DVB Logo
Home
မြန်မာသတင်း
စပါး ၁ တင်း ကျပ် ၇၀၀၀ တိုးမြှင့်သတ်မှတ်ပေးရန်  သာယာဝတီ တောင်သူများ ဆန္ဒပြ
DVB
·
September 25, 2019
စပါး ၁ တင်း ကျပ် ၇၀၀၀ တိုးမြှင့်သတ်မှတ်ပေးရန်  သာယာဝတီ တောင်သူများ ဆန္ဒပြ
1 / 6
Donate to DVB
လယ်သမားဘဝ မြှင့်တင်ပေးရေးနဲ့ အခြေခံစပါးစျေးကို တတင်း ကျပ် ၇၀၀၀   တိုးမြှင့်သတ်မှတ်ပေးဖို့ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၈ အုပ်စုက တောင်သူ ၁၀၀၀ ကျော်လောက်က ဒီနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်သူဦးဝင်းသိန်းက "အစက ဘုရင့်နောင်ဆိုတဲ့ စျေးကွက်မရှိဘူး။ ဆန်ကုန်သည်ကြီးများ အသင်းဆိုတာ မရှိဘူး။ အစိုးရအချင်းချင်း ချိတ်ဆက်ပြီး နိုင်ငံတကာကို လွပ်လပ်စွာ တင်ပို့ရောင်းချခွင့်ရှိတယ်။ တောင်သူတွေကိုလည်း ထိုက်သင့်တဲ့အခွန်တွေ ကောက်တယ်။ အဲ့အချိန်က ရွှေစျေးနဲ့ စပါးစျေး ညီခဲ့တယ်။ အဲ့ချိန်မှာ လယ်သမားတွေ အဆင်ပြေတယ်။ စိုက်ပျိုးရေးနိုင်ငံမှာ စိုက်ပျိုးရေး ကုန်စျေးနှုန်းကျတဲ့အတွက် လုပ်အားခစျေးတွေ ပါ ကျလာတယ်။ အဲ့အတွက် မြန်မာနိုင်ငံရဲ့ လုပ်အားအရင်းအမြစ်တွေက နိုင်ငံတကာကို ရောက်ကုန်ပြီ။ စပါးစျေးကွက်ပျက်နေတာတွေကို လယ်သမားတွေနဲ့ အခြေခံ လူတန်းစားတွေ ခံစားနေရတာတွေကို နိုင်ငံတော်အကြီးအကဲတွေကို သိစေချင်တာကြောင့် အခုလို ဆန္ဒထုတ်ဖော်တာပါ"လို့ ပြောပါတယ်။
လက်ရှိ ဆန်စပါးစိုက်ပျိုးရာမှာ စပါးတတင်းကို အရင်း ၆၀၀၀ကျပ်ရှိနေပြီး ၇၀၀၀ကျပ်အထိ တိုးပေးမှာသာ တောင်သူတွေအတွက် အဆင်ပြေမှာဖြစ်တဲ့ အကြောင်းနဲ့  လက်ရှိစျေးအတိုင်းဝယ်မယ်ဆို တစ်ဧကကို ကျပ် ၈၀၀၀၀ အထိ အရှုံးပေါ်နေတယ်လို့ တောင်သူ တွေက ပြောပါတယ်။
တောင်သူဦးမြင့်ထွန်းက "ဒေါ်လာစျေးကို အကြောင်းပြုပြီး တကယ်အရည်အသွေးကောင်းတဲ့ ဓာတ်မြေသြဇာတွေဆို လေးသိန်းခွဲအထိ တင်ရောင်းတယ်။ သူတို့စျေးတင်ရောင်းတိုင်းမှာ ကျနော်တို့ လယ်တဧကကုန်ကျ စရိတ်မြင့်တက်သွားတယ်။ သဘာဝဘေးဒဏ်ကျလို့ ကျနော်တို့ကို ကူညီမယ့်သူ မရှိဘူး။ အရင်ခေတ်အဆက်ဆက်မှာ စပါးတတင်းကို ၄၆ ပေါင်သတ်မှတ်ပေး ထားတာ။ နောက်ပိုင်း ၄၈ ပေါင်တိုးယူတယ်။ အခုနောက်ပိုင်း ၅၂ ပေါင် အထိပေးနေရတယ်။ ရာသီဥတုကောင်းပြီး သဘာဝဘေးအန္တရာယ်ကင်းမှ တဧကကို စပါးတင်း ၆၀ နှုန်းထွက်တယ်။ လယ်တဧကကို စိုက်ပျိုးစရိတ် ကျပ် သုံးသိန်းခြောက်သောင်းအထက် ကုန်တယ်။ အပေါ်က ငါးသိန်းစျေး သတ်မှတ်တယ်။ အောက်ခြေမှာက သူတို့ဝယ်ချင်တဲ့စျေးနဲ့ ဝယ်နေတယ်။ ကျနော်တို့ တောင်သူတွေဘဝကို ကုန်သည်ကြီးများလက်ကို မအပ်ပါနဲ့ ကုန်သည်ကြီးတွေကျေးဇူး ကျနော်တို့ တောင်သူတွေအပေါ်မှာ မူးလို့တောင် ရှူစရာမရှိပါဘူး။ "လို့ ပြောပါတယ်။
