DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးနှင့် သဘာပတ်ဝန်းကျင် 
DVB
·
September 25, 2019
ငြိမ်းချမ်းရေးနှင့် သဘာပတ်ဝန်းကျင် 
Donate to DVB

သယံဇာတ ပေါတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တခု အပါအဝင်လို့ ပြောလို့ရပါတယ်။ အဖိုးတန် သဘာဝသယံဇာတတွေ ဖြစ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေနဲ့ ကြေးနီသတ္တုတွေအပြင် အခြားတွင်းထွက်သတ္တုတွေလည်း ထွက်ရှိနေတဲ့ နိုင်ငံတနိုင်ငံပါ။ စစ်အာဏာရှင် အစိုးရလက်ထက် နှစ်ပေါင်းများစွာ တံခါးပိတ်ဝါဒနဲ့ ဖြတ်သန်းလာခဲ့တဲ့ အကျိုးဆက်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးကွင်းဆက်မှာ မြန်မာနိုင်ငံဟာ များစွာ နောက်ကောက်ကျကျန်ခဲ့ပေမယ့် ရှိသမျှ သယံဇာတတွေ ရောင်းစားခဲ့တဲ့ နေရာမှာတော့ ထိပ်ဆုံးက ရှိခဲ့တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၆၁ ရာခိုင်နှုန်း ကျော်ဟာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ စွမ်းအင်နဲ့ သတ္တုတွင်းထုတ်လုပ်ရေးကဏ္ဍတွေမှာ ရှိနေတာပါ။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကျော်လောက်ကိုသာ အခြားကဏ္ဍတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရှိနေတာပါ။

ဘီလျံချီတဲ့ ကျောက်စိမ်းထုတ်လုပ်မှု

မြန်မာနိုင်ငံက တကမ္ဘာလုံးဆိုင်ရာ ကျောက်စိမ်းနဲ့ ပတ္တမြားထုတ်လုပ်မှု ဈေးကွက်မှာ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန၊ International Trade Administration (ITA) ရဲ့  ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ သဘာဝအရင်းအမြစ်တွေနဲ့ ဆက်စပ်ပြီး အကျင့်ပျက် ခြစားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ သုတေသနပြုတာတွေ လုပ်ဆောင်နေတဲ့ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကတော့ မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၁၄ ခုနှစ် တနှစ်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၁ ဘီလျံလောက်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီပမာဏဟာ အဲ့ဒီနှစ်က မြန်မာ့ ဂျီဒီပီ (ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး) ရဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါတွေဟာ တရားမဝင် တင်ပို့မှုတွေကနေ ထွက်ရှိနေတာတွေပါ။ မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ကချင်ပြည်နယ်ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မအေးချမ်းသေးတဲ့ ဒေသတခု ဖြစ်နေသလို အကျိုးအမြတ် ခွဲဝေမှုတွေ ရှုပ်ထွေးနေတဲ့ နေရာတခုပါ။ တရားဝင် တင်ပို့မှုက ရတဲ့ မြန်မာ့ကျောက်စိမ်း တင်ပို့မှု ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံတောင်  မရှိပါဘူး။ ဒီလို ကျောက်စိမ်းတွေ ထွက်ရှိနေတဲ့အတွက် တိုင်းပြည်ရဲ့ဝင်ငွေ တိုးတက်နေတယ်ဆိုတာထက် သဘာဝပတ်ဝန်းကျင် ပျက်စီးခံရတာတွေသာ အဖတ်တင်သလို ဖြစ်နေပါတယ်။ 

