DVB Logo
Home
မြန်မာသတင်း
ဖောင်းပြင် သငါကျေးရွာအုပ်စုတွင် ကမ်းပါးပြိုကျမည့်အန္တရာယ် ကြုံတွေ့နေရ
DVB
·
September 27, 2019
ဖောင်းပြင် သငါကျေးရွာအုပ်စုတွင် ကမ်းပါးပြိုကျမည့်အန္တရာယ် ကြုံတွေ့နေရ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် သငါကျေးရွာအုပ်စုမှာ ချင်းတွင်းမြစ်ကမ်းပါးပြိုကျမယ့် အန္တရာယ် ကြုံတွေ့နေရတာကြောင့် ခိုင်ခန့်တဲ့ ကမ်းထိန်းနံရံတည်ဆောက်ဖို့  လိုအပ်နေပါတယ်။

ချင်းတွင်းမြစ်ရေဟာ တဖြည်းဖြည်းတိုက်စားလာပြီး ကမ်းအနီးမှာ အိမ်‌ခြေတွေနဲ့ ဘုန်းကြီးကျောင်းလည်း ရှိတာကြောင့် ကမ်းမပြိုရအောင် မြစ်ကမ်းနံရံထိန်းပြုလိုဖို့ အရှည် ပေ ၉၀၀ လောက် လိုအပ်တယ်လို့ ဖောင်းပြင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက ပြောပါတယ်။

"အဲ့ဒီ ပေ ၉၀၀ အောက်‌ခြေမှာကို ရေမတိုက်စားအောင် လုပ်ဖို့လိုသေးတယ်။ အိမ်ခြေတွေ အပျက်စီးတော့ လောလောဆယ် မရှိသေးဘူး။ ဟိုတနေ့က ဖောင်းပြင်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အတူ ကျနော်ကွင်းဆင်းကြည့်တယ်။ ကမ်းပါးနေရာတွေ တော်တော်များများ တိုက်စားထားတာတွေ တွေ့ရတယ်။ အခုကလည်း ရေတက်နေတယ်။"

ဒီကမ်းပြိုမယ့်အရေးနဲ့ ကမ်းထိန်းနံရံဆောက်လုပ်ဖို့အရေးအပေါ် စက်တင်ဘာ ၂၅ ရက်နေ့က ပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းဝေးမှာ ကိုယ်စားလှယ်က မေးမြန်းရာမှာ ဆောင်ရွက်ထားတဲ့ ကမ်းထိန်းနံရံလုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုအခြေနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်မယ့် အခြေနေကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်မှုအခြေနေအရ ရန်ပုံငွေလျာထားတောင်းခံသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောပါတယ်။

သငါရွာဟာ လူဦးရေ ၃၆၄၂ ယောက်နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်မှာတည်ရှိကာ ဖောင်းပြင်မြို့နဲ့ ရေမိုင် ၄၀ ခန့် ဝေးကွာတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

ရန်နိုင်စိုး




ေဖာင္းျပင္ သငါေက်း႐ြာအုပ္စုတြင္ ကမ္းပါးၿပိဳက်မည့္အႏၲရာယ္ ႀကဳံေတြ႕ေနရ
DVB
စစ္ကိုင္းတိုင္း၊ ေဖာင္းျပင္ၿမိဳ႕နယ္ သငါေက်း႐ြာအုပ္စုမွာ ခ်င္းတြင္းျမစ္ကမ္းပါးၿပိဳက်မယ့္ အႏၲရာယ္ ႀကဳံေတြ႕ေနရတာေၾကာင့္ ခိုင္ခန႔္တဲ့ ကမ္းထိန္းနံရံတည္ေဆာက္ဖို႔ လိုအပ္ေနပါတယ္။

ခ်င္းတြင္းျမစ္ေရဟာ တျဖည္းျဖည္းတိုက္စားလာၿပီး ကမ္းအနီးမွာ အိမ္‌ေျခေတြနဲ႔ ဘုန္းႀကီးေက်ာင္းလည္း ရွိတာေၾကာင့္ ကမ္းမၿပိဳရေအာင္ ျမစ္ကမ္းနံရံထိန္းျပဳလိုဖို႔ အရွည္ ေပ ၉၀၀ ေလာက္ လိုအပ္တယ္လို႔ ေဖာင္းျပင္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ထြန္းက ေျပာပါတယ္။

"အဲ့ဒီ ေပ ၉၀၀ ေအာက္‌ေျခမွာကို ေရမတိုက္စားေအာင္ လုပ္ဖို႔လိုေသးတယ္။ အိမ္ေျခေတြ အပ်က္စီးေတာ့ ေလာေလာဆယ္ မရွိေသးဘူး။ ဟိုတေန႔က ေဖာင္းျပင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ အတူ က်ေနာ္ကြင္းဆင္းၾကည့္တယ္။ ကမ္းပါးေနရာေတြ ေတာ္ေတာ္မ်ားမ်ား တိုက္စားထားတာေတြ ေတြ႕ရတယ္။ အခုကလည္း ေရတက္ေနတယ္။"

ဒီကမ္းၿပိဳမယ့္အေရးနဲ႔ ကမ္းထိန္းနံရံေဆာက္လုပ္ဖို႔အေရးအေပၚ စက္တင္ဘာ ၂၅ ရက္ေန႔က ျပဳလုပ္တဲ့ စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္အစည္းေဝးမွာ ကိုယ္စားလွယ္က ေမးျမန္းရာမွာ ေဆာင္႐ြက္ထားတဲ့ ကမ္းထိန္းနံရံလုပ္ငန္းရဲ႕ အက်ိဳးသက္ေရာက္မႈအေျခေနနဲ႔ ဆက္လက္ေဆာင္႐ြက္ဖို႔ လိုအပ္မယ့္ အေျခေနကို ကြင္းဆင္းစစ္ေဆးၿပီး လိုအပ္မႈအေျခေနအရ ရန္ပုံေငြလ်ာထားေတာင္းခံသြားမယ္လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးသန္းၫႊန႔္ဝင္းက ေျပာပါတယ္။

သငါ႐ြာဟာ လူဦးေရ ၃၆၄၂ ေယာက္ေနထိုင္တဲ့ ေက်း႐ြာျဖစ္ၿပီး ခ်င္းတြင္းျမစ္ရဲ႕ အေရွ႕ဘက္မွာတည္ရွိကာ ေဖာင္းျပင္ၿမိဳ႕နဲ႔ ေရမိုင္ ၄၀ ခန႔္ ေဝးကြာတဲ့ ေက်း႐ြာလည္းျဖစ္ပါတယ္။
ရန္ႏိုင္စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013