DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးတိမ်းရှောင်နေသည့် ဦးလှဆွေကို တရားခံပြေးအဖြစ် ကြေညာတော့မည်
DVB
·
September 25, 2019
ထွက်ပြေးတိမ်းရှောင်နေသည့် ဦးလှဆွေကို တရားခံပြေးအဖြစ် ကြေညာတော့မည်
Donate to DVB

ဖမ်းဝရမ်းထုတ်ခံထားရပြီး လက်ရှိအချိန် အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို မကြာခင်တရားခံပြေးအဖြစ် ကြေညာတော့မယ်လို့ အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေး အရာရှိက ပြောပါတယ်။ 

ဦးလှဆွေကို ဖမ်းဆီးရမိရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ သြဂုတ် ၂၈ ရက်နေ့မှာ ရဲဌာနကို ဖမ်းဝရမ်းသက်တမ်း ထပ်တိုးပေးခဲ့ပြီး လက်ရှိချိန်ထိ ဖမ်းမမိသေးပါဘူး။ 

ဒီနေ့ရုံးချိန်းမှာတော့ ဦးလှဆွေနေထိုင်တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ဂန့်ဂေါမြောက်ခရိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။ 

အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက “နောက်ရုံးချိန်းမှာ နေပြည်တော်က တယောက်ကို စစ်ပြီးရင်တော့ တရားခံပြေးအဖြစ် ကြေညာခြင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး တရားရုံးက ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို ပြီးခဲ့တဲ့ သြဂုတ်လက မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့တဲ့ ‘အမေရိကန်နိုင်ငံက မြန်မာ့တပ်မတော်ထိပ်တန်းအရာရှိတွေ အပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆန့်ကျင်ရှုတ်ချပွဲ’မှာ ဟောပြောတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲဆို ထားတာပါ။

တရားစွဲဆိုပြီးနောက် လာရောက် အဖမ်းမခံတာကြောင့် သြဂုတ် ၇ ရက်မှာ ဖမ်းဝရမ်းထုတ်ထားပါတယ်။

သြဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်တဲ့ကန့်ကွက်ပွဲမှာ ‘‘ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ ရုံးဝန်ကြီးတွေ၊ ရုံးတွေ၊ အစိုးရအဖွဲ့ရုံးတွေ အကုန်လုံးသေပါစေ၊ အေးရောမဟုတ်လား။ သဘောတူလား။ အမေရိကန်ကိုမကြောက်ပါဘူး။ လာဗုံးကြဲစမ်းပါအစိုးရအဖွဲ့ကို။ ဒါကိုသဘောတူတယ်” ဆိုတဲ့ ဦးလှဆွေရဲ့ ဟောပြောချက်တွေနဲ့ပက်သက်ပြီး ထောင်ဒဏ်နှစ် ၂၀ အထိချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာပါ။

နောက်ထပ်ရုံးချိန်းကိုတော့ အောက်တိုဘာ ၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ 




ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဦးလွေဆြကို တရားခံေျပးအျဖစ္ ေၾကညာေတာ့မည္
DVB
ဖမ္းဝရမ္းထုတ္ခံထားရၿပီး လက္ရွိအခ်ိန္ အဖမ္းမခံဘဲ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို မၾကာခင္တရားခံေျပးအျဖစ္ ေၾကညာေတာ့မယ္လို႔ အေနာက္ပိုင္းခ႐ိုင္ တရား႐ုံး ျပန္ၾကားေရး အရာရွိက ေျပာပါတယ္။

ဦးလွေဆြကို ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးကေန ၾသဂုတ္ ၂၈ ရက္ေန႔မွာ ရဲဌာနကို ဖမ္းဝရမ္းသက္တမ္း ထပ္တိုးေပးခဲ့ၿပီး လက္ရွိခ်ိန္ထိ ဖမ္းမမိေသးပါဘူး။

ဒီေန႔႐ုံးခ်ိန္းမွာေတာ့ ဦးလွေဆြေနထိုင္တဲ့ ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၄၅ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၊ ဂန႔္ေဂါၿမိဳ႕နယ္ စည္ပင္သာယာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ဂန႔္ေဂါေျမာက္ခ႐ိုင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးတို႔ကို တရားလိုျပသက္ေသအျဖစ္ စစ္ေဆးခဲ့ပါတယ္။

အေနာက္ပိုင္းခ႐ိုင္ တရား႐ုံး ျပန္ၾကားေရး အရာရွိ ဦးေဇာ္ေဇာ္ထြန္းက “ေနာက္႐ုံးခ်ိန္းမွာ ေနျပည္ေတာ္က တေယာက္ကို စစ္ၿပီးရင္ေတာ့ တရားခံေျပးအျဖစ္ ေၾကညာျခင္း ကိစၥေတြနဲ႔ ပတ္သက္ၿပီး တရား႐ုံးက ဆက္လက္ေဆာင္႐ြက္သြားမွာပါ” လို႔ ေျပာပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို ၿပီးခဲ့တဲ့ ၾသဂုတ္လက မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ျပဳလုပ္ခဲ့တဲ့ ‘အေမရိကန္ႏိုင္ငံက ျမန္မာ့တပ္မေတာ္ထိပ္တန္းအရာရွိေတြ အေပၚ အေရးယူပိတ္ဆို႔မႈေတြကို ဆန႔္က်င္ရႈတ္ခ်ပြဲ’မွာ ေဟာေျပာတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး ေက်ာက္တံတားၿမိဳ႕နယ္ ဒုတိယအေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးျမင့္က တရားလိုျပဳလုပ္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄ (က)နဲ႔ တရားစြဲဆို ထားတာပါ။

တရားစြဲဆိုၿပီးေနာက္ လာေရာက္ အဖမ္းမခံတာေၾကာင့္ ၾသဂုတ္ ၇ ရက္မွာ ဖမ္းဝရမ္းထုတ္ထားပါတယ္။

ၾသဂုတ္ ၃ ရက္က မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ျပဳလုပ္တဲ့ကန႔္ကြက္ပြဲမွာ ‘‘ဗုံးႀကဲစမ္းပါ။ အစိုးရအဖြဲ႕ ႐ုံးဝန္ႀကီးေတြ၊ ႐ုံးေတြ၊ အစိုးရအဖြဲ႕႐ုံးေတြ အကုန္လုံးေသပါေစ၊ ေအးေရာမဟုတ္လား။ သေဘာတူလား။ အေမရိကန္ကိုမေၾကာက္ပါဘူး။ လာဗုံးႀကဲစမ္းပါအစိုးရအဖြဲ႕ကို။ ဒါကိုသေဘာတူတယ္” ဆိုတဲ့ ဦးလွေဆြရဲ႕ ေဟာေျပာခ်က္ေတြနဲ႔ပက္သက္ၿပီး ေထာင္ဒဏ္ႏွစ္ ၂၀ အထိခ်မွတ္ႏိုင္တဲ့ ပုဒ္မနဲ႔ တရားစြဲဆိုခဲ့တာပါ။

ေနာက္ထပ္႐ုံးခ်ိန္းကိုေတာ့ ေအာက္တိုဘာ ၉ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013