DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားဖခင်နှင့်ရှေ့နေအပါအဝင် ၆ ဦးကို ကျောင်းကြီးကြပ်ရေးမှူးက အမှုဖွင့်
DVB
·
September 27, 2019
ဗစ်တိုးရီးယားဖခင်နှင့်ရှေ့နေအပါအဝင် ၆ ဦးကို ကျောင်းကြီးကြပ်ရေးမှူးက အမှုဖွင့်
Donate to DVB

ဗစ်တိုးရီးယားရဲ့ ရှေ့နေအပါအဝင် ၆ ဦးကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး  ဒေါ်ဥမ္မာလှိုင်က စက်တင်ဘာ ၂၆ ရက်နေ့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းမှာ  အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ 

ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဦးလေး၊ အဒေါ်နဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် အပါအဝင် သံသယတရားခံရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးခင်မောင်ဇော်နဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညိုတို့ကို အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်ဥမ္မာလှိုင်က သူ့ရဲ့ သား ကိုကိုနဲ့ ညီညီတို့ နှစ်ဦးရဲ့ပုံကို ဗစ်တိုးရီးယားလေးကို ပြသပြီး ဗီဒီယိုရိုက်ကူးကာ တရားရုံးကိုတင်ခဲ့တဲ့ နောက်ပိုင်း လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံခဲ့တဲ့အတွက် ကလေးငယ်တွေရဲ့ ဂုဏ်သိက္ခာထိခိုက်စေမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေမှု၊ လူ့ပတ်ဝန်းကျင်မှာ အရှက်ရစေမှု တို့အတွက် အမှုဖွင့်တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

အမှုဖွင့်တိုင်ကြားစာမှာတော့ “၁၄ .၈.၂၀၁၉ ရက်နေ့ ရုံးချိန်းမှာ တရားဥပဒေနဲ့ မညီတဲ့ သက်သေခံချက်များကို တင်သွင်းပြုလုပ်ခဲ့သဖြင့် သတင်းမီဒီယာများအား တရားလိုရှေ့နေနဲ့ တရားခံရှေ့နေတို့က ဖြေကြားမှုများကြောင့် ၎င်းသား ၂ ဦးမှာ ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲပြောဆို ထင်မြင်ခံနေရသည့်အပြင် ၎င်း အမှုတွင် ပါဝင်ဆောင်ရွက်ပေးနေသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်း မှလည်း ၁၄. ၉. ၂၀၁၉ ရက်နေ့ ညပိုင်းက စတုတ္တရုံးချိန်း ဆိုသော ခေါင်းစဉ်ဖြင့် အဆိုပါ ဗီဒီယိုဖိုင် အကြောင်း ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ခြင်းကြောင့်”လို့ ပါရှိ ပါတယ်။

ဒါကြောင့်ရဲစခန်းမှာ (ပ)၁၀၅/၂၀၁၉ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က)(၂)နဲ့ အမှုဖွင့်တိုင်ကြားထားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့ ကလည်း သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကိုလည်း ဒေါ်ဥမ္မာလှိုင်က အဲ့ဒီပုဒ်မနဲ့ပဲ  အမှုဖွင့်တိုင်ကြားထားပါသေးတယ်။




ဗစ္တိုးရီးယားဖခင္ႏွင့္ေရွ႕ေနအပါအဝင္ ၆ ဦးကို ေက်ာင္းႀကီးၾကပ္ေရးမႉးက အမႈဖြင့္
ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္)

ဗစ္တိုးရီးယားရဲ႕ ေရွ႕ေနအပါအဝင္ ၆ ဦးကို Wisdom Hill မူႀကိဳေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က စက္တင္ဘာ ၂၆ ရက္ေန႔က ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္ ပတၱာရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားလိုက္ပါတယ္။

ဗစ္တိုးရီးယားရဲ႕ ဖခင္၊ ဦးေလး၊ အေဒၚနဲ႔ အမႈမွာ လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ အပါအဝင္ သံသယတရားခံရဲ႕ ေရွ႕ေနတဦးျဖစ္တဲ့ ဦးခင္ေမာင္ေဇာ္နဲ႔ အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ သကၠမိုးညိဳတို႔ကို အမႈဖြင့္တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

ေဒၚဥမၼာလႈိင္က သူ႔ရဲ႕ သား ကိုကိုနဲ႔ ညီညီတို႔ ႏွစ္ဦးရဲ႕ပုံကို ဗစ္တိုးရီးယားေလးကို ျပသၿပီး ဗီဒီယို႐ိုက္ကူးကာ တရား႐ုံးကိုတင္ခဲ့တဲ့ ေနာက္ပိုင္း လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံခဲ့တဲ့အတြက္ ကေလးငယ္ေတြရဲ႕ ဂုဏ္သိကၡာထိခိုက္ေစမႈ၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားေစမႈ၊ လူ႔ပတ္ဝန္းက်င္မွာ အရွက္ရေစမႈ တို႔အတြက္ အမႈဖြင့္တိုင္ၾကားခဲ့တာလို႔ ဆိုပါတယ္။

အမႈဖြင့္တိုင္ၾကားစာမွာေတာ့ “၁၄ .၈.၂၀၁၉ ရက္ေန႔ ႐ုံးခ်ိန္းမွာ တရားဥပေဒနဲ႔ မညီတဲ့ သက္ေသခံခ်က္မ်ားကို တင္သြင္းျပဳလုပ္ခဲ့သျဖင့္ သတင္းမီဒီယာမ်ားအား တရားလိုေရွ႕ေနနဲ႔ တရားခံေရွ႕ေနတို႔က ေျဖၾကားမႈမ်ားေၾကာင့္ ၎သား ၂ ဦးမွာ ျပစ္မႈက်ဴးလြန္သူအျဖစ္ စြပ္စြဲေျပာဆို ထင္ျမင္ခံေနရသည့္အျပင္ ၎ အမႈတြင္ ပါဝင္ေဆာင္႐ြက္ေပးေနသူ သကၠမိုးညိဳ (ခ) ေဒါက္တာ ဝင္းကိုကိုသိန္း မွလည္း ၁၄. ၉. ၂၀၁၉ ရက္ေန႔ ညပိုင္းက စတုတၱ႐ုံးခ်ိန္း ဆိုေသာ ေခါင္းစဥ္ျဖင့္ အဆိုပါ ဗီဒီယိုဖိုင္ အေၾကာင္း ၎ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ျခင္းေၾကာင့္”လို႔ ပါရွိ ပါတယ္။

ဒါေၾကာင့္ရဲစခန္းမွာ (ပ)၁၀၅/၂၀၁၉ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁ (က)(၂)နဲ႔ အမႈဖြင့္တိုင္ၾကားထားခဲ့တာျဖစ္ၿပီး စက္တင္ဘာ ၂၅ ရက္ေန႔ ကလည္း သံသယတရားခံ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ေဒၚစုဒါလီေအာင္ကိုလည္း ေဒၚဥမၼာလႈိင္က အဲ့ဒီပုဒ္မနဲ႔ပဲ အမႈဖြင့္တိုင္ၾကားထားပါေသးတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013