DVB Logo
Home
မြန်မာသတင်း
ခံစားသူတို့နဲ့ပျော်ရွှင်ရာ ချုံနွယ်တွေကြားက ရထားမလာတဲ့ ဘူတာရုံအိုလေး
DVB
·
September 24, 2019
ခံစားသူတို့နဲ့ပျော်ရွှင်ရာ ချုံနွယ်တွေကြားက ရထားမလာတဲ့ ဘူတာရုံအိုလေး
1 / 9
Donate to DVB

‌ယောကျ်ားနဲ့မိန်းမ၊ တံခွန်နဲ့ကုက္ကား၊ ရထားနဲ့ဘူတာ စတဲ့အရာတွေဟာ အမြဲတွဲဖက်မြင်နေရတာကြောင့်ခွဲလို့မရတဲ့ အရာတွေလို့ အသိအမှတ်ပြုထားကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ဘူတာရုံရှိပေမဲ့ ရထားပြေးမဆွဲတဲ့ဘူတာရုံတွေ အများအပြား ရှိနေပါတယ်။ ဒီအထဲမှာ ကျိုင်းတုံ ဘူတာလည်း တခု အပါအဝင်ပါ။

သံချေးတက်နေတဲ့မီးရထားကိုယ်ထည် အစိတ်အပိုင်းတွေ၊ ပြန့်ကြဲတဲ့ဇလီဖာတုံးတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ရေသန့်ဘူးတွေအကြားမှာ မြန်မာ့မီးရထား ရဲ့အမှတ်သင်္ကေတ ဖြစ်တဲ့ မမ ဆိုတဲ့စာလုံးဟာ မထင်မရှား ရှိနေဆဲပါပဲ။

အဲ့ဒီရဲ့တဖက်ကို မျှော်ကြည့်လိုက်ရင်တော့ တောင်တန်းတွေရဲ့နောက်ခံနဲ့ ချုံနွယ်တွေ အကြားမှာ အဖြူရောင်စာလုံးနဲ့ ကျိုင်းတုံဘူတာဆိုတဲ့ ဆိုင်းဘုတ်ကို ရိုးတိုးရိတ်တိတ် မြင်တွေ့ရပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၆၃၆ ပေမှာ တည်ရှိတဲ့ ကျိုင်းတုံမြို့ရဲ့ ဘူတာရုံဟာ ငါးမိုင်ကျော်အကွာမှာရှိတဲ့ ဝမ်ကောင်းဘူတာရုံကို လွန်ခဲ့တဲ့ ၁၀ စုနှစ်ခန့် ၂၀၁၀ ခုနှစ်လောက်က ရထားပြေးဆွဲခဲ့ပေမယ့် ပြေးဆွဲပြီး လပိုင်းအကြာမှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ 

ဒါပေမယ့် ဘယ်လို အကြောင်းကြောင့် ရထားပြေးဆွဲတာ ရပ်ဆိုင်းသွားတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ကျိုင်းတုံ မြို့ပြည်သူအများစုက တိတိကျကျ မသိရှိကြပါဘူး။

ခုတော့ဘူတာရုံရှိပြီး မီးရထားပြေးဆွဲခြင်းမရှိတဲ့ ဘူတာရုံလေးရဲ့ ရထားတွဲအပျက်တွေဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေရဲ့ နားခို နေရာလေး တခုဖြစ်နေသလို စုံတွဲတွေရဲ့ပျော်ရွင် အပန်းဖြေစရာ နေရာတခုသာ  ဖြစ်နေပါတော့တယ်။




ခံစားသူတို႔နဲ႔ေပ်ာ္႐ႊင္ရာ ခ်ဳံႏြယ္ေတြၾကားက ရထားမလာတဲ့ ဘူတာ႐ုံအိုေလး
ျပည့္ဘုန္းေအာင္

‌ေယာက်္ားနဲ႔မိန္းမ၊ တံခြန္နဲ႔ကုကၠား၊ ရထားနဲ႔ဘူတာ စတဲ့အရာေတြဟာ အၿမဲတြဲဖက္ျမင္ေနရတာေၾကာင့္ခြဲလို႔မရတဲ့ အရာေတြလို႔ အသိအမွတ္ျပဳထားၾကပါတယ္။

ဒါေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ဘူတာ႐ုံရွိေပမဲ့ ရထားေျပးမဆြဲတဲ့ဘူတာ႐ုံေတြ အမ်ားအျပား ရွိေနပါတယ္။ ဒီအထဲမွာ က်ိဳင္းတုံ ဘူတာလည္း တခု အပါအဝင္ပါ။

သံေခ်းတက္ေနတဲ့မီးရထားကိုယ္ထည္ အစိတ္အပိုင္းေတြ၊ ျပန္႔ႀကဲတဲ့ဇလီဖာတုံးေတြနဲ႔ မူးယစ္ေဆးဝါးသုံးစြဲရာမွာ အသုံးျပဳတဲ့ေရသန္႔ဘူးေတြအၾကားမွာ ျမန္မာ့မီးရထား ရဲ႕အမွတ္သေကၤတ ျဖစ္တဲ့ မမ ဆိုတဲ့စာလုံးဟာ မထင္မရွား ရွိေနဆဲပါပဲ။

အဲ့ဒီရဲ႕တဖက္ကို ေမွ်ာ္ၾကည့္လိုက္ရင္ေတာ့ ေတာင္တန္းေတြရဲ႕ေနာက္ခံနဲ႔ ခ်ဳံႏြယ္ေတြ အၾကားမွာ အျဖဴေရာင္စာလုံးနဲ႔ က်ိဳင္းတုံဘူတာဆိုတဲ့ ဆိုင္းဘုတ္ကို ႐ိုးတိုးရိတ္တိတ္ ျမင္ေတြ႕ရပါတယ္။

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း ၂၆၃၆ ေပမွာ တည္ရွိတဲ့ က်ိဳင္းတုံၿမိဳ႕ရဲ႕ ဘူတာ႐ုံဟာ ငါးမိုင္ေက်ာ္အကြာမွာရွိတဲ့ ဝမ္ေကာင္းဘူတာ႐ုံကို လြန္ခဲ့တဲ့ ၁၀ စုႏွစ္ခန္႔ ၂၀၁၀ ခုႏွစ္ေလာက္က ရထားေျပးဆြဲခဲ့ေပမယ့္ ေျပးဆြဲၿပီး လပိုင္းအၾကာမွာ ရပ္ဆိုင္းသြားခဲ့ပါတယ္။

ဒါေပမယ့္ ဘယ္လို အေၾကာင္းေၾကာင့္ ရထားေျပးဆြဲတာ ရပ္ဆိုင္းသြားတာလဲဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ က်ိဳင္းတုံ ၿမိဳ႕ျပည္သူအမ်ားစုက တိတိက်က် မသိရွိၾကပါဘူး။

ခုေတာ့ဘူတာ႐ုံရွိၿပီး မီးရထားေျပးဆြဲျခင္းမရွိတဲ့ ဘူတာ႐ုံေလးရဲ႕ ရထားတြဲအပ်က္ေတြဟာ မူးယစ္ေဆးဝါးသုံးစြဲသူေတြရဲ႕ နားခို ေနရာေလး တခုျဖစ္ေနသလို စုံတြဲေတြရဲ႕ေပ်ာ္႐ြင္ အပန္းေျဖစရာ ေနရာတခုသာ ျဖစ္ေနပါေတာ့တယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013