DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် ခရီးသွားရာသီ အကြိုဖွင့်ပွဲ ပြုလုပ်
DVB
·
September 26, 2019
ကော့သောင်းတွင် ခရီးသွားရာသီ အကြိုဖွင့်ပွဲ ပြုလုပ်
Donate to DVB

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်က လှပတဲ့ကျွန်းတွေမှာ ခရီးသွားတွေ အပန်းဖြေအနားယူဖို့နဲ့ ကျွန်းခရီးစဉ်တွေ စတင်နိုင်ဖို့ စက်တင်ဘာ ၂၆ရက် မနက်ပိုင်းက ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်ထုရင်ပြင်မှာ ခရီးသွားရာသီ အကြိုဖွင့်ပွဲ ကျင်းပပါတယ်။

အဆိုပါအခမ်းအနားမှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့က ရေပြင် အသက်ကယ်ခြင်းကို သရုပ်ပြကြပါတယ်။

အလယ်ကျွန်း ဟိုတယ် မန်နေဂျာ ကိုအောင်ဇင်လတ်က “ကျနော်တို့က သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အခြေပြုထားတော့ လက်ရှိ ရှိနေတဲ့ ဥစ္စာကိုပဲ ထိန်းသိမ်းပြီးလုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က အားနည်းချက်တွေကို ပြန်ဖြည့်ဆည်းတာ မျိုးတွေကိုလည်း လုပ်ထားပါတယ်။ နောက်တခုက Marketing ကောင်းကောင်းလုပ်ထားနိုင်တယ် ဆိုတော့ ဒီနှစ်ဧည့်သည်ပိုရမယ်လို့ထင်တယ်။ ပြီးခဲ့တဲ့နှစ်က စဖွင့်ခါစဆိုတော့ဧည့်သည်က မျှော်လင့်သလောက်မရလိုက်ဘူး”  လို့ ပြောပါတယ်။

ဟိုတယ်နှင့်ခရီးကော့သောင်းရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာထွန်းက “ကျနော်တို့က နေ့ချင်းပြန်ခရီးဆိုရင် သက်ဆိုင်ရာကျွန်းတွေမှာ ကျနော်တို့နဲ့ပူးပေါင်းပြီတော့ ကျွန်းသန့်ရှင်းရေးအတွက် ဆောင်ရွက်ထားတာတွေရှိတယ်။ ခေတ္တနားနေဆောင်တွေကို ပြန်လည်အသစ်မွမ်းမံတာတွေရှိတယ်။ အဆင်သင့်ဖြစ်အောင်တော့ ခုကတည်းကလုပ်နေပါတယ်။” လို့ ပြောပါတယ်။

ကော့သောင်းကကျွန်းတွေဆီကို လာရောက်အပန်းဖြေသူ ၂၀၁၈ ခုနှစ်မှာ ၃၅၀၀၀၀ ကျော်ရှိပြီး လည်ပတ်ကြည့်ရှုနိုင်တဲ့ ကျွန်းပေါင်း ၃၀ ကျော်ရှိပါတယ်။

 ခရီးသွားကုမ္ပဏီတွေကနေ စပိဘုတ်အစီးရေ ၆၀ လောက်နဲ့ ဒီ ကျွန်းတွေကို နေ့ချင်းပြန် ပို့ဆောင်ပေးနေသလို ညအိပ်ရပ်နားနိုင်တဲ့ကျွန်းတွေကိုလည်း ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

သတင်း- လတ်ကိုကိုဦး




ေကာ့ေသာင္းတြင္ ခရီးသြားရာသီ အႀကိဳဖြင့္ပြဲ ျပဳလုပ္
DVB

ေကာ့ေသာင္းၿမိဳ႕အနီး ျမန္မာ့ပင္လယ္ျပင္က လွပတဲ့ကြၽန္းေတြမွာ ခရီးသြားေတြ အပန္းေျဖအနားယူဖို႔နဲ႔ ကြၽန္းခရီးစဥ္ေတြ စတင္ႏိုင္ဖို႔ စက္တင္ဘာ ၂၆ရက္ မနက္ပိုင္းက ေကာ့ေသာင္းၿမိဳ႕ ဘုရင့္ေနာင္႐ုပ္ထုရင္ျပင္မွာ ခရီးသြားရာသီ အႀကိဳဖြင့္ပြဲ က်င္းပပါတယ္။

အဆိုပါအခမ္းအနားမွာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးနဲ႔ တာဝန္ရွိသူေတြက ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပး ၿပီး ျမန္မာႏိုင္ငံေရေၾကာင္းရဲတပ္ဖြဲ႕နဲ႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕တို႔က ေရျပင္ အသက္ကယ္ျခင္းကို သ႐ုပ္ျပၾကပါတယ္။

အလယ္ကြၽန္း ဟိုတယ္ မန္ေနဂ်ာ ကိုေအာင္ဇင္လတ္က “က်ေနာ္တို႔က သဘာဝအေျခခံခရီးသြားလုပ္ငန္းကို အေျချပဳထားေတာ့ လက္ရွိ ရွိေနတဲ့ ဥစၥာကိုပဲ ထိန္းသိမ္းၿပီးလုပ္ေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က အားနည္းခ်က္ေတြကို ျပန္ျဖည့္ဆည္းတာ မ်ိဳးေတြကိုလည္း လုပ္ထားပါတယ္။ ေနာက္တခုက Marketing ေကာင္းေကာင္းလုပ္ထားႏိုင္တယ္ ဆိုေတာ့ ဒီႏွစ္ဧည့္သည္ပိုရမယ္လို႔ထင္တယ္။ ၿပီးခဲ့တဲ့ႏွစ္က စဖြင့္ခါစဆိုေတာ့ဧည့္သည္က ေမွ်ာ္လင့္သေလာက္မရလိုက္ဘူး” လို႔ ေျပာပါတယ္။

ဟိုတယ္ႏွင့္ခရီးေကာ့ေသာင္း႐ုံးခြဲမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးအာကာထြန္းက “က်ေနာ္တို႔က ေန႔ခ်င္းျပန္ခရီးဆိုရင္ သက္ဆိုင္ရာကြၽန္းေတြမွာ က်ေနာ္တို႔နဲ႔ပူးေပါင္းၿပီေတာ့ ကြၽန္းသန႔္ရွင္းေရးအတြက္ ေဆာင္႐ြက္ထားတာေတြရွိတယ္။ ေခတၱနားေနေဆာင္ေတြကို ျပန္လည္အသစ္မြမ္းမံတာေတြရွိတယ္။ အဆင္သင့္ျဖစ္ေအာင္ေတာ့ ခုကတည္းကလုပ္ေနပါတယ္။” လို႔ ေျပာပါတယ္။

ေကာ့ေသာင္းကကြၽန္းေတြဆီကို လာေရာက္အပန္းေျဖသူ ၂၀၁၈ ခုႏွစ္မွာ ၃၅၀၀၀၀ ေက်ာ္ရွိၿပီး လည္ပတ္ၾကည့္ရႈႏိုင္တဲ့ ကြၽန္းေပါင္း ၃၀ ေက်ာ္ရွိပါတယ္။
ခရီးသြားကုမၸဏီေတြကေန စပိဘုတ္အစီးေရ ၆၀ ေလာက္နဲ႔ ဒီ ကြၽန္းေတြကို ေန႔ခ်င္းျပန္ ပို႔ေဆာင္ေပးေနသလို ညအိပ္ရပ္နားႏိုင္တဲ့ကြၽန္းေတြကိုလည္း ပို႔ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။
သတင္း- လတ္ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013