DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မည့်သတင်းထွက်နေပေမယ့် လုံခြုံရေးပုံမှန်ဆောင်ရွက်နေဟု ရဲတပ်ဖွဲ့ပြော
DVB
·
September 26, 2019
အကြမ်းဖက်တိုက်ခိုက်မည့်သတင်းထွက်နေပေမယ့် လုံခြုံရေးပုံမှန်ဆောင်ရွက်နေဟု ရဲတပ်ဖွဲ့ပြော
Donate to DVB

မြန်မာနိုင်ငံ မြို့ကြီး ၃ မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပုံမှန်လုံခြုံရေးဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောကြားလိုက်ပါတယ်။ 

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်လာနိုင်တာကြောင့် လုံခြုံရေးသတိနဲ့ နေထိုင်ကြဖို့ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက အခုလို ပြောတာပါ။

"သက်ဆိုင်ရာ မြို့အနေအထားနဲ့ ဒေသအနေအထားနဲ့ လိုက်လျောညီထွေရှိတဲ့ လုံခြုံရေး အစီအမံတွေ ရေးဆွဲထားတာရှိပါတယ်။ အခုလက်ရှိအနေအထားမှာလည်း ဒီလုံခြုံရေးအစီအမံ တွေနဲ့အညီ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကို ဆောင်ရွက်နေပါတယ်။ အခုအွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့်မို့လို့ ဘယ်နေရာမှာတော့မှာ လုံခြုံရေးတိုးမြှင့်ပြီးတော့ ဆောင်ရွက်ပါတယ်။ ဘယ်နေရမှာတော့ ပိုမိုပြီးတော့ လုံခြုံရေးတွေ ချထားပါတယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ပါဘူး။ ရှိတဲ့အစီအမံအတိုင်း မူဝါဒနဲ့အညီ စနစ်တကျဆောင်ရွက်နေတဲ့ အနေအထားဖြစ်ကြောင်း ပြောကြား လိုပါတယ်" လို့ ရဲမှူးကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ဘာမှပြောစရာမရှိသလို လက်ရှိ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ လုံခြုံရေးဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီးလည်း ဘာမှ ပြောစရာ မရှိဘူးလို့ ပြောပါတယ်။

အမေရိကန်သံရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာတော့ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၆ ရက်တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေး ဖော်ပြထားတာပါ။

ဒါကြောင့်မို့ ကိုယ့်ရဲ့လုံခြုံမှုအတွက် ပြင်ဆင်ထားကြဖို့၊ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရရုံးတွေနဲ့ ဆက်ဆံရာမှာ  လုံခြုံရေးသတိရှိဖို့၊ ဒေသတွင်းသတင်းမီဒီယာတွေပေါ် နောက်ဆုံးရ သတင်းအချက်အလက်တွေကို နားစွင့်ဖို့၊ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သတိပေးထားဖို့ စတဲ့ အချက်အလက်တွေကို အလေးထား လုပ်ဆောင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီအတောအတွင်း နိုင်ငံတော် သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုနယ်မြေအတွင်း လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန်  ညွန်ကြားစာတစောင်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့အဆိုပါညွန်ကြားစာမှာ ဩဂုတ် ၃၀ရက်က  ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်အနီး မယ်လဒုက္ခသည်စခန်းနားမှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တချို့ ပါဝင်တဲ့ အစည်းအဝေးကနေ စက်တင်ဘာ ၁၆ ရက် (သို့) ၂၆ ရက်နဲ့  အောက်တိုဘာ ၁၆ ရက် (သို့) ၂၆ ရက်နေ့ နေပြည်တော်မှာ ဖောက်ခွဲမှုတခုပြုလုပ်ဖို့ ရက်သတ်မှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ညွန်ကြားစာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။




အၾကမ္းဖက္တိုက္ခိုက္မည့္သတင္းထြက္ေနေပမယ့္ လုံၿခဳံေရးပုံမွန္ေဆာင္႐ြက္ေနဟု ရဲတပ္ဖြဲ႕ေျပာ
ေနၿဖိဳးဝင္း

ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီး ၃ ၿမိဳ႕မွာ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပမယ့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ပုံမွန္လုံၿခဳံေရးေဆာင္႐ြက္ေနတယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး မ်ိဳးသူစိုးက ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္မွာ အၾကမ္းဖက္တိုက္ခိုက္တာေတြျဖစ္လာႏိုင္တာေၾကာင့္ လုံၿခဳံေရးသတိနဲ႔ ေနထိုင္ၾကဖို႔ အေမရိကန္သံ႐ုံးက ထုတ္ျပန္ခဲ့တာနဲ႔ပတ္သက္ၿပီး မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီးမ်ိဳးသူစိုးက အခုလို ေျပာတာပါ။

