DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ဖခင်ဖြစ်သူက သမီးရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား
DVB
·
September 26, 2019
ဘိုကလေးတွင် ဖခင်ဖြစ်သူက သမီးရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား
Donate to DVB

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ရွှေထူးကျေးရွာမှာ ဖခင်အရင်းက အသက် ၁၅ နှစ်အရွယ် သမီးအရင်းကို အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလာ ၂၃ ရက်နေ့မှာ သမီးဖြစ်သူ ဗိုက်အောင့်လို့ ကြိမ်ချောင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဦးစီးဌာနကို သွားရောက်ပြသရာမှ ကိုယ်ဝန်ရှိကြောင်း သိရတာပါ။

သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေကြောင်းသိရတဲ့အတွက် မိခင်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေရှေ့ မေးမြန်းရာမှာ ဖခင်ဖြစ်သူ ကျူးလွန်ကြောင်း သိရတာပါ။ 

၂၀၁၉ ခုနှစ် မတ်လအတွင်း ဖခင်ဖြစ်သူအလုပ်လုပ်နေတဲ့ လယ်ထဲ လိုက်သွားရာမှ ၂ ကြိမ်နဲ့ နေအိမ်အိပ်ခန်းအတွင်းမှာ ၂ ကြိမ် ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူက ပြောကြားခဲ့တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

မိခင်ဖြစ်သူက ခင်ပွန်း အောင်သန်း (ခ) အညာသားကို ဥပဒေအရ အရေးယူပေးဖို့ စက်တင်ဘာလ ၂၄ ရက်နေ့က ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းကို တိုင်တန်းခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ကျူးလွန်ခံရသူ မ---အား ရဲဆေးစာနဲ့ ကြိမ်ချောင်းကြီးတိုက်နယ် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

ကျော်စိုးမိုး  




ဘိုကေလးတြင္ ဖခင္ျဖစ္သူက သမီးရင္းကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္မႈ ျဖစ္ပြား
DVB

ဖ်ာပုံခ႐ိုင္၊ ဘိုကေလးၿမိဳ႕နယ္၊ ႀကိမ္ေခ်ာင္းႀကီးေက်း႐ြာအုပ္စု၊ ေ႐ႊထူးေက်း႐ြာမွာ ဖခင္အရင္းက အသက္ ၁၅ ႏွစ္အ႐ြယ္ သမီးအရင္းကို အလိုမတူဘဲ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာလာ ၂၃ ရက္ေန႔မွာ သမီးျဖစ္သူ ဗိုက္ေအာင့္လို႔ ႀကိမ္ေခ်ာင္းႀကီးေက်း႐ြာ ေက်းလက္က်န္းမာေရးဦးစီးဌာနကို သြားေရာက္ျပသရာမွ ကိုယ္ဝန္ရွိေၾကာင္း သိရတာပါ။

သမီးျဖစ္သူမွာ ကိုယ္ဝန္ရွိေနေၾကာင္းသိရတဲ့အတြက္ မိခင္ျဖစ္သူက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ တာဝန္ရွိသူေတြေရွ႕ ေမးျမန္းရာမွာ ဖခင္ျဖစ္သူ က်ဴးလြန္ေၾကာင္း သိရတာပါ။

၂၀၁၉ ခုႏွစ္ မတ္လအတြင္း ဖခင္ျဖစ္သူအလုပ္လုပ္ေနတဲ့ လယ္ထဲ လိုက္သြားရာမွ ၂ ႀကိမ္နဲ႔ ေနအိမ္အိပ္ခန္းအတြင္းမွာ ၂ ႀကိမ္ ဖခင္ျဖစ္သူက အဓမၼျပဳက်င့္ခဲ့ေၾကာင္း သမီးျဖစ္သူက ေျပာၾကားခဲ့တယ္လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။

မိခင္ျဖစ္သူက ခင္ပြန္း ေအာင္သန္း (ခ) အညာသားကို ဥပေဒအရ အေရးယူေပးဖို႔ စက္တင္ဘာလ ၂၄ ရက္ေန႔က ႀကိမ္ေခ်ာင္းႀကီးနယ္ေျမရဲစခန္းကို တိုင္တန္းခဲ့တာေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္လွစ္ခဲ့ၿပီး က်ဴးလြန္ခံရသူ မ---အား ရဲေဆးစာနဲ႔ ႀကိမ္ေခ်ာင္းႀကီးတိုက္နယ္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က သိရပါတယ္။
ေက်ာ္စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013