DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ် ဝေဖန်မှုမြင့်တက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုဇာတ်လမ်းတို (ရုပ်သံ)
DVB
·
September 25, 2019
အွန်လိုင်းပေါ် ဝေဖန်မှုမြင့်တက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုဇာတ်လမ်းတို (ရုပ်သံ)
Donate to DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း  ဂုဏ်ပြုဇာတ်လမ်းတို Trailer ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ရှိလာရာမှာ  အွန်လိုင်းပေါ်မှာတော့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မင်းရသ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် စက်တင်ဘာလ ၂၃ ရက်နေ့က မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

She လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းတိုကို သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ဖန်တီးရိုက်ကူးထားတယ်လို့ ဖော်ပြခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ခုလိုရေးသားထား ခဲ့တာပါ။

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုရိုက်ကူးထားတဲ့ She ဇာတ်လမ်းတိုလေးရဲ့Trailer ပါ။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ မင်းရသ။ ဇာတ်လမ်းအပြည့်အစုံကိုတော့ မကြာမီ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံအတိုင်း ဝတ်စားဆင်ယင်ထားခဲ့တဲ့ သရုပ်ဆောင် အမျိုးသမီးတဦးက “ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အသက်ဟာ ပြည်သူလူထုရဲ့ လက်ခံယုံ ကြည်မှုပါပဲ”ဆိုပြီး အစချီ ပြောထားတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာတော့ ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်းနီးပါးရှိနေပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်အပေါ် ဝေဖန်မှတ်ချက်ပေးသူတွေကတော့ သရုပ်ဆောင်အမျိုးသမီးရဲ့ ပြောဆိုသရုပ်ဆောင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူညီကြောင်း ဝေဖန်နေကြပြီး ပြန်လည်မျှဝေထားသူ သောင်းနဲ့ချီ ရှိနေခဲ့ပါတယ်။

James Zeya အမည်နဲ့ ဝေဖန်မှတ်ချက်ပေးသူတဦးကတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“တာဝန်ရှိသူများခင်ဗျား။ စက်တင်ဘာလ ၂၃ ရက်နေ့ ၂၀၁၉ ခုနစ်တွင် မင်းရသ ဟုသော Facebook စာမျက်နှာမှ တဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အား ဂုဏ်ပြု တင်ဆက်မည့် SHE အမည်ရ ဇတ်လမ်းတိုအား Public တွင် နမူနာ ပြသ တင်ဆက်ခဲ့ပါသည်။ တင်ဆက်သူ မင်းရသ ၏ ဂုဏ်ပြုလိုသော စိတ်၊ ပါတီအောင်နိုင်ရေး စိတ်ကို နားလည်သဘောပေါက်သော်လည်း နိုင်ငံတော်၏ ပုံရိပ်ဖြစ်သော အမေစုအား သရုပ်ဖော်ခြင်းမှာ အထိခိုက်အမှားမခံကြောင်း (Sensitive ဖြစ်လွယ် ကြောင်း) နားလည်ရ မည်ဖြစ်ပါသည်။ မင်းရသ၏ ကြိုးပမ်းအားထုတ်မှုများစွာ လိုအပ်နေသေးသည့် အပြင် ပေါ့ပေါ့ပျက်ပျက်ဖြင့် ကပျက်ကယော်လုပ်ထားမှုများက အမြင်မတော်ဖြစ်လျက်ရှိနေပါသည်။ ကြည့်ရှုထားသူ ၈ သောင်းကျော်ရှိသော နမူနာပြကွက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား လေးစားချစ်မြတ်နိုးသူများမှ ဝိုင်းဝန်းကန့်ကွက်ထားခြင်း ၉၀ % ကျော် ရှိသည်ကိုလည်း အောက်ပါ လင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သို့ပါ၍ လူတစ်ဦးတစ်ယောက်၏ ကြိုးပမ်းအားထုတ်မှုအား စိတ်ဓာတ်ကျဆင်းသွားခြင်း မဖြစ်စေရန်သော်လည်းကောင်း၊ နိုင်ငံသားတိုင်း၏ လွတ်လပ်ခွင့်အရ သော်လည်းကောင်း အဆိုပါ မင်းရသ သည် ဤကဲ့သို့ နိုင်ငံတော်၏ ပုံရိပ်နှင့် ဆက်ဆိုင်သည်များကို ရိုက်ကူး ပုံဖော်မည်ဆိုပါက Myanmar State Counsellor office မှ ခွင့်ပြုချက်ရယူရန်နှင့် ယခုထက် ပိုမိုအားထုတ် ကြိုးစားထားသော၊ တလေးတစား ရိုက်ကူးမှုပြုလုပ်မှသာ Public သို့ တင်ဆက်ခွင့်ပြုသင့်ပါကြောင်း တာဝန်ရှိလူကြီးမင်းများ စီစစ်ဆုံးဖြတ် အဆုံးအမပြုသင့်ပါကြာင်း အသိပေးတင်ပြပါသည် ခင်ဗျား”