တောင်သူတွေမှာ စပါးစျေးနှိမ့်ချ ဝယ်ယူတာခံနေရတဲ့အတွက် ဓာတ်မြေသြဇာတွေကို အတိုးပေးပြီး အကြွေးဝယ်ယူရတာတွေ၊ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီပြန်ဆပ်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။
အစိုးရသတ်မှတ်ထားတဲ့ စပါးစျေးနှုန်းထက်  နှိမ့်ချဝယ်ယူနေတဲ့အပြင် ဝယ်သူမျှော်နေရပြီး  လာဝယ်တဲ့ ကုန်သည်တွေကိုလည်း အကြွေးနဲ့ ရောင်းနေရတယ်လို့ တောင်သူတွေကပြောပါတယ်။
ဆန္ဒပြတဲ့ တောင်သူ ၁၀၀၀ ကျော်ဟာ အခြေခံလယ်သမားဘဝမြင့်တင်ပေးရေး၊ စပါး တတင်းအခြေခံစျေး ၇၀၀၀ ကျပ်ပေးရေး၊ စပါးစျေးကွက်မူဝါဒပြင်ဆင်ရေး၊ လယ်ယာမြေဥပဒေများပြင်ဆင်ပေးရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ကာ သာယာဝတီမြို့ကနေ သုံးဆယ်မြို့အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
သတင်း- မေသွယ်
DVB
လယ်သမားဘဝ မြှင့်တင်ပေးရေးနဲ့ အခြေခံစပါးဈေးကို တတင်း ကျပ် ၇၀၀၀ တိုးမြှင့်သတ်မှတ်ပေးဖို့ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၈ အုပ်စုက တောင်သူ ၁၀၀၀ ကျော်လောက်က ဒီနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိ ဆန်စပါးစိုက်ပျိုးရာမှာ စပါးတတင်းကို အရင်း ၆၀၀၀ကျပ်ရှိနေပြီး ၇၀၀၀ကျပ်အထိ တိုးပေးမှာသာ တောင်သူတွေအတွက် အဆင်ပြေမှာဖြစ်တဲ့ အကြောင်းနဲ့ လက်ရှိဈေးအတိုင်းဝယ်မယ်ဆို တစ်ဧကကို ကျပ် ၈၀၀၀၀ အထိ အရှုံးပေါ်နေတယ်လို့ တောင်သူ တွေက ပြောပါတယ်။
တောင်သူတွေမှာ စပါးဈေးနှိမ့်ချ ဝယ်ယူတာခံနေရတဲ့အတွက် ဓာတ်မြေသြဇာတွေကို အတိုးပေးပြီး အကြွေးဝယ်ယူရတာတွေ၊ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီပြန်ဆပ်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။
အစိုးရသတ်မှတ်ထားတဲ့ စပါးဈေးနှုန်းထက် နှိမ့်ချဝယ်ယူနေတဲ့အပြင် ဝယ်သူမျှော်နေရပြီး လာဝယ်တဲ့ ကုန်သည်တွေကိုလည်း အကြွေးနဲ့ ရောင်းနေရတယ်လို့ တောင်သူတွေကပြောပါတယ်။
ဆန္ဒပြတဲ့ တောင်သူ ၁၀၀၀ ကျော်ဟာ အခြေခံလယ်သမားဘဝမြင့်တင်ပေးရေး၊ စပါး တတင်းအခြေခံဈေး ၇၀၀၀ ကျပ်ပေးရေး၊ စပါးဈေးကွက်မူဝါဒပြင်ဆင်ရေး၊ လယ်ယာမြေဥပဒေများပြင်ဆင်ပေးရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ကာ သာယာဝတီမြို့ကနေ သုံးဆယ်မြို့အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
သတင်း- မေသွယ်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013