DVB Logo
Home
မြန်မာသတင်း
ဒေါဖျာ KG တန်း ကျောင်းသားလေးများ၏ ဈေးရောင်းပွဲ ဖေ့စ်ဘွတ်ခ်တွင် လူကြိုက်များနေ
DVB
·
September 25, 2019
ဒေါဖျာ KG တန်း ကျောင်းသားလေးများ၏ ဈေးရောင်းပွဲ ဖေ့စ်ဘွတ်ခ်တွင် လူကြိုက်များနေ
1 / 15
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ဒေါဖျာ အ.ထ.က ခွဲရဲ့ ကျောင်းတွင်း လှုပ်ရှားမှုတခုက ဖေ့စ်ဘွတ်ခ်မှာ လူကြိုက်များနေပါတယ်။

KG တန်း ကျောင်းသားလေးတွေရဲ့ ဈေးရောင်းပွဲဖြစ်ပြီး အဲဒီကျောင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တင်ထားတာပါ။

ကျောင်းသား ကျောင်းသူလေးတွေဟာ သူတို့ရောင်းမယ့် ပစ္စည်းတွေကို ယူလာကြရပြီး တချို့က ဟင်းသီးဟင်းရွက်၊ တချို့က အဝတ်အထည်၊ တချို့ကတော့ ကစားစရာပစ္စည်းတွေကို ရောင်းချကြပါတယ်။

ပြီးတော့ ဆရာမတွေကဈေးရောင်းပြီး ကျောင်းသားတွေကဝယ်တာလည်း လုပ်ကြပါသေး တယ်။

ပုံတပုံချင်းစီမှာ အကြောင်းအရာကို ဖော်ပြပေးထားတာကြောင့် တပုံချင်းစီကိုဝင်ကြည့်ပြီး ကြိုက်နှစ်သက်သူ၊ မှတ်ချက်ပေးသူ အများအပြားရှိနေတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ရေကြီးတုန်းကလည်း ကျောင်းသားတွေကို ရေကူးပြိုင်ပွဲ လုပ်ပေးခဲ့ပြီး ဖေ့စ်ဘွတ်ခ်မှာတင်ခဲ့တာကြောင့် လူကြိုက်များခဲ့ပါသေးတယ်။




ေဒါဖ်ာ KG တန္း ေက်ာင္းသားေလးမ်ား၏ ေဈးေရာင္းပြဲ ေဖ့စ္ဘြတ္ခ္တြင္ လူႀကိဳက္မ်ားေန
(ေဖ့စ္ဘြတ္ခ္႐ြာ၊ ေဖ့စ္ဘြတ္ကမာၻ)
DVB
ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္က ေဒါဖ်ာ အ.ထ.က ခြဲရဲ႕ ေက်ာင္းတြင္း လႈပ္ရွားမႈတခုက ေဖ့စ္ဘြတ္ခ္မွာ လူႀကိဳက္မ်ားေနပါတယ္။

KG တန္း ေက်ာင္းသားေလးေတြရဲ႕ ေဈးေရာင္းပြဲျဖစ္ၿပီး အဲဒီေက်ာင္းရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေန တင္ထားတာပါ။

ေက်ာင္းသား ေက်ာင္းသူေလးေတြဟာ သူတို႔ေရာင္းမယ့္ ပစၥည္းေတြကို ယူလာၾကရၿပီး တခ်ိဳ႕က ဟင္းသီးဟင္း႐ြက္၊ တခ်ိဳ႕က အဝတ္အထည္၊ တခ်ိဳ႕ကေတာ့ ကစားစရာပစၥည္းေတြကို ေရာင္းခ်ၾကပါတယ္။

ၿပီးေတာ့ ဆရာမေတြကေဈးေရာင္းၿပီး ေက်ာင္းသားေတြကဝယ္တာလည္း လုပ္ၾကပါေသး တယ္။

ပုံတပုံခ်င္းစီမွာ အေၾကာင္းအရာကို ေဖာ္ျပေပးထားတာေၾကာင့္ တပုံခ်င္းစီကိုဝင္ၾကည့္ၿပီး ႀကိဳက္ႏွစ္သက္သူ၊ မွတ္ခ်က္ေပးသူ အမ်ားအျပားရွိေနတာကိုလည္း ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ေရႀကီးတုန္းကလည္း ေက်ာင္းသားေတြကို ေရကူးၿပိဳင္ပြဲ လုပ္ေပးခဲ့ၿပီး ေဖ့စ္ဘြတ္ခ္မွာတင္ခဲ့တာေၾကာင့္ လူႀကိဳက္မ်ားခဲ့ပါေသးတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013