DVB Logo
Home
မြန်မာသတင်း
ကျုံပျော်မြို့တွင် ဓားကိုင်ရမ်းကားသူအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
DVB
·
September 27, 2019
ကျုံပျော်မြို့တွင် ဓားကိုင်ရမ်းကားသူအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
Donate to DVB

ဧရာ၀တီတိုင်း ကျုံပျော်မြို့မှာ ဓားကိုင်ရမ်းကားသူတဦးအား ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ ပင်လုံရပ်ကွက် နဂါးဘုရားဝင်းအတွင်းမှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက အမျိုးသား ၁ ဦး ဓားကိုင်ပြီး မူးယစ်ရမ်းကားနေကြောင်း သတင်းအရ ကျုံပျော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

သွားရောက် ဖမ်းဆီးစဉ် ကျော်ဦး (၄၂) နှစ်မှာ နဂါးဘုရားဝင်းအတွင်းရှိ နတ်စင်မှာ ထားရှိတဲ့ အရှည် ၂ ပေ ခွဲခန့် ငှက်ကြီးတောင် ဓား ၂ ချောင်းအား ကိုင်ဆောင်ထားတာ တွေ့ရှိရလို့ ဓားချဖို့ ပြောဆိုပေမဲ့ လိုက်နာခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့လိုက်ခုတ်တာကြောင့် ၁၂ ဗို့သေနတ်နဲ့ ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ဝဲဘက်ရင်အုံအပါအ၀င် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒီနောက် ကျော်ဦးမှာ နတ်ကွန်းအတွင်း ပြေးဝင်သွားပြီး မိမိကိုယ်ကိုဓားနဲ့ လှီးဖြတ်ခဲ့တာကြောင့် လည်ပင်း၊ ယာလက်မပြတ်ရှဒဏ်ရာတွေ (စိုးရိမ်ရ) ရရှိခဲ့လို့ ကျုံပျော်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။

ကျော်ဦးအား ကျုံပျော် မြို့မရဲစခန်းက (ပ)၇၇၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၀၉ (တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား ဟန့်တားရန် လက်ရောက်မှု၊ မိမိကိုယ်ကို သတ်ရန်အားထုတ်မှု)၊ (ပ)၇၇၈/ ၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။




က်ဳံေပ်ာ္ၿမိဳ႕တြင္ ဓားကိုင္ရမ္းကားသူအား ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီး
DVB
ဧရာ၀တီတိုင္း က်ဳံေပ်ာ္ၿမိဳ႕မွာ ဓားကိုင္ရမ္းကားသူတဦးအား ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

ပုသိမ္ခ႐ိုင္၊ က်ဳံေပ်ာ္ၿမိဳ႕၊ ပင္လုံရပ္ကြက္ နဂါးဘုရားဝင္းအတြင္းမွာ စက္တင္ဘာလ ၂၅ ရက္ေန႔ ညေနပိုင္းက အမ်ိဳးသား ၁ ဦး ဓားကိုင္ၿပီး မူးယစ္ရမ္းကားေနေၾကာင္း သတင္းအရ က်ဳံေပ်ာ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္ဖမ္းဆီးခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

သြားေရာက္ ဖမ္းဆီးစဥ္ ေက်ာ္ဦး (၄၂) ႏွစ္မွာ နဂါးဘုရားဝင္းအတြင္းရွိ နတ္စင္မွာ ထားရွိတဲ့ အရွည္ ၂ ေပ ခြဲခန႔္ ငွက္ႀကီးေတာင္ ဓား ၂ ေခ်ာင္းအား ကိုင္ေဆာင္ထားတာ ေတြ႕ရွိရလို႔ ဓားခ်ဖို႔ ေျပာဆိုေပမဲ့ လိုက္နာျခင္းမရွိဘဲ ရဲတပ္ဖြဲ႕ဝင္ေတြကို ဓားနဲ႔လိုက္ခုတ္တာေၾကာင့္ ၁၂ ဗို႔ေသနတ္နဲ႔ ၁ ခ်က္ သတိေပးပစ္ခတ္ခဲ့ရာ ဝဲဘက္ရင္အုံအပါအ၀င္ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

ဒီေနာက္ ေက်ာ္ဦးမွာ နတ္ကြန္းအတြင္း ေျပးဝင္သြားၿပီး မိမိကိုယ္ကိုဓားနဲ႔ လွီးျဖတ္ခဲ့တာေၾကာင့္ လည္ပင္း၊ ယာလက္မျပတ္ရွဒဏ္ရာေတြ (စိုးရိမ္ရ) ရရွိခဲ့လို႔ က်ဳံေပ်ာ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့ရတယ္လို႔ ဆိုပါတယ္။

ေက်ာ္ဦးအား က်ဳံေပ်ာ္ ၿမိဳ႕မရဲစခန္းက (ပ)၇၇၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၃/၃၀၉ (တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းအား ဟန႔္တားရန္ လက္ေရာက္မႈ၊ မိမိကိုယ္ကို သတ္ရန္အားထုတ္မႈ)၊ (ပ)၇၇၈/ ၂၀၁၉၊ လက္နက္ဥပေဒပုဒ္မ ၁၉(င) တို႔နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013