DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဆန်လက်ကျန်များနိုင်သဖြင့် အထူးအစီအစဉ်အဖြစ် စပါးတင်ပို့ရန် ဆွေးနွေးနေ
DVB
·
September 25, 2019
ပြည်တွင်းဆန်လက်ကျန်များနိုင်သဖြင့် အထူးအစီအစဉ်အဖြစ် စပါးတင်ပို့ရန် ဆွေးနွေးနေ
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ ဆန်လက်ကျန်များနိုင်တဲ့အတွက် အထူးအစီအစဉ်အဖြစ် ပြည်ပကို စပါး တင်ပို့ဖို့ ဆွေးနွေးနေတယ်လို့  စီးပွားရေးနှင့် ကူးသန်းဌာနက သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေး လုပ်ငန်းကော်မတီအစည်းအဝေးအပြီးမှာ ဒုတိယဝန်ကြီးက ခုလို ပြောတာပါ။

ဒုတိယ ဝန်ကြီး ဦးအောင်ထူးက "ဒါကတော့ အထူးအစီအစဉ် တရပ်အနေနဲ့ ဒီနှစ်မှာ ဆန်လက်ကျန်တွေ များနိုင်တဲ့ အတွက် ကြောင့်မို့ စပါးကို စပါးအတိုင်း တင်ပို့ခွင့်ပြုဖို့ အကြံပြုတင်ပြတာလုပ်မယ်။ ဒါသတ်မှတ်ထားတဲ့ အရေအတွက်ဖြစ်မယ်၊ သတ်မှတ်ထားတဲ့အချိန် အတိုင်းအတာအတွင်းမှာ ဖြစ်ရမှာပေါ့။ လက်ရှိမှာ ကမ်းလှမ်းထားတာတွေတော့ အတိအကျမသိသေးဘူး။ ဒီလိုပဲ အလွတ်သဘောပြောတာတွေ ရှိတယ်။ နောက် တောင်သူလယ်သမားကြီးတွေကလည်း ဒါကို တောင်းဆို ထားတာရှိတယ် " လို့ ပြောပါတယ်။

ဒါအပြင် တရုတ်နိုင်ငံနဲ့ ဆန်စပါး တင်ပို့ခွင့်အတွက် MoU စာချုပ်ကိုလည်း မကြာခင်မှာ ပြန်လည်ပြင်ဆင်ချုပ်ဆိုသွားဖို့ရှိပြီး ပြင်ဆင်ချုပ်ဆိုမယ့်အထဲမှာ ဆန်ကွဲကို အကန့်သတ်မရှိ တင်ပို့ဖို့ ထည့်သွင်းချုပ်ဆိုသွားမယ်လို့ ဆိုပါတယ်။

"အဲလို ဆန်ကွဲကို ပို့မယ်ဆိုလို့ရှိရင် ဆန်ကွဲရဲ့ ပမာဏက အကန့်အသတ်မရှိဘူး။ ပို့ချင် သလောက် ပို့လို့ရတဲ့ သဘောရှိပါတယ်။ အဲဒီဟာလည်း ဆန်ကွဲကအများကြီး ထွက်သွားနိုင်တယ်။ နောက်တစ်ခုက အခု ပြည်ပစျေးကွက်တွေက တန်းမြင့်ဆန်တွေကို ပိုပြီးတော့ တောင်းဆိုလာ တယ်။ ၁၀ ရာခိုင်နှုန်းတို့ ၅ ရာခိုင်နှုန်းတို့ အဲလိုတောင်းဆိုလာတယ်။ အဲလိုတောင်းဆို လာတဲ့အခါ ကျနော်တို့မှာ အကျိုးအကြေ ဆန်ကွဲတွေ အရမ်းများနေတာပေါ့နော်။ တကယ်လို့ ဆန်ကိုလည်း တန်းမြင့် ဆန်ပို့နိုင်မယ် အဲဒီကထွက်လာတဲ့ အကျိုးအကြေတွေကိုလည်း အကန့်အသတ်မရှိ ပို့နိုင်မယ်ဆို တောင်သူလယ်သမားတွေအတွက် ပိုပြီး အဆင်ပြေသွားမယ့် သဘောရှိပါတယ်" လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

အခုလို စပါးကို တင်ပို့ခွင့်ပြုတာမှာ သတ်မှတ်ထားတဲ့ တန်ချိန်၊ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာပဲ တင်ပို့ရမှာဖြစ်ပြီး စပါးရဲ့ အရည်အသွေးနဲ့ပတ်သက်တဲ့ စံချိန်စံညွန်း သတ်မှတ်ချက်တွေ၊ စံချိန်စံညွန်း မပြည့်မီခဲ့ဘူးဆိုရင် ဝယ်သူနဲ့ ရောင်းသူကြား ညှိနှိုင်းပြီးမှ စျေးသတ်မှတ်ကိုလည်း ဆွေးနွေးထားတယ်လို့ ပြောပါတယ်။




ျပည္တြင္းဆန္လက္က်န္မ်ားႏိုင္သျဖင့္ အထူးအစီအစဥ္အျဖစ္ စပါးတင္ပို႔ရန္ ေဆြးေႏြးေန
ေနၿဖိဳးဝင္း

