DVB Logo
Home
မြန်မာသတင်း
ဂျူဝယ်လ်သီဆိုသည့် ပပဝတီ စီရင်ခန်းရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
September 24, 2019
ဂျူဝယ်လ်သီဆိုသည့် ပပဝတီ စီရင်ခန်းရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
Donate to DVB

“အမေမွေးပေးထားတဲ့ အလှတရားကို ကျော်ပြီးမှ လှချင်သလား… ထူးထူးခြား ခြားနဲ့ ဘဝကို ထွင်ပြီးမှ ရချင်သလား… ဖြစ်တော့ ဖြစ်နိုင်တယ်… နည်းပညာတွေနဲ့”

ဒါကတော့ လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့  ပပဝတီစီရင်ခန်း ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းစာသားတွေဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ နာမည်ကြီး လူငယ်တေးရေးဆရာ ဝေကြီးရဲ့ ရေးစပ်ထားမှုနဲ့ ပ ရိသတ်ကြိုက် တေးသံရှင် ဂျူဝယ်လ်က သီဆိုပေးထားခဲ့တာပါ။

“သဘာဝက ပေးထားတဲ့ အလှကို ကျော်ပြီးမှ လှချင်သလား… ဟင်းးးးး… မင်းမှ မသိတော့တဲ့ မျက်နှာသစ်တခု ထပ်ရချင်သလား… ဒါ ဖြစ်တော့ဖြစ်နိုင်တယ်… ဆေး ရောင်စုံတွေနဲ့”

အောက်တိုဘာလထဲမှာ ရုံတင်ပြသသွားမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ မိုးဟေကို နဲ့ ဖွေးဖွေး ထိပ်တန်းသရုပ်ဆောင် မင်းသမီး ၂ လက်ရဲ့ အားပြိုင်မှုကို ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ခုထွက်ရှိလာတဲ့ ဇာတ်ဝင်တေးရုပ်သံကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့က မျှ ဝေထားခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ တ သန်းနီးပါး ရှိနေခဲ့တာပါ။

“လူတိုင်းက လှပြီးသားပါ… ရင်ထဲက လာတဲ့ မေတ္တာ… ဖြူဖြူမည်းမည်း… ဘယ် လောက်ဆိုးမလဲ… လူတိုင်းက လှပြီးသားပါ… အရောင်လုံးဝမခြယ်တဲ့ မျက်နှာ… ဖြူဖြူ မည်းမည်း… လူလူချင်းပဲ… ရင်ဘတ်နဲ့ ပေါင်းလေကွာ”

အဆွေးသီချင်းတွေနဲ့ ပရိသတ်ကြား နေရာယူနိုင်ခဲ့တဲ့ ဂျူဝယ်လ်ရဲ့ သီဆိုမှုနဲ့အ တူ ရုပ်ရှင်ကားထဲက သရုပ်ဆောင်ပြကွက်တွေကိုပါ ဒီသီချင်းထဲမှာ ရှုစားကြရမှာ ဖြစ် ပါတယ်။

The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ဂျူဝယ်လ်ဟာ အလွမ်းမှတ်တိုင်၊ မချစ်ချင်တော့ပြီ စတဲ့ တကိုယ် တော် သီချင်းတွေအပြင် ကောင်းကောင်းနဲ့ စုံတွဲသီဆိုထားတဲ့ ပျော်နေပါ၊ ဖြိုးပြည့်စုံနဲ့ စုံတွဲသီဆိုထားတဲ့ အချစ်ဦးစတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူတဦး ဖြစ်ပါ တယ်။




ဂ်ဴဝယ္လ္သီဆိုသည့္ ပပဝတီ စီရင္ခန္း႐ုပ္ရွင္ဇာတ္ဝင္ေတး (႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

“အေမေမြးေပးထားတဲ့ အလွတရားကို ေက်ာ္ၿပီးမွ လွခ်င္သလား… ထူးထူးျခား ျခားနဲ႔ ဘဝကို ထြင္ၿပီးမွ ရခ်င္သလား… ျဖစ္ေတာ့ ျဖစ္ႏိုင္တယ္… နည္းပညာေတြနဲ႔”
ဒါကေတာ့ လတ္တေလာ အြန္လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ပပဝတီစီရင္ခန္း ႐ုပ္ရွင္ကားထဲက ဇာတ္ဝင္သီခ်င္းစာသားေတြျဖစ္ပါတယ္။

