DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ထောင်အတွင်း ကရင်နီလူငယ်များကို လူ့အခွင့်အရေးကော်မရှင်တွေ့ဆုံ
DVB
·
September 27, 2019
လွိုင်ကော်ထောင်အတွင်း ကရင်နီလူငယ်များကို လူ့အခွင့်အရေးကော်မရှင်တွေ့ဆုံ
1 / 2
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ကရင်နီလူငယ်တွေနဲ့ တောင်သူတွေအပါအဝင် လွိုင်ကော်အကျဉ်း ထောင်တွင်းက အကျဉ်းသားတွေကို မြန်မာနိုင်ငံအမျိုးသား လူအခွင့်အရေး ကော်မရှင်က မနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ကရင်နီလူငယ်တွေက သူတို့အနေနဲ့ ထောင်တွင်းမှာ တောင်သူတွေ အတွက် တောင်းဆိုမှုတွေလုပ်တာကြောင့် ထောင်တွင်းတိုက်ထဲပိတ်ခံရတဲ့အကြောင်း ပြောပြခဲ့တယ်လို့ ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

“အဓိကကတော့ သူတို့ဘာကြောင့်အဖမ်းခံရတာလဲဆိုတာ နံပါတ် ၁ ရှင်းပြတာပေါ့လေ။ သူတို့က ပြည်နယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးကို ဝေဖန်ပုတ်ခတ်တဲ့ကြေညာချက်တွေထုတ်လို့ ဖမ်းထား တာပေါ့။ အဲဒါက တခုပေါ့။ ဒါက သူတို့အဓိကမပြောပါဘူး။ အဓိကပြောတာကတော့ ဒီထဲမှာ ရောက်နေတဲ့ လယ်သမား လေးငါးခြောက်ယောက်ရှိပါတယ်။ သူတို့က သူတို့ရဲ့လယ်မြေကို အစိုးရက သိမ်းလို့သူတို့မှာ လုပ်စရာလယ်မရှိလို ဆန္ဒပြတဲ့ လယ်သမားတွေပေါ့လေ။ အဲဒီ လယ်သားတွေကို ရာဇဝတ်သားတွေနဲ့ အတူတူထားတာကို မထားဖို့ သူတို့က ထောင်ထဲမှာ တောင်းဆိုတာ။ လယ်သမားတွေအတွက် သူတို့က တောင်းဆိုပေးတာပေါ့လေ။ အဲဒါကြောင့် သူတို့ကို တိုက်ထဲမှာ တံခါးပိတ်ထားတာပေါ့။ နောက်ပြီးတော့ ဧည့်တွေ့ခွင့်၊ ထောင်ဝင်စာ တွေ့ဆုံခွင့်ပိတ်တယ်ပေါ့။ ဒါတွေကို သူတို့တင်ပြပါတယ်။ ကျနော်တို့ကလည်း သူတို့နဲ့တွေ့ပြီးတော့ ဒါတွေကို ထောင်တာဝန်ရှိသူပုဂ္ဂိုလ်တွေကို ကျနော်တို့ဆွေးနွေးပေးမယ်။ ညှိနှိုင်းပေးမယ်လို့သူတို့ကို ပြောခဲ့တာပေါ့လေ။ ” 

လယ်သမားတွေကို ရာဇဝတ်သားတွေနဲ့အတူ မထားဖို့ကိစ္စကိုလည်း ထောင်တာဝန်ခံတွေကို မေတ္တာရပ်ခံမှာဖြစ်လို့ ထောင်တွင်းထပ်ပြီး ဆူဆူပူပူမလုပ်ဖို့ လူငယ်တွေကို မေတ္တာရပ်ခံခဲ့တယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် ထောင်တွင်းတရားရင်ဆိုင်နေရတဲ့ ကယားပြည်နယ်က တောင်သူတွေနဲ့လည်း သီးသန့်တွေ့ဆုံပြီး သူတို့အခြေအနေတွေကို လေ့လာမေးမြန်းခဲ့တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။ 

“လယ်သမား ၆ ယောက်အုပ်စု၊ ၄ ယောက်အုပ်စု၊ သူတို့နဲ့လည်း ကျနော် သီးသန့်တွေ့ပါ တယ်။ လယ်သမားတွေရဲ့ အခြေအနေတွေကိုလည်း ကျနော်တို့က လေ့လာမေးမြန်းခဲ့တာပေါ့။ တင်ပြသင့်တင်ပြထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီလယ်သမားတွေရဲ့အခက်အခဲတွေကို ဆက်ပြီးတော့ တင်ပြပေးမှာပေါ့လေ။”