သစ်တောတွေလည်း ပြုန်းပြီ

ကမ္ဘာ့သစ်တော ပြုန်းတီးမှု အများဆုံးနိုင်ငံထဲမှာ မြန်မာနိုင်ငံက နံပတ် ၃ လောက်မှာ ရှိနေပါတယ်။ သစ်ထုတ်ယူမှု များတာရယ်၊ သစ်တောမြေကနေ အခြားမြေအဖြစ် ပြောင်းလဲမှုတွေ ရှိတာရယ်ကြောင့်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဘက်က သတင်းဌာနတွေကို ပြောဆိုထားပါတယ်။ သစ်တော ဖုံးလွှမ်းမှုဟာလည်း နှစ်စဉ် လျော့ကျလာတာကို တွေ့ရပါတယ်။ ၁၉၂၉ ခုနှစ်လောက်မှာ မြန်မာ့သစ်တော ဖုံးလွှမ်းမှုဟာ ၆၅ ဒသမ ၈၀ ရာခိုင်နှုန်းအထိ ရှိခဲ့ရာက ၂၀၁၀ လောက်မှာ ၄၆ ရာခိုင်နှုန်းလောက်သာ ရှိတော့တယ်လို့ မြန်မာ့သစ်တော့မူဝါဒနဲ့ ပတ်သက်တဲ့ လွှတ်တော်တွင်း အဆိုတခုမှာ တွေ့ရပါတယ်။ ဒါတွေဟာ စစ်အစိုးရလက်ထက် သစ်ထုတ်လုပ်မှု ခွင့်ပြုမိန့်တွေ နှစ်စဉ် တန်ချိန်များစွာ ပေးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်မှာတော့ သစ်အလုံးလိုက် တင်ပို့မှုကို လုံးဝ ပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့သစ်တွေ အများကြီး ကုန်သွားခဲ့ပါပြီ။  

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ EIA (The Environmental Investigation Agency) ရဲ့ထုတ်ပြန်ချက်အရဆိုရင် ၂၀၀၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာ့ပြည်ပ သစ်တင်ပို့မှုရဲ့ ၂၈ ရာခိုင်နှုန်းလောက်သာ တရားဝင် တင်ပို့ခဲ့တာ ဖြစ်ပြီး ၇၂ ရာခိုင်နှုန်းဟာ တရားမဝင်လမ်းကြောင်းက သွားနေတဲ့အကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြထားပါတယ်။ 

EIA ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၁ ကနေ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တရားမဝင် တင်ပို့ခဲ့တဲ့ သစ်တန်ချိန် ကုဗမီတာ ၁၆ ဒသမ ၃ သန်း ရှိနေပြီးတော့ ဒီလို တရားမဝင် တင်ပို့ခဲ့တဲ့ သစ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆ ဘီလျံနီးပါးလောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေး ဘတ်ဂျက်ရဲ့ ၄ ဆလောက် ရှိတဲ့အကြောင်းလည်း ထောက်ပြထားပါတယ်။ 

အထူးသဖြင့် မြန်မာ့တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား အပစ်အခတ် ပြန်လည် စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် သစ်ခိုးထုတ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် NLD အစိုးရ လက်ထဲ ရောက်တဲ့အခါမှာတော့ မြန်မာနိုင်ငံက သစ်တောတွေက ပြောင်သလောက် ဖြစ်နေပါပြီ။ ဒီလို တရားမဝင် မှောင်ခို စီးထွက်နေတာတွေဟာ မြန်မာစီးပွားရေးနဲ့ လူမှုပတ်ဝန်းကျင်အပေါ်မှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်မှု ရှိနေတာ အမှန်ပါပဲ။ ဒါ့အပြင် ရေကြီးရေလျှံမှုတွေ၊ မိုးခေါင်မှု၊ အပူချိန်မြင့်မားမှုတွေကြောင့် အခုနှစ်  စိုက်မျိုးမြေဧက ငါးသိန်းကျော် ရေနစ်မြုပ်ပြီး ဧက ၇၉၀၀၀ ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။ ဒီလို ရေကြီးရေလျှံမှုတွေ အခုနှစ်တွေထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်လာတာဟာ သစ်တော ပြုန်းတီးမှုတွေကြောင့် မဟုတ်ဘူးလို့ ငြင်းလို့ မရနိုင်ပါဘူး။

