DVB Logo
Home
မြန်မာသတင်း
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အဆင့်မြှင့်တင်ရေး ၅ နှစ်စီမံကိန်း စတင်
DVB
·
September 27, 2019
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အဆင့်မြှင့်တင်ရေး ၅ နှစ်စီမံကိန်း စတင်
1 / 5
Donate to DVB

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနဲ့ ဥရောပသမဂ္ဂ ကို ပူးပေါင်းပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အဆင့်မြှင့်တင်တဲ့ လုပ်ငန်းကို အခုနှစ်ကစပြီး ၅ နှစ်စီမံကိန်းအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)ကိုလည်း ပြန်လည်ပြုပြင်တာ တွေပါ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန အဆင့်မြှင့်တင်ရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားမှာ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါအသွင် ဖြစ်ပွားတဲ့ရောဂါတွေ၊ ကူးစက်ရောဂါ နဲ့ အသစ်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေကို ဓာတ်ခွဲစမ်းသပ်မှု လိုအပ်တဲ့အချိန်မှာ အိန္ဒိယနိုင်ငံနဲ့ ဂျပန်နိုင်ငံကို ပို့ဆောင်ပြီး စမ်းသပ်စစ်ဆေးနေရတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီစီမံကိန်းအဆင့်မြှင့်တင်ရေးလုပ်ငန်း ပြီးစီးသွားမယ်ဆိုရင် Bio safetly level 3 အဆင့်ရှိ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းဖြစ်လာပြီး ကူးစက်ရောဂါတွေ ကြိုတင်ကာကွယ်တာ တွေ၊ စောင့်ကြပ်ကြည့်ရှုတာတွေ၊ ရောဂါအတည်ပြုသတ်မှတ်တာတွေနဲ့ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်တာတွေကို လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ချေးငွေ ယူရို ၂၂ သန်းနဲ့ ဥရောပသမဂ္ဂက ယူရို ၅ သန်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။




အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန အဆင့္ျမႇင့္တင္ေရး ၅ ႏွစ္စီမံကိန္း စတင္
သူဇာလင္း

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီနဲ႔ ဥေရာပသမဂၢ ကို ပူးေပါင္းၿပီး အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန အဆင့္ျမႇင့္တင္တဲ့ လုပ္ငန္းကို အခုႏွစ္ကစၿပီး ၅ ႏွစ္စီမံကိန္းအျဖစ္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(မႏၲေလး)ကိုလည္း ျပန္လည္ျပဳျပင္တာ ေတြပါ လုပ္ေဆာင္သြားမယ္လို႔ စက္တင္ဘာလ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Park Royal ဟိုတယ္မွာ က်င္းပတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန အဆင့္ျမႇင့္တင္ေရးစီမံကိန္း ဖြင့္ပြဲအခမ္းအနားမွာ တာဝန္ရွိသူေတြက ေျပာပါတယ္။

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ကပ္ေရာဂါအသြင္ ျဖစ္ပြားတဲ့ေရာဂါေတြ၊ ကူးစက္ေရာဂါ နဲ႔ အသစ္ျဖစ္ပြားတဲ့ ကူးစက္ေရာဂါေတြကို ဓာတ္ခြဲစမ္းသပ္မႈ လိုအပ္တဲ့အခ်ိန္မွာ အိႏၵိယႏိုင္ငံနဲ႔ ဂ်ပန္ႏိုင္ငံကို ပို႔ေဆာင္ၿပီး စမ္းသပ္စစ္ေဆးေနရတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီစီမံကိန္းအဆင့္ျမႇင့္တင္ေရးလုပ္ငန္း ၿပီးစီးသြားမယ္ဆိုရင္ Bio safetly level 3 အဆင့္ရွိ ႏိုင္ငံတကာအဆင့္မီ ဓာတ္ခြဲခန္းျဖစ္လာၿပီး ကူးစက္ေရာဂါေတြ ႀကိဳတင္ကာကြယ္တာ ေတြ၊ ေစာင့္ၾကပ္ၾကည့္ရႈတာေတြ၊ ေရာဂါအတည္ျပဳသတ္မွတ္တာေတြနဲ႔ ကူးစက္ေရာဂါကာကြယ္ ထိန္းခ်ဳပ္တာေတြကို လုပ္ေဆာင္ႏိုင္မယ္လို႔ ဆိုပါတယ္။

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန အဆင့္ျမႇင့္တင္ေရးစီမံကိန္းအတြက္ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီက ေခ်းေငြ ယူ႐ို ၂၂ သန္းနဲ႔ ဥေရာပသမဂၢက ယူ႐ို ၅ သန္း ေထာက္ပံ့ေပးထားတယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013