DVB Logo
Home
မြန်မာသတင်း
မြဝတီ သင်္ဃန်းညီနောင်ဂိတ်တွင် တရားမဝင်ဂိမ်းစက်ဖမ်းမိ
DVB
·
September 26, 2019
မြဝတီ သင်္ဃန်းညီနောင်ဂိတ်တွင် တရားမဝင်ဂိမ်းစက်ဖမ်းမိ
1 / 5
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာ ပူးပေါင်းဂိတ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ လောင်းကစားဂိမ်းစက်နဲ့  ဆက်စပ်ပစ္စည်းတွေကို စက်တင်ဘာ ၂၄ ရက်ညက ဖမ်းဆီးရမိခဲ့ပါတယ်။

အကောက်အခွန်ဦးစီးဌာနက အကောက်ခွန်မှူး ဦးစိုးသူအောင်နဲ့ သင်္ဃန်းညီနောင် ရပ်မိရပ်ဖတွေအတူ မြဝတီမြို့မှ ကော့ကရိတ်မြို့သို့ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးစဉ်  မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှာနေတဲ့ စောဆန်းအောင် မောင်းနှင်ပြီး ယာဉ်ပေါ်မှာ နေလင်းနဲ့ စောအောင်မျိုးမြင့်တို့ လိုက်ပါလာတဲ့ ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာပါ။

ယာဉ်ပေါ်မှ Fish Man တံဆိပ်ပါ(အဖြူရောင်/အပြာ)ရောင်ဂိမ်းစက်ကြီး ၁ လုံး၊ ဂိမ်းစက် ဆားကတ်မှတ်ပြား အလွတ်(၁)ပြား၊ ငါးဖမ်းလောင်းကစားဂိမ်းစက် အလွတ် ၁ ခုတို့ကို စစ်ဆေးတွေ့ရှိပါတယ်။

သွင်းကုန်လိုင်စင်တရားဝင်စာရွက်စာတမ်း အထောက်အထားပြသနိုင်ခြင်းမရှိဘဲ ဂိမ်းစက်တွေ တရားမဝင်တင်သွင်းသယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ယာဉ်ပေါ်လိုက်ပါလာသူ ၂ ဦး စုစုပေါင်း ၃ ဦးကို  ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

ဖိုးစီ




ျမဝတီ သဃၤန္းညီေနာင္ဂိတ္တြင္ တရားမဝင္ဂိမ္းစက္ဖမ္းမိ
ဖိုးစီ
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ သဃၤန္းညီေနာင္ေက်း႐ြာ ပူးေပါင္းဂိတ္မွာ တရားမဝင္သယ္ေဆာင္လာတဲ့ ေလာင္းကစားဂိမ္းစက္နဲ႔ ဆက္စပ္ပစၥည္းေတြကို စက္တင္ဘာ ၂၄ ရက္ညက ဖမ္းဆီးရမိခဲ့ပါတယ္။

အေကာက္အခြန္ဦးစီးဌာနက အေကာက္ခြန္မႉး ဦးစိုးသူေအာင္နဲ႔ သဃၤန္းညီေနာင္ ရပ္မိရပ္ဖေတြအတူ ျမဝတီၿမိဳ႕မွ ေကာ့ကရိတ္ၿမိဳ႕သို႔ျဖတ္သန္းသြားလာတဲ့ ေမာ္ေတာ္ယာဥ္ေတြကို စစ္ေဆးစဥ္ ျမဝတီၿမိဳ႕ အမွတ္(၄)ရပ္ကြက္မွာေနတဲ့ ေစာဆန္းေအာင္ ေမာင္းႏွင္ၿပီး ယာဥ္ေပၚမွာ ေနလင္းနဲ႔ ေစာေအာင္မ်ိဳးျမင့္တို႔ လိုက္ပါလာတဲ့ ယာဥ္ကို ရပ္တန႔္စစ္ေဆးရွာေဖြရာမွာ ဖမ္းဆီးရမိခဲ့တာပါ။

ယာဥ္ေပၚမွ Fish Man တံဆိပ္ပါ(အျဖဴေရာင္/အျပာ)ေရာင္ဂိမ္းစက္ႀကီး ၁ လုံး၊ ဂိမ္းစက္ ဆားကတ္မွတ္ျပား အလြတ္(၁)ျပား၊ ငါးဖမ္းေလာင္းကစားဂိမ္းစက္ အလြတ္ ၁ ခုတို႔ကို စစ္ေဆးေတြ႕ရွိပါတယ္။

သြင္းကုန္လိုင္စင္တရားဝင္စာ႐ြက္စာတမ္း အေထာက္အထားျပသႏိုင္ျခင္းမရွိဘဲ ဂိမ္းစက္ေတြ တရားမဝင္တင္သြင္းသယ္ေဆာင္လာတဲ့ ယာဥ္ေမာင္းနဲ႔ယာဥ္ေပၚလိုက္ပါလာသူ ၂ ဦး စုစုေပါင္း ၃ ဦးကို ပို႔ကုန္/သြင္းကုန္ဥပေဒ ပုဒ္မ ၈ နဲ႔ ရဲစခန္းမွာ အမႈဖြင့္ အေရးယူထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013