DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဌာနက အဆင့်မြင့်အရာရှိ ၂ ဦးကို အဂတိလိုက်စားမှုဖြင့် တိုင်ချက်ဖွင့်
DVB
·
September 27, 2019
လျှပ်စစ်ဌာနက အဆင့်မြင့်အရာရှိ ၂ ဦးကို အဂတိလိုက်စားမှုဖြင့် တိုင်ချက်ဖွင့်
Donate to DVB

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန တာဝန်ရှိသူတွေဟာ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ရာထူးအာဏာကို အလွဲသုံးစားပြုလုပ် အဂတိလိုက်စားမှု တွေရှိနေတဲ့အကြောင်း စိစစ်အရေးယူပေးဖို့  တိုင်ကြားစာရောက်လာတဲ့အတွက် စုံစမ်းစစ်ဆေး အရေးယူခဲ့တာဖြစ်ပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးဟာ အထက်ရဲရွာရေအား လျှပ်စစ် စီမံကိန်းရဲ့ The Design and Construction of the Underground Works လုပ်ငန်းတွေအတွက် တင်ဒါအောင်မြင်ခဲ့တဲ့ကုမ္ပဏီထံက စာချုပ်ပါ စည်းကမ်းချက်တွေအရ နောက်ကျဒဏ်ကြေး တန်ဖိုး ယူရိုငွေ ၂၂၅ ၉၃၀ ကျော်တောင်းခံဖို့  ပျက်ကွက်ခဲ့လို့ နိုင်ငံတော်ရဲ့ ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

 ဒါ့အပြင် ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းမှာ တင်ဒါအောင်မြင်ခဲ့တဲ့ လုပ်ငန်း နှစ်ခုကို ဆောင်ရွက်ရာမှာ ကုမ္ပဏီက အလုပ်သမားတွေကို သုံးစွဲမှုမရှိဘဲ ဌာနရဲ့ လုပ်ငန်းခွင်ရှိ ပုတ်ပြတ်နေ့စား အလုပ်သမားဝန်ထမ်းတွေကို သုံးစွဲခွင့်ပြုခအဖြစ် သီးခြားငွေတောင်းခံလို့ ကုမ္ပဏီက ငွေကျပ် ၇၁၅ သိန်း ငွေလွှဲပေးပို့တာကို လက်ခံရယူခဲ့ခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာကို စစ်ဆေးတွေ့ရတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင်ကလည်း ၎င်းစီမံခန့်ခွဲ ပိုင်ခွင့်ရှိတဲ့ ရေအားလျှပ်စစ် ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး မူလကမ်းလှမ်းတဲ့ ဈေးနှုန်းထက်ပိုမိုတဲ့ တန်ဖိုးနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့  ဆောင်ရွက်ခအဖြစ်လည်းကောင်း၊ လျှပ်စစ် စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနဲ့ အဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ် အတွက် ခရီးစရိတ်ငွေအဖြစ်လည်းကောင်း ကုမ္ပဏီတွေထံကနေ စုစုပေါင်းငွေကျပ် သိန်း (၃၁၀) ကို တောင်းခံ ရယူခဲ့ခတာတွေဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့လည်းဆိုပါတယ်။

 ဒါကြောင့် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနဲ့  ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်း၊ ဥတ္တရ သီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းနဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန် မြို့နယ် မြို့မရဲစခန်းမှာ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲရွာရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားတဲ့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က  စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အဓိကတာဝန်ရှိသူ ဝန်ကြီး၊ ဒုဝန်ကြီးရဲ့ ဘဏ်စာရင်းတွေနဲ့ မိသားစုဘဏ်စာရင်းတွေကို စစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးတွေ့ရှိချက်တွေကိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ နိုင်ငံတော်သမ္မတထံ ပေးပို့တင်ပြထားပြီးဖြစ်တယ်လို့ ကော်မရှင်တာဝန်ရှိသူက ပြောဆိုထားပါတယ်။




လွ်ပ္စစ္ဌာနက အဆင့္ျမင့္အရာရွိ ၂ ဦးကို အဂတိလိုက္စားမႈျဖင့္ တိုင္ခ်က္ဖြင့္
DVB

ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရး ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်စ္တိုးနဲ႔ ၫႊန္ၾကားေရးမႉး ဦးမင္းခိုင္ တို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲ အေရးယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္က သတင္းထုတ္ျပန္ပါတယ္။

ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရး ဦးစီးဌာန တာဝန္ရွိသူေတြဟာ လုပ္ငန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာမွာ ရာထူးအာဏာကို အလြဲသုံးစားျပဳလုပ္ အဂတိလိုက္စားမႈ ေတြရွိေနတဲ့အေၾကာင္း စိစစ္အေရးယူေပးဖို႔ တိုင္ၾကားစာေရာက္လာတဲ့အတြက္ စုံစမ္းစစ္ေဆး အေရးယူခဲ့တာျဖစ္ပါတယ္။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာမွာ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်စ္တိုးဟာ အထက္ရဲ႐ြာေရအား လွ်ပ္စစ္ စီမံကိန္းရဲ႕ The Design and Construction of the Underground Works လုပ္ငန္းေတြအတြက္ တင္ဒါေအာင္ျမင္ခဲ့တဲ့ကုမၸဏီထံက စာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြအရ ေနာက္က်ဒဏ္ေၾကး တန္ဖိုး ယူ႐ိုေငြ ၂၂၅ ၉၃၀ ေက်ာ္ေတာင္းခံဖို႔ ပ်က္ကြက္ခဲ့လို႔ ႏိုင္ငံေတာ္ရဲ႕ ေငြေၾကး ထိခိုက္နစ္နာ ဆုံးရႈံးေစခဲ့တယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ပါတယ္။

ဒါ့အျပင္ ေ႐ႊလီ (၃) ေရအားလွ်ပ္စစ္ စီမံကိန္းမွာ တင္ဒါေအာင္ျမင္ခဲ့တဲ့ လုပ္ငန္း ႏွစ္ခုကို ေဆာင္႐ြက္ရာမွာ ကုမၸဏီက အလုပ္သမားေတြကို သုံးစြဲမႈမရွိဘဲ ဌာနရဲ႕ လုပ္ငန္းခြင္ရွိ ပုတ္ျပတ္ေန႔စား အလုပ္သမားဝန္ထမ္းေတြကို သုံးစြဲခြင့္ျပဳခအျဖစ္ သီးျခားေငြေတာင္းခံလို႔ ကုမၸဏီက ေငြက်ပ္ ၇၁၅ သိန္း ေငြလႊဲေပးပို႔တာကို လက္ခံရယူခဲ့ျခင္းျဖင့္ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့တာကို စစ္ေဆးေတြ႕ရတယ္လို႔ ေကာ္မရွင္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အလားတူ ဒီဇိုင္းႏွင့္ ပုံထုတ္ဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးမင္းခိုင္ကလည္း ၎စီမံခန႔္ခြဲ ပိုင္ခြင့္ရွိတဲ့ ေရအားလွ်ပ္စစ္ ဒီဇိုင္းေတြနဲ႔ ပတ္သက္ၿပီး မူလကမ္းလွမ္းတဲ့ ေဈးႏႈန္းထက္ပိုမိုတဲ့ တန္ဖိုးနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ ေဆာင္႐ြက္ခအျဖစ္လည္းေကာင္း၊ လွ်ပ္စစ္ စီမံကိန္းအတြက္ FSR လုပ္ငန္းစဥ္ ျမန္ဆန္ေရးနဲ႔ အဆင္ေျပေခ်ာေမြ႕ေစေရး အတြက္လည္းေကာင္း၊ ႏိုင္ငံျခားခရီးစဥ္ အတြက္ ခရီးစရိတ္ေငြအျဖစ္လည္းေကာင္း ကုမၸဏီေတြထံကေန စုစုေပါင္းေငြက်ပ္ သိန္း (၃၁၀) ကို ေတာင္းခံ ရယူခဲ့ခတာေတြဟာ ရာထူးတာဝန္ကို အလြဲသုံးစားျပဳၿပီး အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့တယ္လို႔လည္းဆိုပါတယ္။

ဒါေၾကာင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်စ္တိုးနဲ႔ ၫႊန္ၾကားေရးမႉး ဦးမင္းခိုင္ တို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆ အရ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္ (၁) ၿမိဳ႕မရဲစခန္း၊ ဥတၱရ သီရိၿမိဳ႕နယ္ ဘုရားကုန္းၿမိဳ႕မရဲစခန္းနဲ႔ မႏၲေလးတိုင္း ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွာ ပထမသတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္ၿပီး တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔ ေကာ္မရွင္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ရဲ႐ြာေရအားလွ်ပ္စစ္ စီမံကိန္း လုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ထံ တိုင္ၾကားတဲ့အတြက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကို စုံစမ္းစစ္ေဆးေနတယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စက္တင္ဘာ ၂၁ ရက္က ေနျပည္ေတာ္ရွိ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္အေနနဲ႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန အဓိကတာဝန္ရွိသူ ဝန္ႀကီး၊ ဒုဝန္ႀကီးရဲ႕ ဘဏ္စာရင္းေတြနဲ႔ မိသားစုဘဏ္စာရင္းေတြကို စစ္ေဆးခဲ့ၿပီး အဲဒီစစ္ေဆးေတြ႕ရွိခ်က္ေတြကိုေတာ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္အေနနဲ႔ ႏိုင္ငံေတာ္သမၼတထံ ေပးပို႔တင္ျပထားၿပီးျဖစ္တယ္လို႔ ေကာ္မရွင္တာဝန္ရွိသူက ေျပာဆိုထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013