ယမင်းမြတ်အေး

~~~~~~~~~~~~~~~~~~

Zawgyi_version

ၿငိမ္းခ်မ္းေရးႏွင့္ သဘာပတ္ဝန္းက်င္ 

သယံဇာတ ေပါတဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံက တခု အပါအဝင္လို႔ ေျပာလို႔ရပါတယ္။ အဖိုးတန္ သဘာဝသယံဇာတေတြ ျဖစ္တဲ့ ေရနံ၊ သဘာဝဓာတ္ေငြ႕၊ ကြၽန္းသစ္၊ ေက်ာက္စိမ္း၊ ပတၱျမား၊ ေ႐ႊနဲ႔ ေၾကးနီသတၱဳေတြအျပင္ အျခားတြင္းထြက္သတၱဳေတြလည္း ထြက္ရွိေနတဲ့ ႏိုင္ငံတႏိုင္ငံပါ။ စစ္အာဏာရွင္ အစိုးရလက္ထက္ ႏွစ္ေပါင္းမ်ားစြာ တံခါးပိတ္ဝါဒနဲ႔ ျဖတ္သန္းလာခဲ့တဲ့ အက်ိဳးဆက္ေၾကာင့္ တိုင္းျပည္ဖြံ႕ၿဖိဳးေရးကြင္းဆက္မွာ ျမန္မာႏိုင္ငံဟာ မ်ားစြာ ေနာက္ေကာက္က်က်န္ခဲ့ေပမယ့္ ရွိသမွ် သယံဇာတေတြ ေရာင္းစားခဲ့တဲ့ ေနရာမွာေတာ့ ထိပ္ဆုံးက ရွိခဲ့တယ္လို႔ ဆိုရမွာပါ။ ဒါေၾကာင့္လည္း ျပည္တြင္းမွာ ရွိေနတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္းရဲ႕ ၆၁ ရာခိုင္ႏႈန္း ေက်ာ္ဟာ ေရနံ၊ သဘာဝဓာတ္ေငြ႕၊ စြမ္းအင္နဲ႔ သတၱဳတြင္းထုတ္လုပ္ေရးက႑ေတြမွာ ရွိေနတာပါ။ က်န္တဲ့ ၃၀ ရာခိုင္ႏႈန္းေက်ာ္ေလာက္ကိုသာ အျခားက႑ေတြမွာ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ ရွိေနတာပါ။

ဘီလ်ံခ်ီတဲ့ ေက်ာက္စိမ္းထုတ္လုပ္မႈ

ျမန္မာႏိုင္ငံက တကမာၻလုံးဆိုင္ရာ ေက်ာက္စိမ္းနဲ႔ ပတၱျမားထုတ္လုပ္မႈ ေဈးကြက္မွာ ၉၀ ရာခိုင္ႏႈန္းေလာက္ ရွိတယ္လို႔ အေမရိကန္ ကုန္သြယ္ေရးဝန္ႀကီးဌာန၊ International Trade Administration (ITA) ရဲ႕  ဝက္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။ သဘာဝအရင္းအျမစ္ေတြနဲ႔ ဆက္စပ္ၿပီး အက်င့္ပ်က္ ျခစားမႈေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔ သုေတသနျပဳတာေတြ လုပ္ေဆာင္ေနတဲ့ လန္ဒန္အေျခစိုက္ Global Witness အဖြဲ႕ကေတာ့ ျမန္မာ့ေက်ာက္စိမ္းထုတ္လုပ္မႈ တန္ဖိုးဟာ ၂၀၁၄ ခုႏွစ္ တႏွစ္တည္းမွာတင္ အေမရိကန္ ေဒၚလာ ၃၁ ဘီလ်ံေလာက္ရွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီပမာဏဟာ အဲ့ဒီႏွစ္က ျမန္မာ့ ဂ်ီဒီပီ (ျပည္တြင္း အသားတင္ ကုန္ထုတ္လုပ္မႈတန္ဖိုး) ရဲ႕ ၄၈ ရာခိုင္ႏႈန္းရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒါေတြဟာ တရားမဝင္ တင္ပို႔မႈေတြကေန ထြက္ရွိေနတာေတြပါ။ ျမန္မာ့ေက်ာက္စိမ္း ထြက္ရွိရာ ကခ်င္ျပည္နယ္ဟာ လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ မေအးခ်မ္းေသးတဲ့ ေဒသတခု ျဖစ္ေနသလို အက်ိဳးအျမတ္ ခြဲေဝမႈေတြ ရႈပ္ေထြးေနတဲ့ ေနရာတခုပါ။ တရားဝင္ တင္ပို႔မႈက ရတဲ့ ျမန္မာ့ေက်ာက္စိမ္း တင္ပို႔မႈ ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ ၁ ဘီလ်ံေတာင္  မရွိပါဘူး။ ဒီလို ေက်ာက္စိမ္းေတြ ထြက္ရွိေနတဲ့အတြက္ တိုင္းျပည္ရဲ႕ဝင္ေငြ တိုးတက္ေနတယ္ဆိုတာထက္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးခံရတာေတြသာ အဖတ္တင္သလို ျဖစ္ေနပါတယ္။

သစ္ေတာေတြလည္း ျပဳန္းၿပီ

ကမာၻ႔သစ္ေတာ ျပဳန္းတီးမႈ အမ်ားဆုံးႏိုင္ငံထဲမွာ ျမန္မာႏိုင္ငံက နံပတ္ ၃ ေလာက္မွာ ရွိေနပါတယ္။ သစ္ထုတ္ယူမႈ မ်ားတာရယ္၊ သစ္ေတာေျမကေန အျခားေျမအျဖစ္ ေျပာင္းလဲမႈေတြ ရွိတာရယ္ေၾကာင့္လို႔ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနဘက္က သတင္းဌာနေတြကို ေျပာဆိုထားပါတယ္။ သစ္ေတာ ဖုံးလႊမ္းမႈဟာလည္း ႏွစ္စဥ္ ေလ်ာ့က်လာတာကို ေတြ႕ရပါတယ္။ ၁၉၂၉ ခုႏွစ္ေလာက္မွာ ျမန္မာ့သစ္ေတာ ဖုံးလႊမ္းမႈဟာ ၆၅ ဒသမ ၈၀ ရာခိုင္ႏႈန္းအထိ ရွိခဲ့ရာက ၂၀၁၀ ေလာက္မွာ ၄၆ ရာခိုင္ႏႈန္းေလာက္သာ ရွိေတာ့တယ္လို႔ ျမန္မာ့သစ္ေတာ့မူဝါဒနဲ႔ ပတ္သက္တဲ့ လႊတ္ေတာ္တြင္း အဆိုတခုမွာ ေတြ႕ရပါတယ္။ ဒါေတြဟာ စစ္အစိုးရလက္ထက္ သစ္ထုတ္လုပ္မႈ ခြင့္ျပဳမိန႔္ေတြ ႏွစ္စဥ္ တန္ခ်ိန္မ်ားစြာ ေပးခဲ့တာေၾကာင့္လည္း ျဖစ္ပါတယ္။ ဦးသိန္းစိန္အစိုးရ လက္ထက္ ၂၀၁၄ ခုႏွစ္မွာေတာ့ သစ္အလုံးလိုက္ တင္ပို႔မႈကို လုံးဝ ပိတ္ပစ္ခဲ့ပါတယ္။ ဒါေပမဲ့ ျမန္မာ့သစ္ေတြ အမ်ားႀကီး ကုန္သြားခဲ့ပါၿပီ။

