DVB Logo
Home
မြန်မာသတင်း
Mister Global 2019 ပြိုင်ပွဲမှာ ဂဠုန်ငှက်မင်းဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့သည့် သီဟကျော်(ဓာတ်ပုံ)
DVB
·
September 27, 2019
Mister Global 2019 ပြိုင်ပွဲမှာ ဂဠုန်ငှက်မင်းဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့သည့် သီဟကျော်(ဓာတ်ပုံ)
1 / 6
Donate to DVB

မနေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Mister Global 2019 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမောင်တဦးအနေနဲ့ သီဟကျော်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ နိုင်ငံတကာမှ အလှမောင် ၃၈ ဦး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Winner ဆု ကိုတော့ ကိုရီးယားနိုင်ငံသား အလှမောင် ဂျောင်ဝူးကင်မ်က ရရှိသွားခဲ့တာပါ။

First Runner up ဆုကိုတော့ တူနီးရှားနိုင်ငံသား အလှမောင်က ရရှိခဲ့ပြီး Second Runner Up ဆု ကိုတော့ စပိန်နိုင်ငံသား အလှမောင်တို့က ရရှိခဲ့ကြတာ ဖြစ်ပါ တယ်။

Mister Global 2019 အလှမောင်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး အခုနှစ်ကတော့ ၆ ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ကာ အဲဒီနှစ်မှာပဲ မြန်မာနိုင်ငံမှ အလှမောင် မြတ်သူရလွင်က Winner ဆုကို ရရှိခဲ့တာပါ။

အခုနှစ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သီဟကျော် ကတော့ ရိုးရာဂဠုန်ငှက်မင်းဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဆုရရှိခြင်းတော့ မရှိခဲ့ပါဘူး။




Mister Global 2019 ၿပိဳင္ပြဲမွာ ဂဠဳန္ငွက္မင္းဝတ္စုံျဖင့္ ယွဥ္ၿပိဳင္ခဲ့သည့္ သီဟေက်ာ္(ဓာတ္ပုံ)
DVB

မေန႔ညက ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ Mister Global 2019 ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ အလွေမာင္တဦးအေနနဲ႔ သီဟေက်ာ္က ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ဒီၿပိဳင္ပြဲမွာ ႏိုင္ငံတကာမွ အလွေမာင္ ၃၈ ဦး ယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ၿပီး Winner ဆု ကိုေတာ့ ကိုရီးယားႏိုင္ငံသား အလွေမာင္ ေဂ်ာင္ဝူးကင္မ္က ရရွိသြားခဲ့တာပါ။

First Runner up ဆုကိုေတာ့ တူနီးရွားႏိုင္ငံသား အလွေမာင္က ရရွိခဲ့ၿပီး Second Runner Up ဆု ကိုေတာ့ စပိန္ႏိုင္ငံသား အလွေမာင္တို႔က ရရွိခဲ့ၾကတာ ျဖစ္ပါ တယ္။

Mister Global 2019 အလွေမာင္ၿပိဳင္ပြဲကို ၂၀၁၄ ခုႏွစ္က စတင္က်င္းပခဲ့တာ ျဖစ္ၿပီး အခုႏွစ္ကေတာ့ ၆ ႀကိမ္ေျမာက္ ရွိလာခဲ့ၿပီျဖစ္ကာ အဲဒီႏွစ္မွာပဲ ျမန္မာႏိုင္ငံမွ အလွေမာင္ ျမတ္သူရလြင္က Winner ဆုကို ရရွိခဲ့တာပါ။

အခုႏွစ္မွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ သီဟေက်ာ္ ကေတာ့ ႐ိုးရာဂဠဳန္ငွက္မင္းဝတ္စုံနဲ႔ ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ၿပီး ဆုရရွိျခင္းေတာ့ မရွိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013