DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
September 27, 2019
ဖားကန့်မြို့နယ်တွင် မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စိတ်ကြွဆေးပြား ၇၈၆၀၀ ပြားနဲ့ ဘိန်းဖြူ ၀.၁၇ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ည ၇ နာရီကျော်လောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာနေ မအေးနွေး (ခ) ပလောင်မ ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

နေအိမ်မီးဖိုဆောင်အတွင်းရှိ ဆာလာအိတ်ထဲမှ တံဆိပ်မပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၈၆၀၀ ပြားနဲ့ အိပ်ခန်းအတွင်းရှိ ဆာလာအိတ်ထဲမှ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၀.၁၇ ကီလို၊ ဖုန်း ၁ လုံးတို့နဲ့အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။

မအေးနွေး(ခ)ပလောင်မ(ဖမ်းမိ)အား ဖားကန့်မြို့မရဲစခန်းက မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။




ဖားကန႔္ၿမိဳ႕နယ္တြင္ မူးယစ္ေဆးမ်ား ဖမ္းမိ
DVB
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပား ၇၈၆၀၀ ျပားနဲ႔ ဘိန္းျဖဴ ၀.၁၇ ကီလို ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၂၆ ရက္ေန႔ ည ၇ နာရီေက်ာ္ေလာက္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ ဖားကန႔္ၿမိဳ႕နယ္၊ ေမွာ္ရွန္ေက်း႐ြာေန မေအးေႏြး (ခ) ပေလာင္မ ရဲ႕ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာကေန ဖမ္းဆီးမိခဲ့တာလို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

ေနအိမ္မီးဖိုေဆာင္အတြင္းရွိ ဆာလာအိတ္ထဲမွ တံဆိပ္မပါ ပန္းေရာင္စိတ္ႂကြေဆးျပား ၇၈၆၀၀ ျပားနဲ႔ အိပ္ခန္းအတြင္းရွိ ဆာလာအိတ္ထဲမွ ဆပ္ျပာခြက္ေတြနဲ႔ ထည့္ထားတဲ့ ဘိန္းျဖဴ ၀.၁၇ ကီလို၊ ဖုန္း ၁ လုံးတို႔နဲ႔အတူ ေတြ႕ရွိသိမ္းဆည္းရမိခဲ့တာပါ။

မေအးေႏြး(ခ)ပေလာင္မ(ဖမ္းမိ)အား ဖားကန႔္ၿမိဳ႕မရဲစခန္းက မူး/စိတ္ပုဒ္မ ၁၉(က)/ ၂၀(က) နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013