ထောင်တွင်းမှာတော့ ထောင်ဏာပိုင်တွေက အပြောအဆို ကြမ်းတမ်းတာကလွဲလို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နဲ့ ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်တဲ့ ကြည့်ရှုစစ်ဆေးရေးအဖွဲ့ဟာ လွိုင်ကော်အကျဉ်းထောင်အပြင် လွိုင်ကော်မြို့မရဲစခန်း၊ ဒီးမော့ဆိုမြို့မရဲစခန်း အချုပ်ခန်းနဲ့ လွိုင်ကော်ခရိုင်အချုပ်ခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီလိုလေ့လာတဲ့အခါမှာ တချို့အချုပ်ခန်းတွေဟာ ကျဉ်မြောင်းမှုတွေရှိလို့အထက်ကို တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

“ခရိုင်တရားရုံးအချုပ်ခန်းကတော့ အလွန်တရာမှ ကျဉ်းတာပေါ့နော်။ အဲဒါလေးတွေကို နည်းနည်းပြုပြင်ဖို့တော့ ပြောရမှာပေါ့နော်။ ဒီးမော့ဆိုမြို့မ အချုပ်ခန်းကလည်း သိပ်အဆင်မပြေ လှဘူး။ ”

ဒီလို အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေကို သွားရောက်စစ်ဆေးခဲ့ရာမှာလည်း  အကျဉ်းသား တွေအတွက် တရားဓမ္မ စာအုပ်၊ ကော်ဖီမစ်နဲ့ခေါက်ဆွဲခြောက်တွေကို လူ့အခွင့်အရေး ကော်မရှင်က လှူဒါန်းခဲ့ပါတယ်။ 




လြိဳင္ေကာ္ေထာင္အတြင္း ကရင္နီလူငယ္မ်ားကို လူ႔အခြင့္အေရးေကာ္မရွင္ေတြ႕ဆုံ
ေနာ္ႏိုရင္း

ဖမ္းဆီးခံထားရတဲ့ ကရင္နီလူငယ္ေတြနဲ႔ ေတာင္သူေတြအပါအဝင္ လြိဳင္ေကာ္အက်ဥ္း ေထာင္တြင္းက အက်ဥ္းသားေတြကို ျမန္မာႏိုင္ငံအမ်ိဳးသား လူအခြင့္အေရး ေကာ္မရွင္က မေန႔က သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။

ဒီလိုေတြ႕ဆုံရာမွာ ကရင္နီလူငယ္ေတြက သူတို႔အေနနဲ႔ ေထာင္တြင္းမွာ ေတာင္သူေတြ အတြက္ ေတာင္းဆိုမႈေတြလုပ္တာေၾကာင့္ ေထာင္တြင္းတိုက္ထဲပိတ္ခံရတဲ့အေၾကာင္း ေျပာျပခဲ့တယ္လို႔ ေကာ္မရွင္မွ ေကာ္မရွင္အဖြဲ႕ဝင္ ဦးယုလြင္ေအာင္က ေျပာပါတယ္။

“အဓိကကေတာ့ သူတို႔ဘာေၾကာင့္အဖမ္းခံရတာလဲဆိုတာ နံပါတ္ ၁ ရွင္းျပတာေပါ့ေလ။ သူတို႔က ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ဝန္ႀကီးကို ေဝဖန္ပုတ္ခတ္တဲ့ေၾကညာခ်က္ေတြထုတ္လို႔ ဖမ္းထား တာေပါ့။ အဲဒါက တခုေပါ့။ ဒါက သူတို႔အဓိကမေျပာပါဘူး။ အဓိကေျပာတာကေတာ့ ဒီထဲမွာ ေရာက္ေနတဲ့ လယ္သမား ေလးငါးေျခာက္ေယာက္ရွိပါတယ္။ သူတို႔က သူတို႔ရဲ႕လယ္ေျမကို အစိုးရက သိမ္းလို႔သူတို႔မွာ လုပ္စရာလယ္မရွိလို ဆႏၵျပတဲ့ လယ္သမားေတြေပါ့ေလ။ အဲဒီ လယ္သားေတြကို ရာဇဝတ္သားေတြနဲ႔ အတူတူထားတာကို မထားဖို႔ သူတို႔က ေထာင္ထဲမွာ ေတာင္းဆိုတာ။ လယ္သမားေတြအတြက္ သူတို႔က ေတာင္းဆိုေပးတာေပါ့ေလ။ အဲဒါေၾကာင့္ သူတို႔ကို တိုက္ထဲမွာ တံခါးပိတ္ထားတာေပါ့။ ေနာက္ၿပီးေတာ့ ဧည့္ေတြ႕ခြင့္၊ ေထာင္ဝင္စာ ေတြ႕ဆုံခြင့္ပိတ္တယ္ေပါ့။ ဒါေတြကို သူတို႔တင္ျပပါတယ္။ က်ေနာ္တို႔ကလည္း သူတို႔နဲ႔ေတြ႕ၿပီးေတာ့ ဒါေတြကို ေထာင္တာဝန္ရွိသူပုဂၢိဳလ္ေတြကို က်ေနာ္တို႔ေဆြးေႏြးေပးမယ္။ ညႇိႏႈိင္းေပးမယ္လို႔သူတို႔ကို ေျပာခဲ့တာေပါ့ေလ။ ”

