DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်ရဲ့ “ပါတီခင်ဇော်” တကိုယ်တော် တေးအယ်လ်ဘမ်သစ် ထွက်မည်(ရုပ်သံ)
DVB
·
September 25, 2019
နီနီခင်ဇော်ရဲ့ “ပါတီခင်ဇော်” တကိုယ်တော် တေးအယ်လ်ဘမ်သစ် ထွက်မည်(ရုပ်သံ)
Donate to DVB

သီချင်းအသစ်တွေ ထွက်တိုင်း အံ့အားသင့်စရာတွေ တခုမဟုတ်တခု ပေးတတ်တဲ့ ပရိသတ်အချစ်တော် တေးသံရှင် နီနီခင်ဇော်ရဲ့ တကိုယ်တော်တေးအယ်လ်ဘမ် သစ်တချပ် ထွက်ရှိဖို့ ရှိနေပါတယ်။

ပါတီခင်ဇော်လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်ဟာ နီနီခင်ဇော်ရဲ့ ၄ ချပ် မြောက်ထွက်ရှိလာတဲ့ တေးအယ်လ်ဘမ်ဖြစ်ကာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ မှာ ပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေပဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော် လည်း၊ ရပ်စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၃ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

ခုထွက်ရှိလာတဲ့ ၄ ချပ်မြောက် တေးအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် တေးသီချင်း အမြည်းအဖြစ် သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“၂၇ ရက်နေ့မှာ ထွက်ရှိမယ့်နီနီ့ရဲ့ပါတီခင်ဇော် Audio CD Album ထဲက သီချင်း တချို့ကို အမြည်းအနေနဲ့တင်ပေးလိုက်ပါတယ်။ နီနီနဲ့အတူတူ ပါတီပွဲကျင်းပဖို့အ တွက်၂၇ ရက်နေ့လှည်းတန်းစင်တာ (Ourdoor Area) ကို လာခဲ့ကြနော်။ Let's Party !”

အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်းပေါင်း များစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ် မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ တော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီးလူသိ များလာစေ တဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တ စုံတရာ သီချင်းဟာ နိုင်ငံနဲ့အဝှမ်း လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီးချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ခုအသစ်ထွက်ရှိလာမယ့် တေးအယ်လ်ဘမ်ထဲမှာရော ဘယ်လိုဆန်းသစ်တဲ့ အနု ပညာတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု ကြရမှာပဲ ဖြစ်ပါတယ်။




နီနီခင္ေဇာ္ရဲ႕ “ပါတီခင္ေဇာ္” တကိုယ္ေတာ္ ေတးအယ္လ္ဘမ္သစ္ ထြက္မည္(႐ုပ္သံ)
DVB

သီခ်င္းအသစ္ေတြ ထြက္တိုင္း အံ့အားသင့္စရာေတြ တခုမဟုတ္တခု ေပးတတ္တဲ့ ပရိသတ္အခ်စ္ေတာ္ ေတးသံရွင္ နီနီခင္ေဇာ္ရဲ႕ တကိုယ္ေတာ္ေတးအယ္လ္ဘမ္ သစ္တခ်ပ္ ထြက္ရွိဖို႔ ရွိေနပါတယ္။

ပါတီခင္ေဇာ္လို႔ အမည္ေပးထားတဲ့ ဒီေတးအယ္လ္ဘမ္ဟာ နီနီခင္ေဇာ္ရဲ႕ ၄ ခ်ပ္ ေျမာက္ထြက္ရွိလာတဲ့ ေတးအယ္လ္ဘမ္ျဖစ္ကာ လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔ မွာ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံသြားမွာ ျဖစ္ပါတယ္။

ဂီတေလာကမွာ ဆယ္စုႏွစ္တစုကို အရွိန္အဟုန္နဲ႔ ျဖတ္သန္းခဲ့ၿပီး ရပ္တန႔္မေနပဲ ႀကိဳးစားေနခဲ့တဲ့ နီနီခင္ေဇာ္ဟာ ၂၀၀၈ ခုႏွစ္၊ The Best Of Melody World သီခ်င္း ဆိုၿပိဳင္ပြဲကတဆင့္ ဂီတေလာကထဲကို ေရာက္ရွိလာခဲ့ၿပီး အဲဒီႏွစ္မွာပဲ Winner ဆုကို ရရွိခဲ့ပါတယ္။

