DVB Logo
Home
Lead Story
 ငြိမ်းချမ်းရေးနဲ့ စီးပွားရေး
DVB
·
September 24, 2019
 ငြိမ်းချမ်းရေးနဲ့ စီးပွားရေး
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးနဲ့ အတူပေါက်ဖွားလာတယ် ဆိုရင် မမှားပါဘူး။ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပါပြီ။ ပြည်တွင်းစစ်မီး တာရှည်နေတဲ့ ဒီနိုင်ငံမှာ အားကောင်းပါတယ် ဆိုတဲ့ စီးပွားရေးကတော့ Conflict Business လို့ခေါ်တဲ့ ပဋိပက္ခ စီးပွားရေးပုံစံပါပဲ။ ဒီစီးပွားရေးပုံစံတွေဟာ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို တိုးတက်ပြောင်းလဲအောင် ဘာမှ လုပ်ပေးနိုင်တာမျိုး မရှိရုံတင်မက သူ့ပြည်သူလူထုရဲ့ ဘဝကို ပိုပြီးဆိုးဝါး အထိနာစေခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ သဘာဝသယံဇာတတွေ ဘယ်လောက်ပဲ ပေါကြွယ်ဝပါစေ၊ စီးပွားရေး၊ လူမှုရေး၊ပညာရေး အားလုံး ပျက်စီးပြီး ကျဆုံးနိုင်ငံ ( Failed state) အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။

ကျောက်စိမ်းနဲ့ပဋိပက္ခ

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အောက်တိုဘာလမှာ Global Witness အဖွဲ့က  မြန်မာနိုင်ငံ၏ ကြီးမားသော နိုင်ငံတော် လျှို့ဝှက်ချက် အမည်နဲ့ ကျောက်စိမ်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပါတယ်။ အစီရင်ခံစာမှာ ကျောက်စိမ်း ရောင်းဝယ်မှုတွေကြောင့် ရရှိနေတဲ့ ဒေါ်လာ သန်းထောင် ပေါင်းများစွာကို စစ်တပ်အသိုင်းအဝိုင်း၊ မူးယစ်ရာဇာတွေနဲ့ ခရိုနီတွေက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတယ်လို့ ရေးထားပါတယ်။

“၂၀၁၄ ခုနှစ် တနှစ်တည်း အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ရှိပြီး လုပ်ငန်းတခုလုံးရဲ့ တန်ဖိုး ပမာဏက ၃၁ ဘီလျံလောက် ရှိပါတယ်။ အဓိကလုပ်ပိုင်ခွင့် ချထားတဲ့နေရာကတော့ အစိုးရ ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်ထဲက ဒေသတွေဖြစ်တယ်” လို့ တရုတ်နိုင်ငံဘက်က ရရှိတဲ့ သွင်းကုန် အချက်အလက်တွေကို မူတည်ပြီး ကျောက်စိမ်းလုပ်ငန်းရဲ့ ဝင်ငွေအနေအထားကို Global Witness ရဲ့ အစီရင်ခံစာထဲမှာ အခုလို တွက်ပြထားပါတယ်။

အလားတူပဲ ကျောက်စိမ်းဟာ KIA ၊ KIO အတွက် ဝင်ငွေ ရရှိစေတဲ့ အဓိကအရင်းအမြစ်ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် ကျောက်စိမ်းကရမယ့် ဝင်ငွေတွေကို ထိန်းချုပ်ထားနိုင်ဖို့ တိုက်ပွဲ ဆင်နွှဲနေတာဟာ နှစ်ဖက်စလုံးအတွက် မဟာဗျူဟာကျတဲ့ ဦးစားပေးမှု ဖြစ်လာတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါတွေဟာ တကယ်တော့  ပဋိပက္ခစီးပွားရေး ပုံစံတွေပါ။ ဒီလို အကျိုးအမြတ်ဆိုင်ရာ ပဋိပက္ခတွေကြားထဲမှာ နစ်နာသူတွေကတော့ ကချင်လူထုပါပဲ။ မြေယာ သိမ်းပိုက်ခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေအပြင် နှစ်ဖက် တိုက်ပွဲတွေကြားထဲမှာ အသက်ဆုံးရှုံးရတာ၊ ဘဝ ဆုံးရှုံးရတာတွေ အများအပြား ရှိနေပါတယ်။  