လယ္သမားေတြကို ရာဇဝတ္သားေတြနဲ႔အတူ မထားဖို႔ကိစၥကိုလည္း ေထာင္တာဝန္ခံေတြကို ေမတၱာရပ္ခံမွာျဖစ္လို႔ ေထာင္တြင္းထပ္ၿပီး ဆူဆူပူပူမလုပ္ဖို႔ လူငယ္ေတြကို ေမတၱာရပ္ခံခဲ့တယ္လို႔ လည္း ေျပာပါတယ္။

ဒါ့အျပင္ ေထာင္တြင္းတရားရင္ဆိုင္ေနရတဲ့ ကယားျပည္နယ္က ေတာင္သူေတြနဲ႔လည္း သီးသန႔္ေတြ႕ဆုံၿပီး သူတို႔အေျခအေနေတြကို ေလ့လာေမးျမန္းခဲ့တယ္လို႔ ဦးယုလြင္ေအာင္က ေျပာပါတယ္။

“လယ္သမား ၆ ေယာက္အုပ္စု၊ ၄ ေယာက္အုပ္စု၊ သူတို႔နဲ႔လည္း က်ေနာ္ သီးသန႔္ေတြ႕ပါ တယ္။ လယ္သမားေတြရဲ႕ အေျခအေနေတြကိုလည္း က်ေနာ္တို႔က ေလ့လာေမးျမန္းခဲ့တာေပါ့။ တင္ျပသင့္တင္ျပထိုက္တဲ့ ပုဂၢိဳလ္ေတြကိုလည္း ဒီလယ္သမားေတြရဲ႕အခက္အခဲေတြကို ဆက္ၿပီးေတာ့ တင္ျပေပးမွာေပါ့ေလ။”

ေထာင္တြင္းမွာေတာ့ ေထာင္ဏာပိုင္ေတြက အေျပာအဆို ၾကမ္းတမ္းတာကလြဲလို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ သိပ္မရွိဘူးလို႔လည္း ဆိုပါတယ္။

ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္အဖြဲ႕ဝင္ ဦးယုလြင္ေအာင္နဲ႔ ေဒါက္တာျမင့္ၾကည္တို႔ ဦးေဆာင္တဲ့ ၾကည့္ရႈစစ္ေဆးေရးအဖြဲ႕ဟာ လြိဳင္ေကာ္အက်ဥ္းေထာင္အျပင္ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္း၊ ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းနဲ႔ လြိဳင္ေကာ္ခ႐ိုင္အခ်ဳပ္ခန္းေတြကို သြားေရာက္ေလ့လာခဲ့ပါတယ္။

ဒီလိုေလ့လာတဲ့အခါမွာ တခ်ိဳ႕အခ်ဳပ္ခန္းေတြဟာ က်ဥ္ေျမာင္းမႈေတြရွိလို႔အထက္ကို တင္ျပသြားမယ္လို႔လည္း ေျပာပါတယ္။

“ခ႐ိုင္တရား႐ုံးအခ်ဳပ္ခန္းကေတာ့ အလြန္တရာမွ က်ဥ္းတာေပါ့ေနာ္။ အဲဒါေလးေတြကို နည္းနည္းျပဳျပင္ဖို႔ေတာ့ ေျပာရမွာေပါ့ေနာ္။ ဒီးေမာ့ဆိုၿမိဳ႕မ အခ်ဳပ္ခန္းကလည္း သိပ္အဆင္မေျပ လွဘူး။ ”

ဒီလို အက်ဥ္းေထာင္နဲ႔ အခ်ဳပ္ခန္းေတြကို သြားေရာက္စစ္ေဆးခဲ့ရာမွာလည္း အက်ဥ္းသား ေတြအတြက္ တရားဓမၼ စာအုပ္၊ ေကာ္ဖီမစ္နဲ႔ေခါက္ဆြဲေျခာက္ေတြကို လူ႔အခြင့္အေရး ေကာ္မရွင္က လႉဒါန္းခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013