ဒီသီခ်င္းကိုေတာ့ နာမည္ႀကီး လူငယ္ေတးေရးဆရာ ေဝႀကီးရဲ႕ ေရးစပ္ထားမႈနဲ႔ ပ ရိသတ္ႀကိဳက္ ေတးသံရွင္ ဂ်ဴဝယ္လ္က သီဆိုေပးထားခဲ့တာပါ။

“သဘာဝက ေပးထားတဲ့ အလွကို ေက်ာ္ၿပီးမွ လွခ်င္သလား… ဟင္းးးးး… မင္းမွ မသိေတာ့တဲ့ မ်က္ႏွာသစ္တခု ထပ္ရခ်င္သလား… ဒါ ျဖစ္ေတာ့ျဖစ္ႏိုင္တယ္… ေဆး ေရာင္စုံေတြနဲ႔”

ေအာက္တိုဘာလထဲမွာ ႐ုံတင္ျပသသြားမယ့္ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ မိုးေဟကို နဲ႔ ေဖြးေဖြး ထိပ္တန္းသ႐ုပ္ေဆာင္ မင္းသမီး ၂ လက္ရဲ႕ အားၿပိဳင္မႈကို ပရိသတ္ေတြက ရႈစားၾကရမွာျဖစ္ၿပီး ဒါ႐ိုက္တာ ဝိုင္းက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

ခုထြက္ရွိလာတဲ့ ဇာတ္ဝင္ေတး႐ုပ္သံကိုေတာ့ စက္တင္ဘာလ ၂၀ ရက္ေန႔က မွ် ေဝထားခဲ့တာျဖစ္ၿပီး ရက္ပိုင္းအတြင္း ဝင္ေရာက္ၾကည့္ရႈနားဆင္ၾကတဲ့ အႀကိမ္ေရ တ သန္းနီးပါး ရွိေနခဲ့တာပါ။

“လူတိုင္းက လွၿပီးသားပါ… ရင္ထဲက လာတဲ့ ေမတၱာ… ျဖဴျဖဴမည္းမည္း… ဘယ္ ေလာက္ဆိုးမလဲ… လူတိုင္းက လွၿပီးသားပါ… အေရာင္လုံးဝမျခယ္တဲ့ မ်က္ႏွာ… ျဖဴျဖဴ မည္းမည္း… လူလူခ်င္းပဲ… ရင္ဘတ္နဲ႔ ေပါင္းေလကြာ”

အေဆြးသီခ်င္းေတြနဲ႔ ပရိသတ္ၾကား ေနရာယူႏိုင္ခဲ့တဲ့ ဂ်ဴဝယ္လ္ရဲ႕ သီဆိုမႈနဲ႔အ တူ ႐ုပ္ရွင္ကားထဲက သ႐ုပ္ေဆာင္ျပကြက္ေတြကိုပါ ဒီသီခ်င္းထဲမွာ ရႈစားၾကရမွာ ျဖစ္ ပါတယ္။

The Best Of Melody World သီခ်င္းဆိုၿပိဳင္ပြဲမွတဆင့္ ဂီတေလာကထဲကို ေရာက္ရွိလာခဲ့တဲ့ ဂ်ဴဝယ္လ္ဟာ အလြမ္းမွတ္တိုင္၊ မခ်စ္ခ်င္ေတာ့ၿပီ စတဲ့ တကိုယ္ ေတာ္ သီခ်င္းေတြအျပင္ ေကာင္းေကာင္းနဲ႔ စုံတြဲသီဆိုထားတဲ့ ေပ်ာ္ေနပါ၊ ၿဖိဳးျပည့္စုံနဲ႔ စုံတြဲသီဆိုထားတဲ့ အခ်စ္ဦးစတဲ့ သီခ်င္းေတြနဲ႔ ပရိသတ္အားေပးမႈ ရရွိခဲ့သူတဦး ျဖစ္ပါ တယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013