DVB Logo
Home
မြန်မာသတင်း
အငူမော်ရွာသား ၁၅၀ ခန့် စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်လာ
DVB
·
September 25, 2019
အငူမော်ရွာသား ၁၅၀ ခန့် စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်လာ
1 / 8
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာက ကျေးရွာသား ၁၅၀ ခန့်က ကျေးရွာအနားမှာပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တွေမြို့ ဓညဝတီရပ်ကွက်မှာရှိတဲ့ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးလာကြပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၁ ရက်က အငူမော်ကျေးရွာရှိ အေရှဝေါလ်ဇက်ဆိပ်ကမ်းမှာ မိုင်းပေါက်ကွဲမှုတခုဖြစ်ပွားပြီး ပစ်ခတ်မှုတွေဖြစ်လို့ အရပ်သားတဦးသေဆုံးခဲ့ပြီး နောက်ပိုင်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကျေးရွာအတွင်းကို စစ်ဆေးတဲ့အတွက် ကြောက်လန့်ကာ အခုလို ထွက်ပြေးလာကြတာလို့ ကျေးရွာသားတွေကပြောပါတယ်။

ထွက်ပြေးလာတဲ့ အငူမော်ကျေးရွာသား ၁၅၀ လောက်ဟာ စစ်တွေမြို့ ဓညဝတီရပ်ကွက်မှာ ရှိတဲ့ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းမှာ ယာယီခိုလှုံနေကြပြီး စစ်ဘေးရှောင်လူဦးရေ များနေတာကြောင့် စားနပ်ရိက္ခာအပါအဝင် အိမ်သာတွေမလုံမလောက် ဖြစ်နေတယ်လို့ ကျောင်းထိုင်ဆရာတော်က ဒီဗွီဘီကိုမိန့်ပါတယ်။

အငူမော်ဖြစ်စဉ်နဲ့ ပတ်သက်လို့တပ်မတော်နဲ့ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်နေ့က ဝင်ရောက်စစ်ဆေးရာမှာ အငူမော်ကျေးရွာ ဦးမောင်စံသိန်းနေအိမ်က ဗုံးတလုံးတွေ့ရှိတယ်လို့ဆိုပြီး ဒေသခံတယောက်ကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်တွေခရိုင်တရားရုံးမှာ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် တရားစွဲထားပါတယ်။

အေရှဝေါလ်ဇက်ဆိပ်ကမ်းမှာ ဗုံးတလုံပေါက်ကွဲပြီးနောက် တပ်မတော်ဘက်က ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတဦးသေဆုံးသွားတယ်လို့ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေက ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကျနော်တို့က တပ်မတော်အုပ်ချုပ်ရေမှူး ယာဉ်တန်း အငူမော်ဘက်ကိုသွားတယ်။ အငူမော်ကို ရောက်တဲ့နေရာမှာ ကျနော်တို့ကုန်တင်ကုန်ချကားတွေဘာတွေ ရပ်တဲ့နေရာရှိတယ်။ ပြောရင်တော့ ကမ်းပေါ့ဗျာ၊ အဲ့ဒီအနားမှာ မိုင်းတလုံးပေါက်တယ်။ မိုင်းတလုံးကွဲတော့ အဲ့ဒီမှာကိုယ့်ပစ်သူပစ် ပစ်ကြတာ။ အဲ့ဒါကို သူတို့ ဘာကို စွပ်စွဲတာလဲ” လို့ပြောပါတယ်။

