DVB Logo
Home
မြန်မာသတင်း

ဥက္ကံတွင် တောဆင်ရိုင်းဝင်ရောက်၊ နေအိမ် ၁ လုံးပျက်စီး

DVB
·
September 25, 2019
ဥက္ကံတွင် တောဆင်ရိုင်းဝင်ရောက်၊ နေအိမ် ၁ လုံးပျက်စီး
1 / 5
Donate to DVB

ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှာ မနေ့ မနက်ပိုင်းက တောဆင်ရိုင်းတကောင် ဝင်ရောက်ပြီး နေအိမ်အတွင်းရှိ အစားအသောက်တွေကို ဝင်ရောက်စားသောက်  ဖျက်ဆီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

မီးလောင်စခန်း ကျေးရွာအုပ်ချုပ်ရေးမှူးက "မနက် ၄ နာရီကျော် အချိန်လောက်မှာ ဝင်လာပြီး အိမ်ထဲက ဆန်အိတ်ကိုဆွဲစားတာ။ လူတွေကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ ဆင်က အမြင့် ၉ ပေလောက်ရှိပြီး အစွယ်မပါဘူး။ ဆန်နှစ်အိတ်၊ အိုးခွက်ပန်းကန်တွေကို နင်းချေဖျက်စီးသွားတယ်"လို့ ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က ဆင်စခန်းကျေးရွာမှာ ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းတကောင် ၄ ရက်ဆက်တိုက်ဝင်ရောက်ပြီး လူနေအိမ်အတွင်းရှိ အစားအသောက်တွေနဲ့ စိုက်ပျိုးခြံတွေကို ဝင်ရောက်စားသောက်ဖျက်စီးခဲ့တာကြောင့်နေအိမ် ၈ လုံးနဲ့ စိုက်ခင်းအချို့ ပျက်စီးခဲ့ပါတယ်။

စပါးနဲ့ ကြံပေါ်ချိန်တွေမှာ ရွာတွေထဲကို တောဆင်ရိုင်းတွေ အုပ်စုလိုက်၊ ဒါမှမဟုတ် ၁ ကောင် ၂ ကောင်မျိုး ဝင်ရောက်တက်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောဆင်ရိုင်း ၁၀ ကောင်နဲ့အထက် အုပ်စုလိုက် ဝင်ရောက် စားသောက်ခဲ့တာကြောင့် ဖော်ကျူးကြံစိုက်ခင်းက ဧက ၂၀ လောက်ပျက်စီးခဲ့ပြီး တခြားစိုက်ခင်းတွေကိုလည်း ဝင်ရောက်စားသောက်ခဲ့တာကြောင့် ဧက ၅၀ လောက် ပျက်စီးခဲ့ပါတယ်။

သတင်း - မေသွယ်




ဥကၠံတြင္ ေတာဆင္႐ိုင္းဝင္ေရာက္၊ ေနအိမ္ ၁ လုံးပ်က္စီး
DVB

ရန္ကုန္၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဥကၠံၿမိဳ႕ မီးေလာင္စခန္းေက်း႐ြာမွာ မေန႔ မနက္ပိုင္းက ေတာဆင္႐ိုင္းတေကာင္ ဝင္ေရာက္ၿပီး ေနအိမ္အတြင္းရွိ အစားအေသာက္ေတြကို ဝင္ေရာက္စားေသာက္ ဖ်က္ဆီးသြားတယ္လို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။

မီးေလာင္စခန္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက "မနက္ ၄ နာရီေက်ာ္ အခ်ိန္ေလာက္မွာ ဝင္လာၿပီး အိမ္ထဲက ဆန္အိတ္ကိုဆြဲစားတာ။ လူေတြကေတာ့ ထြက္ေျပးလို႔လြတ္သြားတယ္။ ဆင္က အျမင့္ ၉ ေပေလာက္ရွိၿပီး အစြယ္မပါဘူး။ ဆန္ႏွစ္အိတ္၊ အိုးခြက္ပန္းကန္ေတြကို နင္းေခ်ဖ်က္စီးသြားတယ္"လို႔ ေျပာပါတယ္။

စက္တင္ဘာ ၆ ရက္က ဆင္စခန္းေက်း႐ြာမွာ ဂ်စ္ကားအမည္ရွိ ေတာဆင္႐ိုင္းတေကာင္ ၄ ရက္ဆက္တိုက္ဝင္ေရာက္ၿပီး လူေနအိမ္အတြင္းရွိ အစားအေသာက္ေတြနဲ႔ စိုက္ပ်ိဳးၿခံေတြကို ဝင္ေရာက္စားေသာက္ဖ်က္စီးခဲ့တာေၾကာင့္ေနအိမ္ ၈ လုံးနဲ႔ စိုက္ခင္းအခ်ိဳ႕ ပ်က္စီးခဲ့ပါတယ္။

စပါးနဲ႔ ႀကံေပၚခ်ိန္ေတြမွာ ႐ြာေတြထဲကို ေတာဆင္႐ိုင္းေတြ အုပ္စုလိုက္၊ ဒါမွမဟုတ္ ၁ ေကာင္ ၂ ေကာင္မ်ိဳး ဝင္ေရာက္တက္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ေတာဆင္႐ိုင္း ၁၀ ေကာင္နဲ႔အထက္ အုပ္စုလိုက္ ဝင္ေရာက္ စားေသာက္ခဲ့တာေၾကာင့္ ေဖာ္က်ဴးႀကံစိုက္ခင္းက ဧက ၂၀ ေလာက္ပ်က္စီးခဲ့ၿပီး တျခားစိုက္ခင္းေတြကိုလည္း ဝင္ေရာက္စားေသာက္ခဲ့တာေၾကာင့္ ဧက ၅၀ ေလာက္ ပ်က္စီးခဲ့ပါတယ္။
သတင္း - ေမသြယ္

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013