အောင်ကိုကိုအမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူကတော့ “မင်းသမီးက ရန်ဖြစ်နေတာ ကျနေ တာဘဲ။ ဒေါ်အောင်ဆန်းစုကြည်လို တည်ငြိမ်ရင့်ကျက်တဲ့ဟန်ပန် မပေါက်ဘူး”လို့ ရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

ဒီရုပ်သံဇာတ်လမ်းတိုထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အမည်ကိုတော့ ဖော်ပြ ထားတာ မတွေ့ရပဲ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာတော့ ဝေဖန်မှုတွေ မြင့်တက်နေ ပါတယ်။




အြန္လိုင္းေပၚ ေဝဖန္မႈျမင့္တက္ေနသည့္ ေဒၚေအာင္ဆန္းစုၾကည္ဂုဏ္ျပဳဇာတ္လမ္းတို (႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေၾကာင္း ဂုဏ္ျပဳဇာတ္လမ္းတို Trailer ၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္ရွိလာရာမွာ အြန္လိုင္းေပၚမွာေတာ့ ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။

ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ မင္းရသ အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူတဦးရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာေပၚကေနတဆင့္ စက္တင္ဘာလ ၂၃ ရက္ေန႔က မွ်ေဝထားခဲ့တာ ျဖစ္ပါတယ္။

She လို႔ အမည္ေပးထားတဲ့ ဒီ႐ုပ္ရွင္ဇာတ္လမ္းတိုကို သူကိုယ္တိုင္ဇာတ္ၫႊန္းေရးၿပီး ကိုယ္တိုင္ဖန္တီး႐ိုက္ကူးထားတယ္လို႔ ေဖာ္ျပခဲ့ၿပီး ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ခုလိုေရးသားထား ခဲ့တာပါ။

“ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဂုဏ္ျပဳ႐ိုက္ကူးထားတဲ့ She ဇာတ္လမ္းတိုေလးရဲ႕Trailer ပါ။ ဇာတ္လမ္း၊ ဇာတ္ၫႊန္း၊ ဒါ႐ိုက္တာ မင္းရသ။ ဇာတ္လမ္းအျပည့္အစုံကိုေတာ့ မၾကာမီ”

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပုံစံအတိုင္း ဝတ္စားဆင္ယင္ထားခဲ့တဲ့ သ႐ုပ္ေဆာင္ အမ်ိဳးသမီးတဦးက “ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ အသက္ဟာ ျပည္သူလူထုရဲ႕ လက္ခံယုံ ၾကည္မႈပါပဲ”ဆိုၿပီး အစခ်ီ ေျပာထားတဲ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ဟာ လတ္တေလာမွာေတာ့ ၂ ရက္အတြင္း ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၁ သိန္းနီးပါးရွိေနပါတယ္။

ဒီ႐ုပ္သံဗြီဒီယိုဖိုင္အေပၚ ေဝဖန္မွတ္ခ်က္ေပးသူေတြကေတာ့ သ႐ုပ္ေဆာင္အမ်ိဳးသမီးရဲ႕ ေျပာဆိုသ႐ုပ္ေဆာင္မႈအေပၚ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မတူညီေၾကာင္း ေဝဖန္ေနၾကၿပီး ျပန္လည္မွ်ေဝထားသူ ေသာင္းနဲ႔ခ်ီ ရွိေနခဲ့ပါတယ္။

James Zeya အမည္နဲ႔ ေဝဖန္မွတ္ခ်က္ေပးသူတဦးကေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာ ခုလိုေရးသားၿပီး မွ်ေဝထားခဲ့တာကို ေတြ႕ရပါတယ္။

