Home
မြန်မာသတင်း
လုယက်မှုတရားခံကို ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးခံရပြီး သေဆုံး
DVB
·
September 25, 2019
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်မှာ လုယက်မှုတရားခံတွေကို လိုက်လံဖမ်းဆီးစဉ် တရားခံက ပြန်လည်ရန်ပြုပြီး ဓားနဲ့ ထိုးလို့ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီက မောင်ကောင်းထက်လင်း(၁၅-နှစ်)ပါ နှစ်ဦးဟာ ဘုရားလမ်းဘူတာမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားသံလမ်းအတိုင်း လမ်းလျှောက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်းဈေးအနောက်ဘက်ရှိ လူကူးခုံးတံတားအောက်အရောက်မှာ မဲလုံး(၁၉-နှစ်)၊ အောင်သူ(၂၀-နှစ်)နဲ့ အောင်ကိုဦး(၁၉-နှစ်)တို့ ၃ ဦး ရောက်ရှိလာပြီး ဓားဖြင့်ခြိမ်းခြောက်ကာ မောင်ကောင်းထက်လင်းရဲ့ Vivo-51 အမျိုးအစား ဖုန်းတလုံးကို လုယူကာ ဘုရားလမ်းဘူတာဘက်သို့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါလုယက်မှုကို သတင်းရလို့  ရန်ကုန် ဘူတာကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက တရားခံတွေကို စုံစမ်းဖမ်းဆီးရာမှာ မဲလုံးကို ပန်းဆိုးတန်း ခုံးတံတားအောက်မှာ ဖမ်းဆီးရမိပြီး အောင်သူပါ ၂ ဦးက သိမ်ဖြူမီးရထားရပ်ကွက်ဘက်သို့ ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးစဉ် အောင်သူက အရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန်နဲ့ ထိုးပြီးထွက်ပြေးသွားတာကြောင့် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်ရဲ့ ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လူငယ် ၃ ဦးကို ဒဂုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၂(လူသတ်မှု၊လုယက်မှု)နဲ့ အမှုဖွင့်ပြီး ထွက်ပြေးတရားခံ အောင်ကိုဦးနဲ့ အောင်သူတို့ကို စက်တင်ဘာ ၂၄ ရက်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့  သတင်းမှာဖော်ပြပါတယ်။ ဓာတ်ပုံ- ရဲဇာနည် ~~~~~~~~~~~~~~~~~~~~~ Zawgyi_version လုယက္မႈတရားခံကို ဖမ္းဆီးစဥ္ ရဲတပ္ဖြဲ႕ဝင္ ၁ ဦး ဓားထိုးခံရၿပီး ေသဆုံး ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္မွာ လုယက္မႈတရားခံေတြကို လိုက္လံဖမ္းဆီးစဥ္ တရားခံက ျပန္လည္ရန္ျပဳၿပီး ဓားနဲ႔ ထိုးလို႔ ရဲတပ္ဖြဲ႕ဝင္ ၁ ဦး ေသဆုံးသြားတယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။ စက္တင္ဘာ ၂၃ ရက္ မြန္းလြဲ ၃ နာရီက ေမာင္ေကာင္းထက္လင္း(၁၅-ႏွစ္)ပါ ႏွစ္ဦးဟာ ဘုရားလမ္းဘူတာမွ ရန္ကုန္ဘူတာႀကီးသို႔ မီးရထားသံလမ္းအတိုင္း လမ္းေလွ်ာက္လာစဥ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးအေနာက္ဘက္ရွိ လူကူးဂုံးတံတားေအာက္အေရာက္မွာ မဲလုံး(၁၉-ႏွစ္)၊ ေအာင္သူ(၂၀-ႏွစ္)နဲ႔ ေအာင္ကိုဦး(၁၉-ႏွစ္)တို႔ ၃ ဦး ေရာက္ရွိလာၿပီး ဓားျဖင့္ၿခိမ္းေျခာက္ကာ ေမာင္ေကာင္းထက္လင္းရဲ႕ Vivo-51 အမ်ိဳးအစား ဖုန္းတလုံးကို လုယူကာ ဘုရားလမ္းဘူတာဘက္သို႔ ထြက္ေျပးသြားခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါလုယက္မႈကို သတင္းရလို႔  ရန္ကုန္ ဘူတာႀကီးရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ေတြက တရားခံေတြကို စုံစမ္းဖမ္းဆီးရာမွာ မဲလုံးကို ပန္းဆိုးတန္း ခုံးတံတားေအာက္မွာ ဖမ္းဆီးရမိၿပီး ေအာင္သူပါ ၂ ဦးက သိမ္ျဖဴမီးရထားရပ္ကြက္ဘက္သို႔ ထြက္ေျပးသြားလို႔ လိုက္လံဖမ္းဆီးစဥ္ ေအာင္သူက အ႐ိုးအသြား ၉ လက္မခန႔္ရွိ ဓားဦးခြၽန္နဲ႔ ထိုးၿပီးထြက္ေျပးသြားတာေၾကာင့္ ရဲဒုတပ္ၾကပ္ မ်ိဳးျမင့္လြင္ရဲ႕ ဝဲရင္အုံ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ဝမ္းဗိုက္ဝဲဘက္ထိုးသြင္းဒဏ္ရာ ၁ ခ်က္ ရရွိေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ လူငယ္ ၃ ဦးကို ဒဂုံၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂/ ၃၉၂(လူသတ္မႈ၊လုယက္မႈ)နဲ႔ အမႈဖြင့္ၿပီး ထြက္ေျပးတရားခံ ေအာင္ကိုဦးနဲ႔ ေအာင္သူတို႔ကို စက္တင္ဘာ ၂၄ ရက္မွာ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕  သတင္းမွာေဖာ္ျပပါတယ္။ ဓာတ္ပုံ- ရဲဇာနည္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024