DVB Logo
Home
မြန်မာသတင်း
၂၀၁၉ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင် ထူးချွန်ဆုအတွက် လျှောက်ထားနိုင်
DVB
·
September 26, 2019
၂၀၁၉ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင် ထူးချွန်ဆုအတွက် လျှောက်ထားနိုင်
Donate to DVB

ပြင်သစ်မြန်မာ ကုန်သည်စက်မှုအသင်းက ကြီးမှူးကျင်းပမယ့် ၂၀၁၉ ခုနှစ် စွန့်ဦး တီထွင်လူငယ်လုပ်ငန်းရှင်ဆိုင်ရာ ထူးချွန်ဆုအတွက် လျှောက်လွှာတွေကို စက်တင်ဘာလ ၂၃ ရက်က စတင်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ တီထွင်ဆန်းသစ်မှုဆိုင်ရာဆု(Innovation Award)၊ အောင်မြင်စွာ လုပ်ငန်းလည်ပတ်နိုင်မှုဆု(Success Story Award)၊ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်မှုဆိုင်ရာဆုနဲ့ ပြည်သူလူထုမှရွေးချယ်မူဆု(Public’s Chose Award)ဆိုပြီး ၄ ဆုရွေးချယ် ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းမှတ်ပုံတင်ပြီး တနှစ်အထက်နဲ့ ၅ နှစ်အောက် လုပ်ငန်းကုမ္ပဏီ၊ ကနဦး မတည်ငွေ အမေရိကန်ဒေါ်လာ တသိန်းအောက်ရှိတဲ့ကုမ္ပဏီ ဖြစ်ဖို့ လိုအပ်ပြီး “စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်”ဟု သတ်မှတ်နိုင်ဖို့ လုပ်ငန်းတည်ထောင်သူဟာ အသက် ၄၀ အောက် ဖြစ်ရမှာပါ။

နောက်ထပ်သတ်မှတ်ချက်တွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ကုမ္ပဏီမှ ဝန်ထမ်း တဦးတယောက်ဟာ ပြင်သစ်မြန်မာကုန်သည်စက်မှုအသင်းရဲ့ ဝန်ထမ်း၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်၊ အကဲဖြတ်အဖွဲ့ဝင်၊ ပြိုင်ပွဲရဲ့ ပါတနာ/စပွန်ဆာ၊ တစုံတယောက်ရဲ့ မိသားစုဝင် ဖြစ်ခဲ့ရင် အဲဒီကုမ္ပဏီ အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

ဝင်ရောက် ယှဉ်ပြိုင်လိုသူများအနေနဲ့ လျှောက်လွှာတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ Novotel Yangon Max ဟိုတယ်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ Makers Night 2019 ဖွင့်ပွဲအခမ်းအနားနဲ့အတူ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီဆုတွေ ချီးမြှင့်ရွှေးချယ်နိုင်ဖို့ အကဲဖြတ်အဖွဲ့ထဲမှာတော့ စီးတီးမတ်ကုမ္ပဏီရဲ့ စီအီးအို ဒေါ်ဝင်းဝင်းတင့်က ဥက္ကဋ္ဌ၊ SPA လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဒုဥက္ကဋ္ဌအနေနဲ့ ပါဝင်ကြပြီး ပြင်သစ်မြန်မာ ကုန်သည်စက်မှုအသင်းမှ ဥက္ကဋ္ဌ Mrs. Sarah Lubeigt နဲ့ တခြားအဖွဲ့ဝင်တွေ အတူတကွ ပါဝင်အကဲဖြတ်သွားကြ မှာ ဖြစ်ပါတယ်။

မနှစ်ကပြိုင်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီ ၂၃ ခုထဲမှ ပြည်သူလူထုမှ ရွေးချယ်မှုဆု(Public’s Chose Award)ကို ဖေ့စ်ဘွတ်မှာ ကြိုက်နှစ်သက်မှု(Like) အများဆုံးရရှိတဲ့ ဖက်ရှင်နဲ့ ဒီဇိုင်းအမှတ်တံဆိပ် Yangoods က ရရှိခဲ့ပါတယ်။

တီထွင်ဆန်းသစ်မှုဆိုင်ရာဆု(Innovation Award)ကိုတော့ ကွမ်းစားသူတွေအတွက် ခံတွင်းသန့်ရှင်းရေး ထုတ်ကုန်တွေထုတ်လုပ်တဲ့ ကုမ္ပဏီ Zingo  က ရရှိသွားပြီး အောင်မြင်စွာ လုပ်ငန်းလည်ပတ်နိုင်မှုဆု(Success Story Award)ကိုတော့ ခရီးသွားအေဂျင်စီ Pro Niti Travel က ရရှိပါတယ်။




၂၀၁၉ စြန႔္ဦးတီထြင္လူငယ္လုပ္ငန္းရွင္ ထူးခြၽန္ဆုအတြက္ ေလွ်ာက္ထားႏိုင္
ျမတ္ႏိုးေအာင္