“တာဝန္ရွိသူမ်ားခင္ဗ်ား။ စက္တင္ဘာလ ၂၃ ရက္ေန႔ ၂၀၁၉ ခုနစ္တြင္ မင္းရသ ဟုေသာ Facebook စာမ်က္ႏွာမွ တဆင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ အား ဂုဏ္ျပဳ တင္ဆက္မည့္ SHE အမည္ရ ဇတ္လမ္းတိုအား Public တြင္ နမူနာ ျပသ တင္ဆက္ခဲ့ပါသည္။ တင္ဆက္သူ မင္းရသ ၏ ဂုဏ္ျပဳလိုေသာ စိတ္၊ ပါတီေအာင္ႏိုင္ေရး စိတ္ကို နားလည္သေဘာေပါက္ေသာ္လည္း ႏိုင္ငံေတာ္၏ ပုံရိပ္ျဖစ္ေသာ အေမစုအား သ႐ုပ္ေဖာ္ျခင္းမွာ အထိခိုက္အမွားမခံေၾကာင္း (Sensitive ျဖစ္လြယ္ ေၾကာင္း) နားလည္ရ မည္ျဖစ္ပါသည္။ မင္းရသ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားစြာ လိုအပ္ေနေသးသည့္ အျပင္ ေပါ့ေပါ့ပ်က္ပ်က္ျဖင့္ ကပ်က္ကေယာ္လုပ္ထားမႈမ်ားက အျမင္မေတာ္ျဖစ္လ်က္ရွိေနပါသည္။ ၾကည့္ရႈထားသူ ၈ ေသာင္းေက်ာ္ရွိေသာ နမူနာျပကြက္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အား ေလးစားခ်စ္ျမတ္ႏိုးသူမ်ားမွ ဝိုင္းဝန္းကန႔္ကြက္ထားျခင္း ၉၀ % ေက်ာ္ ရွိသည္ကိုလည္း ေအာက္ပါ လင့္တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။ သို႔ပါ၍ လူတစ္ဦးတစ္ေယာက္၏ ႀကိဳးပမ္းအားထုတ္မႈအား စိတ္ဓာတ္က်ဆင္းသြားျခင္း မျဖစ္ေစရန္ေသာ္လည္းေကာင္း၊ ႏိုင္ငံသားတိုင္း၏ လြတ္လပ္ခြင့္အရ ေသာ္လည္းေကာင္း အဆိုပါ မင္းရသ သည္ ဤကဲ့သို႔ ႏိုင္ငံေတာ္၏ ပုံရိပ္ႏွင့္ ဆက္ဆိုင္သည္မ်ားကို ႐ိုက္ကူး ပုံေဖာ္မည္ဆိုပါက Myanmar State Counsellor office မွ ခြင့္ျပဳခ်က္ရယူရန္ႏွင့္ ယခုထက္ ပိုမိုအားထုတ္ ႀကိဳးစားထားေသာ၊ တေလးတစား ႐ိုက္ကူးမႈျပဳလုပ္မွသာ Public သို႔ တင္ဆက္ခြင့္ျပဳသင့္ပါေၾကာင္း တာဝန္ရွိလူႀကီးမင္းမ်ား စီစစ္ဆုံးျဖတ္ အဆုံးအမျပဳသင့္ပါၾကာင္း အသိေပးတင္ျပပါသည္ ခင္ဗ်ား”

ေအာင္ကိုကိုအမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူကေတာ့ “မင္းသမီးက ရန္ျဖစ္ေနတာ က်ေန တာဘဲ။ ေဒၚေအာင္ဆန္းစုၾကည္လို တည္ၿငိမ္ရင့္က်က္တဲ့ဟန္ပန္ မေပါက္ဘူး”လို႔ ေရးသားၿပီး မွ်ေဝထားခဲ့တာကို ေတြ႕ရပါတယ္။

ဒီ႐ုပ္သံဇာတ္လမ္းတိုထဲမွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ အမည္ကိုေတာ့ ေဖာ္ျပ ထားတာ မေတြ႕ရပဲ လတ္တေလာ အင္တာနက္စာမ်က္ႏွာေတြေပၚမွာေတာ့ ေဝဖန္မႈေတြ ျမင့္တက္ေန ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013