တဆက္တည္းမွာပဲ အဲဒီအယ္လ္ဘမ္ထဲက ရန္သူ၊ အေဝးေရာက္ေနပါေသာ္ လည္း၊ ရပ္စတဲ့ သီခ်င္းေတြဟာ ပရိသတ္ဆီ အရွိန္ျပင္းျပင္းနဲ႔ ေရာက္ရွိခဲ့ၿပီး အားေပးမႈ ရရွိခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ သူဟာ အတြဲသီခ်င္းအယ္လ္ဘမ္ေတြမွာေရာ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ေတြပါ ထြက္ရွိခဲ့ၿပီး ဂီတေျပးလမ္းေပၚမွာ ေလွ်ာက္လွမ္းႏိုင္ခဲ့ပါတယ္။
လက္ရွိမွာေတာ့ Mario(မာရီယို)၊ Red(အနီေရာင္)၊ U(ယူ)စတဲ့ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ ၃ ခ်ပ္ထြက္ရွိထားခဲ့ၿပီး ျဖစ္ပါတယ္။

ခုထြက္ရွိလာတဲ့ ၄ ခ်ပ္ေျမာက္ ေတးအယ္လ္ဘမ္ထဲမွာ ပါဝင္မယ့္ ေတးသီခ်င္း အျမည္းအျဖစ္ သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ ခုလိုေရးသားၿပီး မွ်ေဝထားခဲ့တာပါ။

“၂၇ ရက္ေန႔မွာ ထြက္ရွိမယ့္နီနီ႔ရဲ႕ပါတီခင္ေဇာ္ Audio CD Album ထဲက သီခ်င္း တခ်ိဳ႕ကို အျမည္းအေနနဲ႔တင္ေပးလိုက္ပါတယ္။ နီနီနဲ႔အတူတူ ပါတီပြဲက်င္းပဖို႔အ တြက္၂၇ ရက္ေန႔လွည္းတန္းစင္တာ (Ourdoor Area) ကို လာခဲ့ၾကေနာ္။ Let's Party !”

အသက္ ၂၈ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ေတးသံရွင္ နီနီခင္ေဇာ္ဟာ ေအာင္ျမင္ၿပီး ပရိသတ္လက္ခံအားေပးတဲ့ ေတးသီခ်င္းေပါင္း မ်ားစြာကို သီဆိုခဲ့သူျဖစ္ၿပီး ၂၀၁၃ ခုႏွစ္ မွာ ျမန္မာႏိုင္ငံက လက္ခံက်င္းပခဲ့တဲ့ အေရွ႕ေတာင္အာရွ ဆီးဂိမ္း အားကစားၿပိဳင္ပြဲမွာ ေတာ့ အဖြင့္သီခ်င္းကို နီနီခင္ေဇာ္က သီဆိုခဲ့ရကာ ေသြးခ်င္းတို႔ဌာေန ျမန္မာျပည္၊ ထာဝရျမန္မာ၊ ျပန္ဆုံမယ္ သီခ်င္းေတြဟာလည္း သူ႔ကို နာမည္ႀကီးလူသိ မ်ားလာေစ တဲ့ သီခ်င္းေတြ ျဖစ္ခဲ့ပါတယ္။

အဆိုေတာ္ ေဆာင္းဦးလႈိင္ ေရးစပ္ၿပီး နီနီခင္ေဇာ္ သီဆိုထားတဲ့ ေမွ်ာ္လင့္ခ်က္တ စုံတရာ သီခ်င္းဟာ ႏိုင္ငံနဲ႔အဝွမ္း လူသိမ်ား ထင္ရွားခဲ့သလို ဂီတနယ္ပယ္မွာ ဆုေတြ အမ်ားႀကီးခ်ီးျမႇင့္ခံခဲ့ရတဲ့ သီခ်င္းတပုဒ္ျဖစ္ပါတယ္။

ခုအသစ္ထြက္ရွိလာမယ့္ ေတးအယ္လ္ဘမ္ထဲမွာေရာ ဘယ္လိုဆန္းသစ္တဲ့ အႏု ပညာေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားထားႏိုင္မလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ၾကည့္ရႈ ၾကရမွာပဲ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013