ျပင္သစ္ျမန္မာ ကုန္သည္စက္မႈအသင္းက ႀကီးမႉးက်င္းပမယ့္ ၂၀၁၉ ခုႏွစ္ စြန႔္ဦး တီထြင္လူငယ္လုပ္ငန္းရွင္ဆိုင္ရာ ထူးခြၽန္ဆုအတြက္ ေလွ်ာက္လႊာေတြကို စက္တင္ဘာလ ၂၃ ရက္က စတင္ၿပီး ေလွ်ာက္ထားႏိုင္ၿပီ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲမွာေတာ့ တီထြင္ဆန္းသစ္မႈဆိုင္ရာဆု(Innovation Award)၊ ေအာင္ျမင္စြာ လုပ္ငန္းလည္ပတ္ႏိုင္မႈဆု(Success Story Award)၊ လူမႈပတ္ဝန္းက်င္ ဖြံ႕ၿဖိဳးတိုးတက္ေရး စြမ္းေဆာင္မႈဆိုင္ရာဆုနဲ႔ ျပည္သူလူထုမွေ႐ြးခ်ယ္မူဆု(Public’s Chose Award)ဆိုၿပီး ၄ ဆုေ႐ြးခ်ယ္ ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္လိုသူေတြအေနနဲ႔ ျမန္မာႏိုင္ငံမွာ လုပ္ငန္းမွတ္ပုံတင္ၿပီး တႏွစ္အထက္နဲ႔ ၅ ႏွစ္ေအာက္ လုပ္ငန္းကုမၸဏီ၊ ကနဦး မတည္ေငြ အေမရိကန္ေဒၚလာ တသိန္းေအာက္ရွိတဲ့ကုမၸဏီ ျဖစ္ဖို႔ လိုအပ္ၿပီး “စြန႔္ဦးတီထြင္လူငယ္လုပ္ငန္းရွင္”ဟု သတ္မွတ္ႏိုင္ဖို႔ လုပ္ငန္းတည္ေထာင္သူဟာ အသက္ ၄၀ ေအာက္ ျဖစ္ရမွာပါ။

ေနာက္ထပ္သတ္မွတ္ခ်က္ေတြအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္လိုတဲ့ ကုမၸဏီမွ ဝန္ထမ္း တဦးတေယာက္ဟာ ျပင္သစ္ျမန္မာကုန္သည္စက္မႈအသင္းရဲ႕ ဝန္ထမ္း၊ ဒါ႐ိုက္တာဘုတ္အဖြဲ႕ဝင္၊ အကဲျဖတ္အဖြဲ႕ဝင္၊ ၿပိဳင္ပြဲရဲ႕ ပါတနာ/စပြန္ဆာ၊ တစုံတေယာက္ရဲ႕ မိသားစုဝင္ ျဖစ္ခဲ့ရင္ အဲဒီကုမၸဏီ အေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခြင့္ မရွိဘူးလို႔ ဆိုပါတယ္။

ဝင္ေရာက္ ယွဥ္ၿပိဳင္လိုသူမ်ားအေနနဲ႔ ေလွ်ာက္လႊာေတြကို လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ ေနာက္ဆုံးထားေပးပို႔ရမွာျဖစ္ၿပီး ဆုေပးပြဲအခမ္းအနားကိုေတာ့ Novotel Yangon Max ဟိုတယ္မွာ ဒီဇင္ဘာလ ၁၁ ရက္ေန႔ မွာ Makers Night 2019 ဖြင့္ပြဲအခမ္းအနားနဲ႔အတူ က်င္းပသြားမွာ ျဖစ္ပါတယ္။

ဒီဆုေတြ ခ်ီးျမႇင့္ေ႐ႊးခ်ယ္ႏိုင္ဖို႔ အကဲျဖတ္အဖြဲ႕ထဲမွာေတာ့ စီးတီးမတ္ကုမၸဏီရဲ႕ စီအီးအို ေဒၚဝင္းဝင္းတင့္က ဥကၠ႒၊ SPA လုပ္ငန္းစုရဲ႕ ဥကၠ႒ ဦးသိမ္းေဝက ဒုဥကၠ႒အေနနဲ႔ ပါဝင္ၾကၿပီး ျပင္သစ္ျမန္မာ ကုန္သည္စက္မႈအသင္းမွ ဥကၠ႒ Mrs. Sarah Lubeigt နဲ႔ တျခားအဖြဲ႕ဝင္ေတြ အတူတကြ ပါဝင္အကဲျဖတ္သြားၾက မွာ ျဖစ္ပါတယ္။

မႏွစ္ကၿပိဳင္ပြဲမွာေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ကုမၸဏီ ၂၃ ခုထဲမွ ျပည္သူလူထုမွ ေ႐ြးခ်ယ္မႈဆု(Public’s Chose Award)ကို ေဖ့စ္ဘြတ္မွာ ႀကိဳက္ႏွစ္သက္မႈ(Like) အမ်ားဆုံးရရွိတဲ့ ဖက္ရွင္နဲ႔ ဒီဇိုင္းအမွတ္တံဆိပ္ Yangoods က ရရွိခဲ့ပါတယ္။

တီထြင္ဆန္းသစ္မႈဆိုင္ရာဆု(Innovation Award)ကိုေတာ့ ကြမ္းစားသူေတြအတြက္ ခံတြင္းသန႔္ရွင္းေရး ထုတ္ကုန္ေတြထုတ္လုပ္တဲ့ ကုမၸဏီ Zingo က ရရွိသြားၿပီး ေအာင္ျမင္စြာ လုပ္ငန္းလည္ပတ္ႏိုင္မႈဆု(Success Story Award)ကိုေတာ့ ခရီးသြားေအဂ်င္စီ Pro Niti Travel က ရရွိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013