Home
မြန်မာသတင်း
မြန်မာအလုပ်သမ ၁ ဦးအား မုဒိမ်းကျင့်၍ ထွက်ပြေးနေသည့်အမျိုးသားကို ထိုင်းရဲ ဆုငွေထုတ် 
နန်းမြနဒီ
·
September 27, 2019
Untitled-1
ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဝမ်းနွဲ့မြို့နယ်မှာ လွန်ခဲ့တဲ့ ၂ လလောက်က မြန်မာအလုပ်သမ တဦး  အကြမ်းဖက် မုဒိမ်းကျင့်ခံခဲ့ရပြီး ကျူးလွန်သူကို ဒီကနေ့ထိ ဖမ်းလို့ မမိသေးပါဘူး။  စော်ကားခံရသူ အမျိုးသမီးဟာ ကရင်ပြည်နယ်က အသက် ၃၁ နှစ်ရွယ်ရှိ တိုင်းရင်းသူ တ ဦးဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေစဉ် လုပ်ဖော်ကိုင်ဘက် ထိုင်းအလုပ်သမား တဦးရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခံခဲ့ရတာပါ။  ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် မနက် ၆ နာရီလောက်က စက်ရုံသန့်ရှင်းရေး လုပ်နေစဉ်  နိုင်းဂွပ်ဖ် ခေါ် နိုင်းကစ်သိဖုန်း ယာ့ပါတန်က သူမကို ဖြားယောင်းခဲ့တဲ့အတွက် စက်ရုံထဲ လှည့်ပတ် ထွက်ပြေးစဉ် နိုင်းဂွပ်ဖ်က လိုက်မှီလာပြီး သူမကို အိမ်သာထဲဆွဲခေါ်သွားကာ လည်ပင်းကိုကြိုးနဲ့ချည်ကာ တောထဲကို ဒရွတ်တိုက်ဆွဲခေါ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။  နိုင်းဂွပ်ဖ်က သူမကို အဓမ္မကျင့်ပြီးနောက် သတ်ဖြတ်အလောင်းမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အဲဒီနောက် သူမကို ရိုက်နှက်ခဲ့ကြောင်း၊ သူမကလည်း သေချင်ယောင် ဆောင်နေလိုက်ရာမှာ နိုင်းဂေါ့ဖ်က သူတကယ်သေသွားပြီလို့ ထင်ပြီး ထွက်သွားစဉ် သူမက ထွက်ပြေးလာပြီး အခြားလုပ်ဖော်ကိုင်ဘက်တွေကို ပြန်ပြောခဲ့ပါတယ်။  ဒီကိစ္စကို စက်ရုံတာဝန်ရှိသူတွေက ဝမ်းနွဲ့ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး ရဲစခန်းကလည်း နိုင်းဂွပ်ဖ်ကို မုဒိမ်းမှု၊ တပါးသူ အားချုပ်နှောင်နှိပ်စက်မှု၊ တပါးသူအားသတ်ဖြတ်ရန်ကြိုးပမ်းမှု တွေနဲ့ စွဲချက်တင်ပြီး စုံစမ်းရှာဖွေနေပါတယ်။ သူ့ကိုရှာဖွေတွေ့ရှိသူကို  ဘတ်ငွေ ၅၀၀၀ ဆုချမှာဖြစ်ပြီး ဝမ်းနွဲ့ရဲတပ်ဖွဲ့ဖုန်းနံပတ်   ၀၈၁ ၅၅၅ ၅၃၅၃ / ၀၉၅ ၁၈၂ ၉၄၃၆ / ၀၈၂ ၁၉၇၇၃၈၈ / ၀၈၈၆ ၃၅၁ ၆၅၅ တွေကို ဆက်သွယ် အကြောင်းကြားဖို့ ကြေညာထးပါတယ်။ မုဒိမ်းမှု ကျူးလွန်သူ နိုင်းဂွပ်ဖ် ခေါ် နိုင်းကစ်သိဖုန်း ယာ့ပါတန်ဟာ အသက် ၃၂ နှစ် ရှိပြီး ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မဟာဆာရခန်း ခရိုင် နားချိုက်မြို့နယ်ကလို့ ဆိုပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်ကလည်း