DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှနှင့် လူငယ်၂ ဦးကို ရုံးထုတ်စစ်ဆေးစဉ် ရာနှင့်ချီသည့် ကရင်လူထုသွားရောက်ဝန်းရံ
DVB
·
September 27, 2019
နော်အုန်းလှနှင့် လူငယ်၂ ဦးကို ရုံးထုတ်စစ်ဆေးစဉ် ရာနှင့်ချီသည့် ကရင်လူထုသွားရောက်ဝန်းရံ
1 / 4
Donate to DVB

ကရင်အာဇာနည်နေ့ကျင်းပခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရတဲ့ ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှနဲ့ ကရင်လူငယ်တွေဖြစ်ကြတဲ့ လှစော အဲလ်ဘတ်ချိုနဲ့ စသိန်းဇော်မင်းတို့ကို ဒီကနေ့  ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ စစ်ဆေးဖို့ ရှိပေမယ့် ကရင်အာဇာနည်နေ့အခမ်းနားကို  ဥပဒေနဲ့အညီ ပြုလုပ်ခဲ့တာဖြစ်သလို ဥပဒေမဲ့ဖိနှိပ်တရားစွဲဆိုတာဖြစ်လို့ အစစ်မခံခဲ့ဘူးလို့ တရားစွဲဆိုခံရသူ စောလဲလ်ဘတ်ချိုကပြောပါတယ်။

 “ဒီနေ့က ကျနော်တို့ကို စစ်မယ်ပေါ့။ ဒါပေမယ့် ကျနော်တို့က မှန်တာလုပ်လို့ အစစ်မခံဘူး။ အဲ့တော့ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ အမိန့်ချမယ်တဲ့။” 

ဒါ့ကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး  မြို့နယ်တရားသူကြီးက လာမယ့် အောက်တိုဘာ ၂  ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာ ဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးထုတ်မှာ အနယ်နယ်အရပ်ရပ်က ကရင်လူထုတွေ လာရောက်ဝန်းရံခဲ့ကြသလို ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မီတီဝင် ပဒိုမန်းငြိမ်းမောင်လည်း သွားရောက်ဝန်ရံခဲ့ပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှနဲ့ ကရင်လူငယ်တွေဖြစ်ကြတဲ့ လှစော အဲလ်ဘတ်ချိုနဲ့ စသိန်းဇော်မင်းတို့ဟာ  ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ ဩဂုတ် ၁၂ က တခြား ကရင်တိုင်းရင်းသား တွေနဲ့အတူ စုပေါင်းပြီး (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပြီးနောက် ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

========================

ေနာ္အုန္းလွႏွင့္ လူငယ္၂ ဦးကို ႐ုံးထုတ္စစ္ေဆးစဥ္ ရာႏွင့္ခ်ီသည့္ ကရင္လူထုသြားေရာက္ဝန္းရံ

ေနာ္ႏိုရင္း

ကရင္အာဇာနည္ေန႔က်င္းပခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး တရားစြဲဆိုခံရတဲ့ ကရင္အမ်ိဳးသမီးအစည္းအ႐ုံးဥကၠ႒ ေဒၚေနာ္အုံးလွနဲ႔ ကရင္လူငယ္ေတြျဖစ္ၾကတဲ့ လွေစာ အဲလ္ဘတ္ခ်ိဳနဲ႔ စသိန္းေဇာ္မင္းတို႔ကို ဒီကေန႔  ေက်ာက္တံတားၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ပါတယ္။

ဒီကေန႔ ႐ုံးထုတ္မွာ စစ္ေဆးဖို႔ ရွိေပမယ့္ ကရင္အာဇာနည္ေန႔အခမ္းနားကို  ဥပေဒနဲ႔အညီ ျပဳလုပ္ခဲ့တာျဖစ္သလို ဥပေဒမဲ့ဖိႏွိပ္တရားစြဲဆိုတာျဖစ္လို႔ အစစ္မခံခဲ့ဘူးလို႔ တရားစြဲဆိုခံရသူ ေစာလဲလ္ဘတ္ခ်ိဳကေျပာပါတယ္။

“ဒီေန႔က က်ေနာ္တို႔ကို စစ္မယ္ေပါ့။ ဒါေပမယ့္ က်ေနာ္တို႔က မွန္တာလုပ္လို႔ အစစ္မခံဘူး။ အဲ့ေတာ့ ေနာက္တစ္ပတ္ ဗုဒၶဟူးေန႔ အမိန႔္ခ်မယ္တဲ့။”

ဒါ့ေၾကာင့္ ဒီအမႈနဲ႔ ပတ္သက္ၿပီး  ၿမိဳ႕နယ္တရားသူႀကီးက လာမယ့္ ေအာက္တိုဘာ ၂  ရက္ေန႔မွာ အၿပီးသတ္အမိန႔္ခ်မွာ ျဖစ္ပါတယ္။

ဒီကေန႔ တရား႐ုံးထုတ္မွာ အနယ္နယ္အရပ္ရပ္က ကရင္လူထုေတြ လာေရာက္ဝန္းရံခဲ့ၾကသလို ကရင္အမ်ိဳးသားအစည္းအ႐ုံး ဗဟိုေကာ္မီတီဝင္ ပဒိုမန္းၿငိမ္းေမာင္လည္း သြားေရာက္ဝန္ရံခဲ့ပါတယ္။

ကရင္အမ်ိဳးသမီးအစည္းအ႐ုံးဥကၠ႒ ေဒၚေနာ္အုံးလွနဲ႔ ကရင္လူငယ္ေတြျဖစ္ၾကတဲ့ လွေစာ အဲလ္ဘတ္ခ်ိဳနဲ႔ စသိန္းေဇာ္မင္းတို႔ဟာ  ရန္ကုန္ၿမိဳ႕လယ္ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ဩဂုတ္ ၁၂ က တျခား ကရင္တိုင္းရင္းသား ေတြနဲ႔အတူ စုေပါင္းၿပီး (၆၉)ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပခဲ့ၿပီးေနာက္ ၿငိမ္းစုစီ ဥပေဒနဲ႔ တရားစြဲဆိုခံခဲ့ရတာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013