DVB Logo
Home
မြန်မာသတင်း
ကန္တာရဝတီတိုင်း(မ်) တိုင်းရင်းသားဂျာနယ် ပြည်တွင်းတွင် တရားဝင်ထုတ်ခွင့်ရ
DVB
·
December 31, 2012
ကန္တာရဝတီတိုင်း(မ်) တိုင်းရင်းသားဂျာနယ် ပြည်တွင်းတွင် တရားဝင်ထုတ်ခွင့်ရ
Donate to DVB

ကယား-မြန်မာ နှစ်ဘာသာနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ထုတ်ဝေနေတဲ့ ကန္တာရဝတီတိုင်း (မ်) ဂျာနယ်ကို မြန်မာပြည်အတွင်း တရားဝင်ဖြန့်ချိခွင့် အစိုးရက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ကန္တာရ၀တီတိုင်းမ်ဂျာနယ်ကို ထိုင်း-မြန်မာနယ်စပ်မှာ ထုတ်ဝေနေတာ ၈ နှစ်ရှိပြီဖြစ်ပြီး ပြည်တွင်းမှာတော့ လျှို့ဝှက် ဖြန့်ချိနေရာက အခု တရားဝင် ဖြစ်တာပါ။

ကန္တာရဝတီတိုင်း (မ်) သတင်းဌာနနဲ့ ကန္တာရ၀တီတိုင်းမ် ဂျာနယ်ကို ကယားပြည်နယ်ထဲက သတင်းတွေ ဖြန့်ချိရေး ယာယီမှတ်ပုံတင် ခွင့်ပြုချက်အမှတ် ၁၆၈၂ နဲ့ ရရှိခဲ့တာပါ။

ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနကို ထိုင်း-မြန်မာနယ်စပ် ကရင်နီ လူမှုအသိုင်းအ၀ိုင်းကြားက လူငယ် ၇ ယောက်နဲ့ ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကရင်နီနယ်တလွှားက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး သတင်းတွေကို  စုဆောင်း ရိုက်ကူး ရေးသား တင်ပြနေတာ ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ဂျာနယ်တိုက်ကို ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာမှာ ထားရှိပြီး စာစောင်ကိုတော့ တလတကြိမ် ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013