နစ်နာသူ မြန်မာ အလုပ်သမကို လိုအပ်တဲ့အကူအညီ ပေးဖို့ ဝမ်းနွဲ့မြို့နယ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့  မြန်မာအလုပ်သမားသံအရာရှိ ဦးရဲရန်အောင်က ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့လည်း အဲဒီကိစ္စ ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ခင်ဗျ၊ ဒီမနက်က လည်း အခြေအနေကို လှမ်းမေးလိုက်ပါသေးတယ်။ တရားခံကို ဖမ်းလို့မမိသေးဘူး။ မိရင်တော့ သတင်းထုတ်ပြန်ပါမယ်။ ဥပဒေအရအရေးယူဖို့ကတော့ ထိုင်းရဲတွေရဲ့တာဝန်ပေါ့။ လောလောဆယ် နစ်နာသူမိန်းကလေးကို လုံခြုံတဲ့တနေရာမှာ စောင့်ရှောက်ထားပြီး သူ့ရဲ့ ကိုယ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ကြံ့ခိုင်ရေးတွေအတွက် အမျိုးသမီးအဖွဲ့အစည်း တွေနဲ့လည်း ဆက်သွယ် ဆောင်ရွက်နေပါတယ်။” နစ်နာသူ အမျိုးသမီးမှာ တရားခံက ထပ်မံလာရောက်နှောင့်ယှက်ရန်ပြုမှာစိုးတဲ့အတွက် လုံခြုံစွာစောင့်ရှောက်ထားရတာ ဖြစ်ပြီး ပုံမှန်အလုပ်ဆင်းလို့လည်း မရသေးကြောင်း၊ သူမမှာ ဒီအဖြစ်ဆိုးကြီးကြုံရတဲ့အပေါ် အခုထိ ကြောက်စိတ်မပြေ ထိတ်လန့်နေဆဲဖြစ်တယ်လို့  အလုပ်သမား သံအရာရှိက ပြောပါတယ်။  ကိုးကား - https://news.ch7.com/detail/364002
ျမန္မာအလုပ္သမ ၁ ဦးအား မုဒိမ္းက်င့္၍ ထြက္ေျပးေနသည့္အမ်ိဳးသားကို ထိုင္းရဲ ဆုေငြထုတ္ နန္းျမနဒီ ထိုင္းႏိုင္ငံအလယ္ပိုင္း အယုဒၶယခ႐ိုင္ ဝမ္းႏြဲ႕ၿမိဳ႕နယ္မွာ လြန္ခဲ့တဲ့ ၂ လေလာက္က ျမန္မာအလုပ္သမ တဦး အၾကမ္းဖက္ မုဒိမ္းက်င့္ခံခဲ့ရၿပီး က်ဴးလြန္သူကို ဒီကေန႔ထိ ဖမ္းလို႔ မမိေသးပါဘူး။ ေစာ္ကားခံရသူ အမ်ိဳးသမီးဟာ ကရင္ျပည္နယ္က အသက္ ၃၁ ႏွစ္႐ြယ္ရွိ တိုင္းရင္းသူ တ ဦးျဖစ္ၿပီး ေဆာက္လုပ္ေရးပစၥည္းစက္႐ုံမွာ အလုပ္လုပ္ေနစဥ္ လုပ္ေဖာ္ကိုင္ဘက္ ထိုင္းအလုပ္သမား တဦးရဲ႕ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္ ခံခဲ့ရတာပါ။ ၿပီးခဲ့တဲ့ ဇူလိုင္ ၃၁ ရက္ မနက္ ၆ နာရီေလာက္က စက္႐ုံသန႔္ရွင္းေရး လုပ္ေနစဥ္ ႏိုင္းဂြပ္ဖ္ ေခၚ ႏိုင္းကစ္သိဖုန္း ယာ့ပါတန္က သူမကို ျဖားေယာင္းခဲ့တဲ့အတြက္ စက္႐ုံထဲ လွည့္ပတ္ ထြက္ေျပးစဥ္ ႏိုင္းဂြပ္ဖ္က လိုက္မွီလာၿပီး သူမကို အိမ္သာထဲဆြဲေခၚသြားကာ လည္ပင္းကိုႀကိဳးနဲ႔ခ်ည္ကာ ေတာထဲကို ဒ႐ြတ္တိုက္ဆြဲေခၚ အဓမၼျပဳက်င့္ခဲ့တယ္လို႔ ဆိုပါတယ္။ ႏိုင္းဂြပ္ဖ္က သူမကို အဓမၼက်င့္ၿပီးေနာက္ သတ္ျဖတ္အေလာင္းမီးရႈိ႕ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ေၾကာင္း၊ အဲဒီေနာက္ သူမကို ႐ိုက္ႏွက္ခဲ့ေၾကာင္း၊ သူမကလည္း ေသခ်င္ေယာင္ ေဆာင္ေနလိုက္ရာမွာ ႏိုင္းေဂါ့ဖ္က သူတကယ္ေသသြားၿပီလို႔ ထင္ၿပီး ထြက္သြားစဥ္ သူမက ထြက္ေျပးလာၿပီး အျခားလုပ္ေဖာ္ကိုင္ဘက္ေတြကို ျပန္ေျပာခဲ့ပါတယ္။ ဒီကိစၥကို စက္႐ုံတာဝန္ရွိသူေတြက ဝမ္းႏြဲ႕ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ထားၿပီး ရဲစခန္းကလည္း ႏိုင္းဂြပ္ဖ္ကို မုဒိမ္းမႈ၊ တပါးသူ အားခ်ဳပ္ေႏွာင္ႏွိပ္စက္မႈ၊ တပါးသူအားသတ္ျဖတ္ရန္ႀကိဳးပမ္းမႈ ေတြနဲ႔ စြဲခ်က္တင္ၿပီး စုံစမ္းရွာေဖြေနပါတယ္။ သူ႔ကိုရွာေဖြေတြ႕ရွိသူကို ဘတ္ေငြ ၅၀၀၀ ဆုခ်မွာျဖစ္ၿပီး ဝမ္းႏြဲ႕ရဲတပ္ဖြဲ႕ဖုန္းနံပတ္ ၀၈၁ ၅၅၅ ၅၃၅၃ / ၀၉၅ ၁၈၂ ၉၄၃၆ / ၀၈၂ ၁၉၇၇၃၈၈ / ၀၈၈၆ ၃၅၁ ၆၅၅ ေတြကို ဆက္သြယ္ အေၾကာင္းၾကားဖို႔ ေၾကညာထးပါတယ္။ မုဒိမ္းမႈ က်ဴးလြန္သူ ႏိုင္းဂြပ္ဖ္ ေခၚ ႏိုင္းကစ္သိဖုန္း ယာ့ပါတန္ဟာ အသက္ ၃၂ ႏွစ္ ရွိၿပီး ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္း မဟာဆာရခန္း ခ႐ိုင္ နားခ်ိဳက္ၿမိဳ႕နယ္ကလို႔ ဆိုပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးဘက္ကလည္း နစ္နာသူ ျမန္မာ အလုပ္သမကို လိုအပ္တဲ့အကူအညီ ေပးဖို႔ ဝမ္းႏြဲ႕ၿမိဳ႕နယ္ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ျမန္မာအလုပ္သမားသံအရာရွိ ဦးရဲရန္ေအာင္က ဒီဗြီဘီကို ေျပာပါတယ္။ “က်ေနာ္တို႔လည္း အဲဒီကိစၥ ထိုင္းရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္ခင္ဗ်၊ ဒီမနက္က လည္း အေျခအေနကို လွမ္းေမးလိုက္ပါေသးတယ္။ တရားခံကို ဖမ္းလို႔မမိေသးဘူး။ မိရင္ေတာ့ သတင္းထုတ္ျပန္ပါမယ္။ ဥပေဒအရအေရးယူဖို႔ကေတာ့ ထိုင္းရဲေတြရဲ႕တာဝန္ေပါ့။ ေလာေလာဆယ္ နစ္နာသူမိန္းကေလးကို လုံၿခဳံတဲ့တေနရာမွာ ေစာင့္ေရွာက္ထားၿပီး သူ႔ရဲ႕ ကိုယ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာက်န္းမာေရး၊ ႀကံ့ခိုင္ေရးေတြအတြက္ အမ်ိဳးသမီးအဖြဲ႕အစည္း ေတြနဲ႔လည္း ဆက္သြယ္ ေဆာင္႐ြက္ေနပါတယ္။” နစ္နာသူ အမ်ိဳးသမီးမွာ တရားခံက ထပ္မံလာေရာက္ေႏွာင့္ယွက္ရန္ျပဳမွာစိုးတဲ့အတြက္ လုံၿခဳံစြာေစာင့္ေရွာက္ထားရတာ ျဖစ္ၿပီး ပုံမွန္အလုပ္ဆင္းလို႔လည္း မရေသးေၾကာင္း၊ သူမမွာ ဒီအျဖစ္ဆိုးႀကီးႀကဳံရတဲ့အေပၚ အခုထိ ေၾကာက္စိတ္မေျပ ထိတ္လန႔္ေနဆဲျဖစ္တယ္လို႔ အလုပ္သမား သံအရာရွိက ေျပာပါတယ္။ ကိုးကား - https://news.ch7.com/detail/364002
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024