DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ၃ နှစ်အတွင်း ဟိုတယ် အလုံး ၁၀၀ ကျော်တိုးလာ
DVB
·
September 25, 2019
ရှမ်းပြည်နယ်တွင် ၃ နှစ်အတွင်း ဟိုတယ် အလုံး ၁၀၀ ကျော်တိုးလာ
Donate to DVB

ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းဟိုတယ် အလုံး ၁၀၀ ကျော်တိုးလာတယ်လို့ ဟိုတယ်နဲ့ ခရီး သွားလာရေးဝန်ကြီးဌာနက  သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ လိုင်စင်ရ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၂၅၃ လုံး၊ အခန်းပေါင်း ၈,၀၁၀ ခန်းရှိခဲ့ရာကနေ ဒီနေ့အချိန်မှာတော့ ဟိုတယ် ၃၅၇ လုံး၊ အခန်းပေါင်း ၁၁,၇၃၄ ခန်း လုပ်ငန်း လိုင်စင်ရယူ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။

၂၀၁၆ ခုနှစ်မှာ ဟိုတယ် ၃၂လုံး၊ ၂၀၁၇ ခုနှစ်မှာ အလုံး ၃၀၊ ၂၀၁၈ ခုနှစ်မှာ ၂၁ လုံးနဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ဟိုတယ် ၂ လုံးတိုးလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ စာရင်းတွေအရ မြန်မာတနိုင်ငံလုံးမှာ ဟိုတယ် ၁၇၀၄ လုံးကို လုပ်ငန်းလိုင်စင် ခွင့်ပြုပေးထားပြီး  အခန်းပေါင်း ၆၈,၁၆၇ ခန်းရှိတယ်လို့ ဆိုပါတယ်။ 

ဒေသအလိုက်ကတော့ နေပြည်တော်မှာ ဟိုတယ် ၆၅ လုံး၊ အခန်းပေါင်း ၅,၅၆၁ ခန်း၊ ရန်ကုန်မှာ ဟိုတယ် ၄၀၄ လုံး၊ ၂၁,၁၄၇ ခန်း၊ မန္တလေးမှာ ၂၁၉ လုံး၊ ၉,၀၇၃ ခန်း၊ ပုဂံ ညောင်ဦးဒေသမှာ ၈၅ လုံး၊ ၃,၀၁၉ ခန်းနဲ့ တောင်ကြီး အင်းလေးဒေသမှာ ၁၄၅ လုံး၊ ၄,၆၀၆ ခန်းရှိနေတာပါ။

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ကတော့ ၂,၇၁၂ ခုရှိပြီး ဒီထဲမှာ နိုင်ငံခြားသားကုမ္ပဏီ ၁ ခု ပါဝင်ပါတယ်။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၃,၈၁၁ ခု ရှိပြီး ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်ကတော့ ၄,၄၀၇ ခု ရှိပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ သြဂုတ်လအထိ လေကြောင်း၊ အပျော်စီးသင်္ဘော၊ နယ်စပ်ကနေ အတွင်းပိုင်းအထိဝင်လာတဲ့ နိုင်ငံခြားဧည့်သည် ၁၂ သိန်းကျော် ရှိပြီး နယ်စပ်မှာ ဝင်ရောက်သူ ကတော့ ၁၆ သိန်းကျော်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။




ရွမ္းျပည္နယ္တြင္ ၃ ႏွစ္အတြင္း ဟိုတယ္ အလုံး ၁၀၀ ေက်ာ္တိုးလာ
ပိုင္စိုး
ရွမ္းျပည္နယ္မွာ ၿပီးခဲ့တဲ့ ၃ ႏွစ္အတြင္းဟိုတယ္ အလုံး ၁၀၀ ေက်ာ္တိုးလာတယ္လို႔ ဟိုတယ္နဲ႔ ခရီး သြားလာေရးဝန္ႀကီးဌာနက သိရပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလအထိ လိုင္စင္ရ ဟိုတယ္နဲ႔ တည္းခိုရိပ္သာ ၂၅၃ လုံး၊ အခန္းေပါင္း ၈,၀၁၀ ခန္းရွိခဲ့ရာကေန ဒီေန႔အခ်ိန္မွာေတာ့ ဟိုတယ္ ၃၅၇ လုံး၊ အခန္းေပါင္း ၁၁,၇၃၄ ခန္း လုပ္ငန္း လိုင္စင္ရယူ ေဆာင္႐ြက္ေနတယ္လို႔ ထုတ္ျပန္ထားတာပါ။

၂၀၁၆ ခုႏွစ္မွာ ဟိုတယ္ ၃၂လုံး၊ ၂၀၁၇ ခုႏွစ္မွာ အလုံး ၃၀၊ ၂၀၁၈ ခုႏွစ္မွာ ၂၁ လုံးနဲ႔ ၂၀၁၉ ခုႏွစ္ ဇူလိုင္လအထိ ဟိုတယ္ ၂ လုံးတိုးလာခဲ့တာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ စာရင္းေတြအရ ျမန္မာတႏိုင္ငံလုံးမွာ ဟိုတယ္ ၁၇၀၄ လုံးကို လုပ္ငန္းလိုင္စင္ ခြင့္ျပဳေပးထားၿပီး အခန္းေပါင္း ၆၈,၁၆၇ ခန္းရွိတယ္လို႔ ဆိုပါတယ္။
ေဒသအလိုက္ကေတာ့ ေနျပည္ေတာ္မွာ ဟိုတယ္ ၆၅ လုံး၊ အခန္းေပါင္း ၅,၅၆၁ ခန္း၊ ရန္ကုန္မွာ ဟိုတယ္ ၄၀၄ လုံး၊ ၂၁,၁၄၇ ခန္း၊ မႏၲေလးမွာ ၂၁၉ လုံး၊ ၉,၀၇၃ ခန္း၊ ပုဂံ ေညာင္ဦးေဒသမွာ ၈၅ လုံး၊ ၃,၀၁၉ ခန္းနဲ႔ ေတာင္ႀကီး အင္းေလးေဒသမွာ ၁၄၅ လုံး၊ ၄,၆၀၆ ခန္းရွိေနတာပါ။

ခရီးလွည့္လည္ေရးလုပ္ငန္းလိုင္စင္ကေတာ့ ၂,၇၁၂ ခုရွိၿပီး ဒီထဲမွာ ႏိုင္ငံျခားသားကုမၸဏီ ၁ ခု ပါဝင္ပါတယ္။ ေဒသဆိုင္ရာ ဧည့္လမ္းၫႊန္လုပ္ငန္းလိုင္စင္ ၃,၈၁၁ ခု ရွိၿပီး ဧည့္လမ္းၫႊန္လုပ္ငန္း လိုင္စင္ကေတာ့ ၄,၄၀၇ ခု ရွိပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီကေန ၾသဂုတ္လအထိ ေလေၾကာင္း၊ အေပ်ာ္စီးသေဘၤာ၊ နယ္စပ္ကေန အတြင္းပိုင္းအထိဝင္လာတဲ့ ႏိုင္ငံျခားဧည့္သည္ ၁၂ သိန္းေက်ာ္ ရွိၿပီး နယ္စပ္မွာ ဝင္ေရာက္သူ ကေတာ့ ၁၆ သိန္းေက်ာ္ရွိတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာန စာရင္းေတြအရ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013