ျမန္မာႏိုင္ငံအတြင္းမွာ ဆန္လက္က်န္မ်ားႏိုင္တဲ့အတြက္ အထူးအစီအစဥ္အျဖစ္ ျပည္ပကို စပါး တင္ပို႔ဖို႔ ေဆြးေႏြးေနတယ္လို႔ စီးပြားေရးႏွင့္ ကူးသန္းဌာနက သိရပါတယ္။

စက္တင္ဘာလ ၂၄ ရက္ေန႔က ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွာ ျပဳလုပ္တဲ့ ဆန္စပါး ေစ်းကြက္ႏွင့္ ေစ်းႏႈန္းဆိုင္ရာ သုံးသပ္အႀကံျပဳ တင္ျပေရး လုပ္ငန္းေကာ္မတီအစည္းအေဝးအၿပီးမွာ ဒုတိယဝန္ႀကီးက ခုလို ေျပာတာပါ။

ဒုတိယ ဝန္ႀကီး ဦးေအာင္ထူးက "ဒါကေတာ့ အထူးအစီအစဥ္ တရပ္အေနနဲ႔ ဒီႏွစ္မွာ ဆန္လက္က်န္ေတြ မ်ားႏိုင္တဲ့ အတြက္ ေၾကာင့္မို႔ စပါးကို စပါးအတိုင္း တင္ပို႔ခြင့္ျပဳဖို႔ အႀကံျပဳတင္ျပတာလုပ္မယ္။ ဒါသတ္မွတ္ထားတဲ့ အေရအတြက္ျဖစ္မယ္၊ သတ္မွတ္ထားတဲ့အခ်ိန္ အတိုင္းအတာအတြင္းမွာ ျဖစ္ရမွာေပါ့။ လက္ရွိမွာ ကမ္းလွမ္းထားတာေတြေတာ့ အတိအက်မသိေသးဘူး။ ဒီလိုပဲ အလြတ္သေဘာေျပာတာေတြ ရွိတယ္။ ေနာက္ ေတာင္သူလယ္သမားႀကီးေတြကလည္း ဒါကို ေတာင္းဆို ထားတာရွိတယ္ " လို႔ ေျပာပါတယ္။

ဒါအျပင္ တ႐ုတ္ႏိုင္ငံနဲ႔ ဆန္စပါး တင္ပို႔ခြင့္အတြက္ MoU စာခ်ဳပ္ကိုလည္း မၾကာခင္မွာ ျပန္လည္ျပင္ဆင္ခ်ဳပ္ဆိုသြားဖို႔ရွိၿပီး ျပင္ဆင္ခ်ဳပ္ဆိုမယ့္အထဲမွာ ဆန္ကြဲကို အကန႔္သတ္မရွိ တင္ပို႔ဖို႔ ထည့္သြင္းခ်ဳပ္ဆိုသြားမယ္လို႔ ဆိုပါတယ္။

"အဲလို ဆန္ကြဲကို ပို႔မယ္ဆိုလို႔ရွိရင္ ဆန္ကြဲရဲ႕ ပမာဏက အကန႔္အသတ္မရွိဘူး။ ပို႔ခ်င္ သေလာက္ ပို႔လို႔ရတဲ့ သေဘာရွိပါတယ္။ အဲဒီဟာလည္း ဆန္ကြဲကအမ်ားႀကီး ထြက္သြားႏိုင္တယ္။ ေနာက္တစ္ခုက အခု ျပည္ပေစ်းကြက္ေတြက တန္းျမင့္ဆန္ေတြကို ပိုၿပီးေတာ့ ေတာင္းဆိုလာ တယ္။ ၁၀ ရာခိုင္ႏႈန္းတို႔ ၅ ရာခိုင္ႏႈန္းတို႔ အဲလိုေတာင္းဆိုလာတယ္။ အဲလိုေတာင္းဆို လာတဲ့အခါ က်ေနာ္တို႔မွာ အက်ိဳးအေၾက ဆန္ကြဲေတြ အရမ္းမ်ားေနတာေပါ့ေနာ္။ တကယ္လို႔ ဆန္ကိုလည္း တန္းျမင့္ ဆန္ပို႔ႏိုင္မယ္ အဲဒီကထြက္လာတဲ့ အက်ိဳးအေၾကေတြကိုလည္း အကန႔္အသတ္မရွိ ပို႔ႏိုင္မယ္ဆို ေတာင္သူလယ္သမားေတြအတြက္ ပိုၿပီး အဆင္ေျပသြားမယ့္ သေဘာရွိပါတယ္" လို႔ ဒုတိယဝန္ႀကီးက ေျပာပါတယ္။

အခုလို စပါးကို တင္ပို႔ခြင့္ျပဳတာမွာ သတ္မွတ္ထားတဲ့ တန္ခ်ိန္၊ သတ္မွတ္ထားတဲ့ ကာလအတြင္းမွာပဲ တင္ပို႔ရမွာျဖစ္ၿပီး စပါးရဲ႕ အရည္အေသြးနဲ႔ပတ္သက္တဲ့ စံခ်ိန္စံၫြန္း သတ္မွတ္ခ်က္ေတြ၊ စံခ်ိန္စံၫြန္း မျပည့္မီခဲ့ဘူးဆိုရင္ ဝယ္သူနဲ႔ ေရာင္းသူၾကား ညႇိႏႈိင္းၿပီးမွ ေစ်းသတ္မွတ္ကိုလည္း ေဆြးေႏြးထားတယ္လို႔ ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013