DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြေစာရင်းဌာနကို တောင်သူများ ဆန္ဒပြ
DVB
·
September 27, 2019
လေးမျက်နှာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြေစာရင်းဌာနကို တောင်သူများ ဆန္ဒပြ
1 / 6
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လေးမျက်နှာမြို့နယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ်နဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနကို တောင်သူတွေ တရားစွဲဆိုခံနေရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့က လေးမျက်နှာမြို့မှာ တောင်သူ ၁၀၀ နီးပါးက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဝက်ကုန်းကျေးရွာအုပ်စုက ၁၀ တန်းကျောင်းသားဦးအပါအဝင် တောင်သူ ၃၉ ဦးကို အငြင်းပွားမြေနေရာမှာ ဝင်ရောက်ထွန်ယက်လုပ်ကိုင်တယ်ဆိုပြီး မျိုးကျော်လင်းကုမ္ပဏီက ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု၊ မီးရှို့မှုတွေနဲ့ တရားစွဲဆိုခဲ့တဲ့အပေါ် လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနက ဘက်လိုက်ပါဝင်ပ ပတ်သက်မှုတွေရှိခဲ့တယ်ဆိုပြီးဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

တရားစွဲခံရတဲ့ ၁၀ တန်းကျောင်းသား မောင်ကိုကိုနိုင်က "ကျနော်တို့မြေတွေကို အစိုးရကပြန်ပေးတဲ့စာတွေ ထွက်ထားတာရှိလို့ ဝင်ရောက်လုပ်ကိုင်တာကို တရားစွဲခံရတာပါ။ အခုတော့ ကျောင်းတက်ရက်လည်း ရုံးချိန်းရှိရင်ကျောင်းပျက်ပြီး တရားရုံးလာရပါတယ်။ မကြာခင်စာမေးပွဲတွေလည်း ဖြေရတဲ့အချိန်ဆိုရင် ရုံးချိန်းတွေဆိုရင်သားမှာ အရမ်းဒုက္ခရောက်မှာပါ သားကတော့အေးဆေးကျောင်းပဲ တက်ချင်ပါတယ်"လို့ ပြောပါတယ်။

ဝက်ကုန်းကျေးရွာအုပ်စု အပါအဝင်အနီးအနားကျေးရွာတွေနားက ထောင်နဲ့ချီတဲ့ မြေတွေပေါ်မှာ မျိုးကျော်လင်းကုမ္ပဏီက ကျွန်းပင်နဲ့ ရာဘာပင်တွေ စီမံကိန်းနဲ့ စိုက်ပျိုးနေတာပါ။

ဒီလိုစိုက်ပျိုးရာမှာ ဒေသခံတွေရဲ့ မြေတွေပါဝင်တယ်ဆိုတဲ့ အငြင်းပွားမှု ဖြစ်ပွားနေကာ ကုမ္ပဏီနဲ့ဒေသခံတွေအကြား နှစ်ဖက်တရားစွဲဆိုမှုတွေ မကြာခဏဖြစ်ပေါ်နေတာလို့ လေးမျက်နှာမြို့နယ် အမှတ် ၂ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောပါတယ်။

ဆန္ဒဖော်ထုတ်သူတွေက မြေယာလုပ်ပိုင်ခွင့်တရားဝင်ရရှိရေး၊ ဥပဒေမဲ့မြေယာရရှိနေသည့် ကုမ္ပဏီလုပ်ငန်းရှင်တွေအလိုမရှိ၊ ဒေသခံတောင်သူတွေကို တရားစွဲဆိုမှု ချက်ချင်းရပ် စတဲ့ ပိုစတာတွေကိုင်ဆောင်ကြွေးကြော်ပြီး လေးမျက်နှာမြို့အနှံ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း- မြမင်းဦး(ပုသိမ်)




ေလးမ်က္ႏွာၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ေျမစာရင္းဌာနကို ေတာင္သူမ်ား ဆႏၵျပ
ဒီဗြီဘီ

ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ေလးမ်က္ႏွာၿမိဳ႕နယ္ အမွတ္ (၂) လႊတ္ေတာ္ ကိုယ္စားလွယ္နဲ႔ ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာနကို ေတာင္သူေတြ တရားစြဲဆိုခံေနရတာနဲ႔ ပတ္သက္ၿပီး စက္တင္ဘာလ ၂၇ ရက္ေန႔က ေလးမ်က္ႏွာၿမိဳ႕မွာ ေတာင္သူ ၁၀၀ နီးပါးက ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ဝက္ကုန္းေက်း႐ြာအုပ္စုက ၁၀ တန္းေက်ာင္းသားဦးအပါအဝင္ ေတာင္သူ ၃၉ ဦးကို အျငင္းပြားေျမေနရာမွာ ဝင္ေရာက္ထြန္ယက္လုပ္ကိုင္တယ္ဆိုၿပီး မ်ိဳးေက်ာ္လင္းကုမၸဏီက က်ဴးေက်ာ္မႈ၊ အက်ိဳးဖ်က္ဆီးမႈ၊ မီးရႈိ႕မႈေတြနဲ႔ တရားစြဲဆိုခဲ့တဲ့အေပၚ ေလးမ်က္ႏွာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာနက ဘက္လိုက္ပါဝင္ပ ပတ္သက္မႈေတြရွိခဲ့တယ္ဆိုၿပီးဆႏၵေဖာ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

တရားစြဲခံရတဲ့ ၁၀ တန္းေက်ာင္းသား ေမာင္ကိုကိုႏိုင္က "က်ေနာ္တို႔ေျမေတြကို အစိုးရကျပန္ေပးတဲ့စာေတြ ထြက္ထားတာရွိလို႔ ဝင္ေရာက္လုပ္ကိုင္တာကို တရားစြဲခံရတာပါ။ အခုေတာ့ ေက်ာင္းတက္ရက္လည္း ႐ုံးခ်ိန္းရွိရင္ေက်ာင္းပ်က္ၿပီး တရား႐ုံးလာရပါတယ္။ မၾကာခင္စာေမးပြဲေတြလည္း ေျဖရတဲ့အခ်ိန္ဆိုရင္ ႐ုံးခ်ိန္းေတြဆိုရင္သားမွာ အရမ္းဒုကၡေရာက္မွာပါ သားကေတာ့ေအးေဆးေက်ာင္းပဲ တက္ခ်င္ပါတယ္"လို႔ ေျပာပါတယ္။

ဝက္ကုန္းေက်း႐ြာအုပ္စု အပါအဝင္အနီးအနားေက်း႐ြာေတြနားက ေထာင္နဲ႔ခ်ီတဲ့ ေျမေတြေပၚမွာ မ်ိဳးေက်ာ္လင္းကုမၸဏီက ကြၽန္းပင္နဲ႔ ရာဘာပင္ေတြ စီမံကိန္းနဲ႔ စိုက္ပ်ိဳးေနတာပါ။

ဒီလိုစိုက္ပ်ိဳးရာမွာ ေဒသခံေတြရဲ႕ ေျမေတြပါဝင္တယ္ဆိုတဲ့ အျငင္းပြားမႈ ျဖစ္ပြားေနကာ ကုမၸဏီနဲ႔ေဒသခံေတြအၾကား ႏွစ္ဖက္တရားစြဲဆိုမႈေတြ မၾကာခဏျဖစ္ေပၚေနတာလို႔ ေလးမ်က္ႏွာၿမိဳ႕နယ္ အမွတ္ ၂ တိုင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးသန္းက ေျပာပါတယ္။

ဆႏၵေဖာ္ထုတ္သူေတြက ေျမယာလုပ္ပိုင္ခြင့္တရားဝင္ရရွိေရး၊ ဥပေဒမဲ့ေျမယာရရွိေနသည့္ ကုမၸဏီလုပ္ငန္းရွင္ေတြအလိုမရွိ၊ ေဒသခံေတာင္သူေတြကို တရားစြဲဆိုမႈ ခ်က္ခ်င္းရပ္ စတဲ့ ပိုစတာေတြကိုင္ေဆာင္ေႂကြးေၾကာ္ၿပီး ေလးမ်က္ႏွာၿမိဳ႕အႏွံ လွည့္လည္ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။
သတင္း- ျမမင္းဦး(ပုသိမ္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013