DVB Logo
Home
မြန်မာသတင်း
စစ်ဘေးသင့်ပြည်သူများအတွက် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကမ်ပိန်းပြုလုပ်
DVB
·
September 25, 2019
စစ်ဘေးသင့်ပြည်သူများအတွက် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကမ်ပိန်းပြုလုပ်
1 / 10
Donate to DVB

စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ ပြည်တွင်းပြည်ပအကူအညီ အထောက်အပံ့တွေ လွတ်လပ်စွာထောက်ပံ့နိုင်ဖို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချူပ်) ကျောင်းသားတွေက စက်တင်ဘာလ ၂၅ရက်နေ့က ရတနာပုံတက္ကသိုလ် ကျောင်းရှေ့မှာ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချူပ်) အတွင်းရေးမှူး ကိုမျိုးချစ်ဇော်က “လက်ရှိအချိန်မှာ စစ်ဘေးဒုက္ခသည်စခန်းတွေကို အကူအညီတွေပေးဖို့ ခက်ခဲနေတယ်။ လွတ်လပ်စွာ မထောက်ပံ့ပေးနိုင်သေးဘူး။ စာသင်ကျောင်းတွေ သာသနိက အဆောက်အဦတွေမှာ တပ်စွဲတာတွေ ရခိုင်ပြည်နယ်မှာ သတင်းအမှောင်ချထားတာတွေက ရခိုင်ပြည်သူလူထုအတွက်ကအတော်ကို ဆိုးရွာနေတယ်။ စစ်ဘေးဒဏ်လည်း တအားခံစားနေရတယ်။ ဒါတွေဒီလိုတွေ ဖြစ်နေတာ ကျောင်းသားကျောင်းသူတွေကို သိစေချင်လို့ အခုလိုမျိုးအသိပေးလက်ကမ်းစာစောင်တွေ ကျောင်းသားကျောင်းသူတွေကို ဝေရတာဖြစ်တယ်”လို့ ပြောပါတယ်။

စစ်ဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အကူအညီများ လွတ်လပ်စွာ ထောက်ပံ့နိုင်ရေး၊ စစ်အသုံးစရိတ်လျော့ချပြီး ပညာရေးစရိတ် တိုးမြှင့်ပေးရေး၊ သံသယဖြင့် ဖမ်းဆီးထားသူများအား ချက်ချင်းလွှတ်ပေးရေး၊ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက် သတင်းအမှောင်ချမှုများချက်ချင်းရပ်၊ တိုင်းရင်းသားပြည်သူများကို ဖိနှိပ်နေသော အမျိုးသား ရင်ကြားစေ့ရေးလမ်းစဉ် အလိုမရှိ စတဲ့အချက် ၇ ချက်ကို ကျောင်းသားတွေက  တောင်းဆိုထားကြပါတယ်။




စစ္ေဘးသင့္ျပည္သူမ်ားအတြက္ ရတနာပုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ကမ္ပိန္းျပဳလုပ္
ေအာင္ေအာင္ႏိုင္

စစ္ေဘးသင့္ျပည္သူေတြအတြက္ လူသားခ်င္းစာနာတဲ့ ျပည္တြင္းျပည္ပအကူအညီ အေထာက္အပံ့ေတြ လြတ္လပ္စြာေထာက္ပံ့ႏိုင္ဖို႔ ရတနာပုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗ.က.သမ်ားအဖြဲ႕ခ်ဴပ္) ေက်ာင္းသားေတြက စက္တင္ဘာလ ၂၅ရက္ေန႔က ရတနာပုံတကၠသိုလ္ ေက်ာင္းေရွ႕မွာ ကမ္ပိန္းျပဳလုပ္ခဲ့ပါတယ္။

ရတနာပုံတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (ဗ.က.သမ်ားအဖြဲ႕ခ်ဴပ္) အတြင္းေရးမႉး ကိုမ်ိဳးခ်စ္ေဇာ္က “လက္ရွိအခ်ိန္မွာ စစ္ေဘးဒုကၡသည္စခန္းေတြကို အကူအညီေတြေပးဖို႔ ခက္ခဲေနတယ္။ လြတ္လပ္စြာ မေထာက္ပံ့ေပးႏိုင္ေသးဘူး။ စာသင္ေက်ာင္းေတြ သာသနိက အေဆာက္အဦေတြမွာ တပ္စြဲတာေတြ ရခိုင္ျပည္နယ္မွာ သတင္းအေမွာင္ခ်ထားတာေတြက ရခိုင္ျပည္သူလူထုအတြက္ကအေတာ္ကို ဆိုး႐ြာေနတယ္။ စစ္ေဘးဒဏ္လည္း တအားခံစားေနရတယ္။ ဒါေတြဒီလိုေတြ ျဖစ္ေနတာ ေက်ာင္းသားေက်ာင္းသူေတြကို သိေစခ်င္လို႔ အခုလိုမ်ိဳးအသိေပးလက္ကမ္းစာေစာင္ေတြ ေက်ာင္းသားေက်ာင္းသူေတြကို ေဝရတာျဖစ္တယ္”လို႔ ေျပာပါတယ္။

စစ္ေဘးသင့္ျပည္သူမ်ားအတြက္ ျပည္တြင္းျပည္ပ အကူအညီမ်ား လြတ္လပ္စြာ ေထာက္ပံ့ႏိုင္ေရး၊ စစ္အသုံးစရိတ္ေလ်ာ့ခ်ၿပီး ပညာေရးစရိတ္ တိုးျမႇင့္ေပးေရး၊ သံသယျဖင့္ ဖမ္းဆီးထားသူမ်ားအား ခ်က္ခ်င္းလႊတ္ေပးေရး၊ ရခိုင္ျပည္နယ္အတြင္း အင္တာနက္ျဖတ္ေတာက္ သတင္းအေမွာင္ခ်မႈမ်ားခ်က္ခ်င္းရပ္၊ တိုင္းရင္းသားျပည္သူမ်ားကို ဖိႏွိပ္ေနေသာ အမ်ိဳးသား ရင္ၾကားေစ့ေရးလမ္းစဥ္ အလိုမရွိ စတဲ့အခ်က္ ၇ ခ်က္ကို ေက်ာင္းသားေတြက ေတာင္းဆိုထားၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013