ၅ တက္ေလွာ္ၿပိဳင္ပြဲအတြက္ ပထမဆု ၃ သိန္း၊ ဒုတိယဆု ၂ သိန္း၊ တတိယဆု ၁ သိန္း၊ စတုတၳဆု ၅ ေသာင္း၊ ႏွစ္သိမ့္ဆု(ကြာတာရႈံးထြက္) ၃ ေသာင္း၊ ႏွစ္သိမ့္ဆု ၁၅၀၀၀ စီ ခ်ီးျမႇင့္ေပးသြားမွာပါ။

၃ တက္ေလွာ္ၿပိဳင္ပြဲအတြက္ ပထမဆု ၂ သိန္း၊ ဒုတိယဆု ၁၅၀၀၀၀၊ တတိယဆု ၁ သိန္း၊ စတုတၳဆု ၅ ေသာင္း၊ ႏွစ္သိမ့္ဆု(ကြာတာရႈံးထြက္) ၂ ေသာင္း၊ ႏွစ္သိမ့္ဆု ၁၀၀၀၀ စီနဲ႔ က်န္ဆုေတြပါ ခ်ီးျမႇင့္ေပးအပ္သြားမွာ ျဖစ္ပါတယ္။

ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013