DVB Logo
Home
မြန်မာသတင်း
ဒဏ္ရာရသံဃာမ်ား အသက္အနၱရာယ္မစိုးရိမ္ရေတာ့
DVB
·
December 31, 2012
Donate to DVB

ထိုင်းနိုင်ငံမှာ ထွက်ပြီး ဆေးဝါးကုသနေတဲ့ မီးလောင်ဒဏ်ရာရ ကိုယ်တော် ၂ ပါးစလုံး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဒဏ်ရာရသံဃာတွေကို ကူညီနေတဲ့ ဦးသု ခေါ် ဦးသုဇနက မိန့်ကြားပါတယ်။

“ဦးတိက္ခဥာဏက အသက်အန္တရယ် မစိုးရိမ်ရပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ လောလောဆယ် လှုပ်ရှားမှုအပိုင်းတွေမှာ တော်တော်အားနည်းလာပါပြီ။ မန္တလေးမှာတုန်းကတောင် လက်ကလေးတွေကို ဟိုဘက်စောင်း ဒီဘက်စောင်း လုပ်လို့ရတယ်။ လက်ကလေးတွေ ခြေထောက်ကလေးတွေ လှုပ်လို့ရတယ်။ အခုလက်ရှိမှာတော့ အသက်ကလည်းကြီးတယ် ဆိုတော့ လှုပ်လှုပ်ရှားရှားလုပ်တဲ့အခါမှာကို မလုပ်နိုင်တော့တဲ့ အခြေအနေမျိုးတွေ ဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆို ၀မ်းလျားမှောက်ကြီးနဲ့ အကြာကြီးနေရ။ ပက်လက်ကြီးလှန်ပြီး အကြာကြီးနေရတော့ ချိသွားလေမလားလို့ စိုးရိမ်နေရပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဆေးရုံမှာကုနေတဲ့ ကိုရင်လေး သဇ္ဇနနဲ့ ပတ်သက်လို့ ရန်ကုန်ဆေးရုံကြီးမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုက အားကောင်းတဲ့အတွက် ရန်ကုန်အရေပြားဆေးရုံမှာတင် တော်တော် သက်သက်သာသာ အနေအထားမျိုးဖြစ်တယ်လို့ မိန့်ပါတယ်။

ရန်ကုန်အရေပြားဆေးရုံမှာ ကျန်ရှိတဲ့ ဦးပဉ္စင်း ၃ ပါးအခြေအနေနဲ့ ပတ်သက်လို့တော့ သူက “ဦးဇင်း ၃ ပါးထဲမှာမှ ၂ ပါးက အရေပြားကပ်ပြီးပါပြီ။ ပထမ မန္တလေးမှာ ကုခဲ့တဲ့ ဦးပဉ္စင်း ဦးပုစိတ္တကတော့ မျက်နှာအရေပြား ကပ်ထားတာဖြစ်တဲ့အတွက် သူက လက်ရှိလောလောဆယ်မှာ အကြောပိုင်းတွေ ပြန်လည်ရှင်သန်လာအောင် လေ့ကျင်းခန်းပိုင်းဆိုင်ရာတွေ အကြောပိုင်းဆိုင်ရာ ဆရာဝန်ကြီးတွေ လာရောက်ပြီးတော့မှ လေ့ကျင်းခန်းတွေ လာလုပ်ပေးနေတဲ့ အနေအထားတွေ တွေ့နေရပါတယ်” လို့ မိန့်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းတွေကို ရဲက နိုဝင်ဘာ ၂၉ ရက်နေ့ မနက် အရုဏ်မတက်ခင် ဖြိုခွင်းရာမှာ သံဃာ အပါး ၁၀၀ ခန့်နဲ့ လူပုဂ္ဂိုလ် ၂၀ လောက် မီးလောင်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အစိုးရက ဒဏ်ရာရသံဃာတွေကို တောင်းပန်ခဲ့ပါတယ်။

ပြည်ပထွက်ကုတဲ့ သံဃာ ၂ ပါးအတွက် ဆေးကုသစရိတ်ကို နိုင်ငံတော်က ကျခံမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013