ၿပီးခဲ့တဲ့ ၂၀၁၄ခုႏွစ္ မတ္လ ၂၆ ရက္ေန႔က ထုတ္ျပန္တဲ့ EIA (The Environmental Investigation Agency) ရဲ႕ထုတ္ျပန္ခ်က္အရဆိုရင္ ၂၀၀၀ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း ျမန္မာ့ျပည္ပ သစ္တင္ပို႔မႈရဲ႕ ၂၈ ရာခိုင္ႏႈန္းေလာက္သာ တရားဝင္ တင္ပို႔ခဲ့တာ ျဖစ္ၿပီး ၇၂ ရာခိုင္ႏႈန္းဟာ တရားမဝင္လမ္းေၾကာင္းက သြားေနတဲ့အေၾကာင္း၊ သက္ဆိုင္ရာ ဝန္ႀကီးဌာနကို ကိုးကားၿပီး ေဖာ္ျပထားပါတယ္။

EIA ရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၀၁ ကေန ၂၀၁၃ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံကေန တရားမဝင္ တင္ပို႔ခဲ့တဲ့ သစ္တန္ခ်ိန္ ကုဗမီတာ ၁၆ ဒသမ ၃ သန္း ရွိေနၿပီးေတာ့ ဒီလို တရားမဝင္ တင္ပို႔ခဲ့တဲ့ သစ္ေတြရဲ႕ တန္ဖိုးဟာ အေမရိကန္ေဒၚလာ ၆ ဘီလ်ံနီးပါးေလာက္ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီပမာဏဟာ ၂၀၁၃-၁၄ ဘ႑ာႏွစ္ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးနဲ႔ ပညာေရး ဘတ္ဂ်က္ရဲ႕ ၄ ဆေလာက္ ရွိတဲ့အေၾကာင္းလည္း ေထာက္ျပထားပါတယ္။

အထူးသျဖင့္ ျမန္မာ့တပ္မေတာ္နဲ႔ ကခ်င္ လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) တို႔ၾကား အပစ္အခတ္ ျပန္လည္ စတင္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္ ဇြန္လကစၿပီး တ႐ုတ္-ျမန္မာ နယ္စပ္တေလွ်ာက္ သစ္ခိုးထုတ္မႈေတြ ျမင့္တက္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္ NLD အစိုးရ လက္ထဲ ေရာက္တဲ့အခါမွာေတာ့ ျမန္မာႏိုင္ငံက သစ္ေတာေတြက ေျပာင္သေလာက္ ျဖစ္ေနပါၿပီ။ ဒီလို တရားမဝင္ ေမွာင္ခို စီးထြက္ေနတာေတြဟာ ျမန္မာစီးပြားေရးနဲ႔ လူမႈပတ္ဝန္းက်င္အေပၚမွာ တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္ေသာ္လည္းေကာင္း ထိခိုက္မႈ ရွိေနတာ အမွန္ပါပဲ။ ဒါ့အျပင္ ေရႀကီးေရလွ်ံမႈေတြ၊ မိုးေခါင္မႈ၊ အပူခ်ိန္ျမင့္မားမႈေတြေၾကာင့္ အခုႏွစ္  စိုက္မ်ိဳးေျမဧက ငါးသိန္းေက်ာ္ ေရနစ္ျမဳပ္ၿပီး ဧက ၇၉၀၀၀ ေက်ာ္ ပ်က္စီးတယ္လို႔ ေျပာပါတယ္။ ဒီလို ေရႀကီးေရလွ်ံမႈေတြ အခုႏွစ္ေတြထဲမွာ ဆက္တိုက္ဆိုသလို ျဖစ္လာတာဟာ သစ္ေတာ ျပဳန္းတီးမႈေတြေၾကာင့္ မဟုတ္ဘူးလို႔ ျငင္းလို႔ မရႏိုင္ပါဘူး။

ယမင္းျမတ္ေအး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013