DVB Logo
Home
မြန်မာသတင်း
ကုလအထွေထွေညီလာခံတွင် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောမည် 
DVB
·
September 26, 2019
ကုလအထွေထွေညီလာခံတွင် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောမည် 
Donate to DVB

နယူးယောက်မြို့မှာ လက်ရှိကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောမယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေရာမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲနဲ့ ဝန်ကြီးအဆင့်ကိုယ်စားလှယ်တွေက နိုင်ငံအလိုက် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတွေ အသီးသီး ပြောကြားနေကြတာပါ။

 အခုနှစ် အထွေထွေညီလာခံကို  မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်လင်းတို့နဲ့အတူ တက်ရောက်နေကြပါတယ်။

ဆွေးနွေးပွဲအစီအစဉ်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၈ ရက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားသွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ကျင်းပတဲ့ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။ 

၂၀၁၆ ခုနှစ် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီး ၂၀၁၇ ခုမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်းပြော ကြားခဲ့ပါတယ်။

ဓာတ်ပုံ-MOFA




ကုလအေထြေထြညီလာခံတြင္ အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ မိန႔္ခြန္းေျပာမည္
DVB

နယူးေယာက္ၿမိဳ႕မွာ လက္ရွိက်င္းပေနတဲ့ (၇၄) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြ ညီလာခံမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ တက္ေရာက္ မိန႔္ခြန္းေျပာမယ္လို႔ ႏိုင္ငံျခားေရးဌာနက သတင္းထုတ္ပါတယ္။

ကုလသမဂၢအေထြေထြညီလာခံကို စက္တင္ဘာ ၂၄ ရက္မွ ၃၀ ရက္အထိ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပေနရာမွာ ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံေပါင္း ၁၉၃ ႏိုင္ငံမွ ႏိုင္ငံအႀကီးအကဲ၊ အစိုးရအႀကီးအကဲနဲ႔ ဝန္ႀကီးအဆင့္ကိုယ္စားလွယ္ေတြက ႏိုင္ငံအလိုက္ အေထြေထြမူဝါဒေရးရာ မိန႔္ခြန္းေတြ အသီးသီး ေျပာၾကားေနၾကတာပါ။

အခုႏွစ္ အေထြေထြညီလာခံကို ျမန္မာကိုယ္စား လွယ္အဖြဲ႕ေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးေက်ာ္တင္၊ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းနဲ႔ အေမရိကန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ အမတ္ႀကီး ဦးေအာင္လင္းတို႔နဲ႔အတူ တက္ေရာက္ေနၾကပါတယ္။

ေဆြးေႏြးပြဲအစီအစဥ္အရ ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက စက္တင္ဘာလ ၂၈ ရက္မွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အေထြေထြမူဝါဒေရးရာ မိန႔္ခြန္းေျပာၾကားသြားဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ က်င္းပတဲ့ (၇၃) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြ ညီလာခံမွာလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြ တက္ေရာက္ မိန႔္ခြန္းေျပာၾကားခဲ့တာပါ။

၂၀၁၆ ခုႏွစ္ (၇၁) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ပထမဆုံးအႀကိမ္ တက္ေရာက္မိန႔္ခြန္း ေျပာၾကားခဲ့ၿပီး ၂၀၁၇ ခုမွာ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ တက္ေရာက္ မိန႔္ခြန္းေျပာ ၾကားခဲ့ပါတယ္။
ဓာတ္ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013