DVB Logo
Home
Lead Story
ဇင်ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ မင်းမော်ကွန်းတို့ပါဝင်သည့် ရှေ့သွားနောက် လိုက်ရုပ်ရှင်(နမူနာ)
DVB
·
September 24, 2019
ဇင်ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ မင်းမော်ကွန်းတို့ပါဝင်သည့် ရှေ့သွားနောက် လိုက်ရုပ်ရှင်(နမူနာ)
Donate to DVB

 

မိသားစု ဒရာမာအမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရှေ့သွား နောက်လိုက်ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။

ဒီရုပ်ရှင်ကားကို မိုးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဟန်းကော့ ရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ စတီးလ်က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

မိသားစုပညာပေး ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ မိဘနဲ့ သားသမီးတွေကြားမှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်နဲ့ မေတ္တာတရားအကြောင်း တွေကို အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဇင်ဝိုင်း၊ ထွန်းအိန္ဒြာဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ အလင်းရောင်၊ ခင်ဇာခြည်ကျော်၊ မိုး ပြည့်ပြည့်မောင်၊ ရွှေသမီး စတဲ့ သရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာ ဖြစ် ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။




ဇင္ဝိုင္း၊ ထြန္းအိျႏၵာဗိုလ္၊ မင္းေမာ္ကြန္းတို႔ပါဝင္သည့္ ေရွ႕သြားေနာက္ လိုက္႐ုပ္ရွင္(နမူနာ)
DVB
မိသားစု ဒရာမာအမ်ိဳးအစား ႐ုပ္ရွင္ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ေရွ႕သြား ေနာက္လိုက္႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ ပါတယ္။

ဒီ႐ုပ္ရွင္ကားကို မိုး႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ဟန္းေကာ့ ရဲ႕ ဇာတ္လမ္းကို ေနစိုးေသာ္က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ စတီးလ္က ႐ိုက္ ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

မိသားစုပညာေပး ႐ုပ္ရွင္ကားတကားအေနနဲ႔ ႐ိုက္ကူးထားတဲ့ ဒီကားထဲမွာေတာ့ မိဘနဲ႔ သားသမီးေတြၾကားမွာ ရွိသင့္ရွိထိုက္တဲ့ က်င့္ဝတ္နဲ႔ ေမတၱာတရားအေၾကာင္း ေတြကို အခ်စ္၊ အလြမ္း၊ ဒရာမာ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ရႈစားၾကရမွာျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ဇင္ဝိုင္း၊ ထြန္းအိျႏၵာဗိုလ္၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ေနမင္း၊ အလင္းေရာင္၊ ခင္ဇာျခည္ေက်ာ္၊ မိုး ျပည့္ျပည့္ေမာင္၊ ေ႐ႊသမီး စတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ပါဝင္ထားၾကတာ ျဖစ္ ပါတယ္။

ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ သန္းခြဲေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013