DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားအခွင့်အရေးတန်းတူရရှိရေး ကရင်လူငယ်များကြွေးကြော်ဆန္ဒထုတ်ဖော်
DVB
·
September 27, 2019
တိုင်းရင်းသားအခွင့်အရေးတန်းတူရရှိရေး ကရင်လူငယ်များကြွေးကြော်ဆန္ဒထုတ်ဖော်
1 / 13
Donate to DVB

ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ်တွေကို ဒီကနေ့ ကျောက်တံတားမြို့နယ်တရားရုံး ရုံးချိန်းမှာ ကရင်တိုင်းရင်းသားလူငယ်တွေ လာရောက်ဝန်းရံခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးတန်းတူရရှိရေး ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှနဲ့  ကရင်လူငယ် လှစောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ဟာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဩဂုတ် ၁၂ က  (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားဦးဆောင် ကျင်းပခဲ့လို့ ငြိမ်းစုစီပုဒ်မ ၂၀နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ် နှစ်ဦးကို ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမယ့် အောက်တိုဘာ ၂ရက်နေ့  အမိန့်ချဖို့ ချိန်းဆိုခဲ့တာပါ။

ဒေါ်နော်အုန်းလှကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းက အလုံမြို့နယ်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကရင်အာဇာနည်နေ့လို့ မသုံးစွဲဖို့ သက်ဆိုင်ရာက အကြောင်းကြားပေမယ့် လိုက်နာခြင်းမရှိတဲ့ အတွက် အခုလို တရားစွဲဆိုတာလို့ သိရပါတယ်။

ကရင့်ခေါင်းဆောင် စောဘဦးကြီး အပါအဝင် ကရင်အမျိုးသားခေါင်းဆောင်တချို့ ကျဆုံးတဲ့ ၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်ကို ကရင်အာဇာနည်နေ့အနေနဲ့ အစွဲပြုပြီး ကရင်တိုင်းရင်းသားတွေက အခမ်းအနားတွေ နှစ်စဉ်ကျင်းပကြတာပါ။

Photo - Sa Yarzar Aung / MPA 




တိုင္းရင္းသားအခြင့္အေရးတန္းတူရရွိေရး ကရင္လူငယ္မ်ားေႂကြးေၾကာ္ဆႏၵထုတ္ေဖာ္
အာကာ
ကရင့္အာဇာနည္ေန႔ အခမ္းအနားက်င္းပခဲ့လို႔ ဖမ္းဆီးခံထားရတဲ့ ေဒၚေနာ္အုန္းလွနဲ႔ ကရင္လူငယ္ေတြကို ဒီကေန႔ ေက်ာက္တံတားၿမိဳ႕နယ္တရား႐ုံး ႐ုံးခ်ိန္းမွာ ကရင္တိုင္းရင္းသားလူငယ္ေတြ လာေရာက္ဝန္းရံခဲ့ၿပီး တိုင္းရင္းသားအခြင့္အေရးတန္းတူရရွိေရး ေႂကြးေၾကာ္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ကရင္အမ်ိဳးသမီး အစည္းအ႐ုံးဥကၠ႒ ေဒၚေနာ္အုံးလွနဲ႔ ကရင္လူငယ္ လွေစာအဲလ္ဘတ္ခ်ိဳ၊ စသိန္းေဇာ္မင္းတို႔ဟာ ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ဩဂုတ္ ၁၂ က (၆၉)ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနားဦးေဆာင္ က်င္းပခဲ့လို႔ ၿငိမ္းစုစီပုဒ္မ ၂၀နဲ႔ တရားစြဲဆိုခံခဲ့ရတာပါ။

ေဒၚေနာ္အုန္းလွနဲ႔ ကရင္လူငယ္ ႏွစ္ဦးကို ဒီေန႔ စက္တင္ဘာ ၂၇ ရက္ေန႔က ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး လာမယ့္ ေအာက္တိုဘာ ၂ရက္ေန႔ အမိန႔္ခ်ဖို႔ ခ်ိန္းဆိုခဲ့တာပါ။

ေဒၚေနာ္အုန္းလွကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၉ ရက္ေန႔ ညပိုင္းက အလုံၿမိဳ႕နယ္မွာ အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာျဖစ္ၿပီး ကရင္အာဇာနည္ေန႔လို႔ မသုံးစြဲဖို႔ သက္ဆိုင္ရာက အေၾကာင္းၾကားေပမယ့္ လိုက္နာျခင္းမရွိတဲ့ အတြက္ အခုလို တရားစြဲဆိုတာလို႔ သိရပါတယ္။

ကရင့္ေခါင္းေဆာင္ ေစာဘဦးႀကီး အပါအဝင္ ကရင္အမ်ိဳးသားေခါင္းေဆာင္တခ်ိဳ႕ က်ဆုံးတဲ့ ၁၉၅၀ ျပည့္ႏွစ္ ၾသဂုတ္ ၁၂ ရက္ကို ကရင္အာဇာနည္ေန႔အေနနဲ႔ အစြဲျပဳၿပီး ကရင္တိုင္းရင္းသားေတြက အခမ္းအနားေတြ ႏွစ္စဥ္က်င္းပၾကတာပါ။
Photo - Sa Yarzar Aung / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013