"သက္ဆိုင္ရာ ၿမိဳ႕အေနအထားနဲ႔ ေဒသအေနအထားနဲ႔ လိုက္ေလ်ာညီေထြရွိတဲ့ လုံၿခဳံေရး အစီအမံေတြ ေရးဆြဲထားတာရွိပါတယ္။ အခုလက္ရွိအေနအထားမွာလည္း ဒီလုံၿခဳံေရးအစီအမံ ေတြနဲ႔အညီ ရဲတပ္ဖြဲ႕အေနနဲ႔ လုံၿခဳံေရးကို ေဆာင္႐ြက္ေနပါတယ္။ အခုအြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြေၾကာင့္မို႔လို႔ ဘယ္ေနရာမွာေတာ့မွာ လုံၿခဳံေရးတိုးျမႇင့္ၿပီးေတာ့ ေဆာင္႐ြက္ပါတယ္။ ဘယ္ေနရမွာေတာ့ ပိုမိုၿပီးေတာ့ လုံၿခဳံေရးေတြ ခ်ထားပါတယ္ဆိုတဲ့ အေနအထားမ်ိဳးမဟုတ္ပါဘူး။ ရွိတဲ့အစီအမံအတိုင္း မူဝါဒနဲ႔အညီ စနစ္တက်ေဆာင္႐ြက္ေနတဲ့ အေနအထားျဖစ္ေၾကာင္း ေျပာၾကား လိုပါတယ္" လို႔ ရဲမႉးႀကီးက ဆိုပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္အေပၚမွာ ဘာမွေျပာစရာမရွိသလို လက္ရွိ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ လုံၿခဳံေရးဆိုင္ရာ ထုတ္ျပန္ခ်က္ေတြနဲ႔ ပတ္သက္ၿပီးလည္း ဘာမွ ေျပာစရာ မရွိဘူးလို႔ ေျပာပါတယ္။

အေမရိကန္သံ႐ုံးရဲ႕ တရားဝင္ဝက္ဘ္ဆိုဒ္စာမ်က္ႏွာေပၚမွာေတာ့ ျမန္မာႏိုင္ငံလုံၿခဳံေရးတပ္ဖြဲ႕ ရဲ႕ စုံစမ္းစစ္ေဆးမႈေတြအရ ဒီကေန႔ စက္တင္ဘာလ ၂၆ ရက္၊ ေအာက္တိုဘာလ ၁၆ ရက္နဲ႔ ၂၆ ရက္ေတြမွာ တိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ သတိေပး ေဖာ္ျပထားတာပါ။

ဒါေၾကာင့္မို႔ ကိုယ့္ရဲ႕လုံၿခဳံမႈအတြက္ ျပင္ဆင္ထားၾကဖို႔၊ အထူးသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ အစိုးရ႐ုံးေတြနဲ႔ ဆက္ဆံရာမွာ လုံၿခဳံေရးသတိရွိဖို႔၊ ေဒသတြင္းသတင္းမီဒီယာေတြေပၚ ေနာက္ဆုံးရ သတင္းအခ်က္အလက္ေတြကို နားစြင့္ဖို႔၊ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြကို သတိေပးထားဖို႔ စတဲ့ အခ်က္အလက္ေတြကို အေလးထား လုပ္ေဆာင္ဖို႔ ႏႈိးေဆာ္ထားပါတယ္။

ဒီအေတာအတြင္း ႏိုင္ငံေတာ္ သမၼတ႐ုံး ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးဌာနႀကီးက ထုတ္ျပန္ထားတဲ့ ျပည္ေထာင္စုနယ္ေျမအတြင္း လုံၿခဳံေရးအထူးဂ႐ုျပဳေဆာင္႐ြက္ရန္ ၫြန္ၾကားစာတေစာင္လည္း အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

စက္တင္ဘာ ၁၆ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့အဆိုပါၫြန္ၾကားစာမွာ ဩဂုတ္ ၃၀ရက္က ထိုင္းႏိုင္ငံ မဲေဟာင္ေဆာင္ခ႐ိုင္အနီး မယ္လဒုကၡသည္စခန္းနားမွာ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ပါဝင္တဲ့ အစည္းအေဝးကေန စက္တင္ဘာ ၁၆ ရက္ (သို႔) ၂၆ ရက္နဲ႔ ေအာက္တိုဘာ ၁၆ ရက္ (သို႔) ၂၆ ရက္ေန႔ ေနျပည္ေတာ္မွာ ေဖာက္ခြဲမႈတခုျပဳလုပ္ဖို႔ ရက္သတ္မွတ္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

အဆိုပါ ၫြန္ၾကားစာနဲ႔ ပတ္သက္ၿပီး ဒီဗြီဘီက သီးျခားအတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013