ဝဏ္ဏခွာညို




အငူေမာ္႐ြာသား ၁၅၀ ခန႔္ စစ္ေတြၿမိဳ႕သို႔ ထြက္ေျပးတိမ္းေရွာင္လာ
ဝဏၰခြာညိဳ

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ အငူေမာ္ေက်း႐ြာက ေက်း႐ြာသား ၁၅၀ ခန႔္က ေက်း႐ြာအနားမွာပစ္ခတ္မႈေတြျဖစ္ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ ရက္ပိုင္းက စစ္ေတြၿမိဳ႕ ဓညဝတီရပ္ကြက္မွာရွိတဲ့ ဓမၼာရာမဘုန္းေတာ္ႀကီးေက်ာင္းကို ထြက္ေျပးလာၾကပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာ ၂၁ ရက္က အငူေမာ္ေက်း႐ြာရွိ ေအရွေဝါလ္ဇက္ဆိပ္ကမ္းမွာ မိုင္းေပါက္ကြဲမႈတခုျဖစ္ပြားၿပီး ပစ္ခတ္မႈေတြျဖစ္လို႔ အရပ္သားတဦးေသဆုံးခဲ့ၿပီး ေနာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြေက်း႐ြာအတြင္းကို စစ္ေဆးတဲ့အတြက္ ေၾကာက္လန႔္ကာ အခုလို ထြက္ေျပးလာၾကတာလို႔ ေက်း႐ြာသားေတြကေျပာပါတယ္။

ထြက္ေျပးလာတဲ့ အငူေမာ္ေက်း႐ြာသား ၁၅၀ ေလာက္ဟာ စစ္ေတြၿမိဳ႕ ဓညဝတီရပ္ကြက္မွာ ရွိတဲ့ ဓမၼာရာမဘုန္းေတာ္ႀကီးေက်ာင္းမွာ ယာယီခိုလႈံေနၾကၿပီး စစ္ေဘးေရွာင္လူဦးေရ မ်ားေနတာေၾကာင့္ စားနပ္ရိကၡာအပါအဝင္ အိမ္သာေတြမလုံမေလာက္ ျဖစ္ေနတယ္လို႔ ေက်ာင္းထိုင္ဆရာေတာ္က ဒီဗြီဘီကိုမိန႔္ပါတယ္။

အငူေမာ္ျဖစ္စဥ္နဲ႔ ပတ္သက္လို႔တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕က စက္တင္ဘာ ၂၃ ရက္ေန႔က ဝင္ေရာက္စစ္ေဆးရာမွာ အငူေမာ္ေက်း႐ြာ ဦးေမာင္စံသိန္းေနအိမ္က ဗုံးတလုံးေတြ႕ရွိတယ္လို႔ဆိုၿပီး ေဒသခံတေယာက္ကို ဖမ္းဆီးေခၚေဆာင္ကာ စစ္ေတြခ႐ိုင္တရား႐ုံးမွာ အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ တရားစြဲထားပါတယ္။

ေအရွေဝါလ္ဇက္ဆိပ္ကမ္းမွာ ဗုံးတလုံေပါက္ကြဲၿပီးေနာက္ တပ္မေတာ္ဘက္က ပစ္ခတ္မႈေတြေၾကာင့္ ေက်း႐ြာသားတဦးေသဆုံးသြားတယ္လို႔ ထြက္ေျပးလာတဲ့ ေက်း႐ြာသားေတြက ေျပာပါတယ္။

အခုကိစၥနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက “က်ေနာ္တို႔က တပ္မေတာ္အုပ္ခ်ဳပ္ေရမႉး ယာဥ္တန္း အငူေမာ္ဘက္ကိုသြားတယ္။ အငူေမာ္ကို ေရာက္တဲ့ေနရာမွာ က်ေနာ္တို႔ကုန္တင္ကုန္ခ်ကားေတြဘာေတြ ရပ္တဲ့ေနရာရွိတယ္။ ေျပာရင္ေတာ့ ကမ္းေပါ့ဗ်ာ၊ အဲ့ဒီအနားမွာ မိုင္းတလုံးေပါက္တယ္။ မိုင္းတလုံးကြဲေတာ့ အဲ့ဒီမွာကိုယ့္ပစ္သူပစ္ ပစ္ၾကတာ။ အဲ့ဒါကို သူတို႔ ဘာကို စြပ္စြဲတာလဲ” လို႔ေျပာပါတယ္။
ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013