အန်အယ်ဒီ အစိုးရ တက်လာကာစမှာတော့  အစိုးရရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အချက် ၁၂ ချက်ပါတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ “အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်သော ဖယ်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုကြီး ဖြစ်တည်လာစေရေးကို အထောက်အပံ့ ဖြစ်စေသော မူဝါဒအဖြစ် ကျင့်သုံးရန်” ဆိုတဲ့ အချက်တချက် ပါဝင်ပါတယ်။ 

အစိုးရသစ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို ချိတ်ဆက် ဆောင်ရွက်သွားမယ် ဆိုတာက အဲဒီကတည်းက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ 

ပဋိပက္ခစီးပွားရေးတွေနဲ့ ချာချာလည်နေခဲ့ရတဲ့ မြန်မာ့စီးပွားရေးကို ရင်ကြားစေ့ရေး ဆိုတဲ့ လမ်းကြောင်းပေါ်ကို ဆွဲတင်ဖို့အတွက် အစိုးရသစ်က ဘယ်လို ကိုင်တွယ်မှာလဲ။ ဒေါ်လာဘီလျံနဲ့ချီတဲ့ ပဋိပက္ခစီးပွားရေးအတွင်းမှာ ပါဝင်နေတဲ့ ခရိုနီတွေ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်တွဲပြီး ရင်ကြားစေ့ စီးပွားရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်မှာပါလဲ ဆိုတာတွေပါ။ ဒါဟာ အန်အယ်ဒီအတွက်တော့ ငြိမ်းချမ်းရေးနဲ့အတူ တနွယ်ငယ် တစဉ်ပါ ဖြေရှင်းရမယ့် အကြီးမားဆုံး ပြဿနာတခု ဖြစ်လာပါပြီ။

သစ်မှောင်ခို

အလားတူပဲ ပဋိပက္ခစီးပွာရေး (Conflict Business) တွေကြောင့် မြန်မာနိုင်ငံရဲ့ သစ်တောတွေလည်း တနေ့တခြား ပျက်သုဉ်းလာနေပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ UNODC ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ယခင်က  ၄၄ ရာခိုင်နှုန်းလောက်အထိ သစ်တောဖုံးလွှမ်းမှု ရှိခဲ့တဲ့ အနေအထားကနေ တဖြည်းဖြည်း လျော့နည်းလာတာ တွေ့ရတဲ့အကြောင်း ၊၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း အနေအထားကို ပြန်ကြည့်ရင် ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယအမြင့်ဆုံးနိုင်ငံ ဖြစ်ပြီးတော့ နှစ်စဉ် ဟက်တာပေါင်း ငါးသိန်းခွဲ (၅၄၆၀၀၀) ဆုံးရှုံးနေတဲ့အကြောင်း၊ ၁၉၉၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံ သစ်တော ပြုန်းတီးမှု မြင့်တက်လာပြီး ယခုအချိန်ထိဆိုရင် ၂၆ ရာနှုန်းအထိ ပြုန်းတီးသွားခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

“နေ့စဉ် သစ်ခိုးထုတ်တဲ့ကားတွေ သွားလာနေကြတာတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဒေသခံတွေက သစ်တို သစ်စလေးတွေ၊ ဝါးတိုဝါးစလေးတွေနဲ့ အိမ်လေးတွေ ဆောက်ပြီး နေရတဲ့အချိန်မှာ တရုတ်ဘက်ကို နေ့စဉ် ၂၂ ဘီးကားကြီးတွေနဲ့ တင်ယူနေတာ ကိုယ့်အသားကို ဖဲ့ယူနေသလို ခံစားနေရပါတယ်” လို့ မြန်မာပြည် မြောက်ပိုင်းက ဒေသခံတဦးက ပြောပါတယ်။

ဗြိတိန်အခြေစိုက် Enviromental Investigation Agency (EIA) ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက သစ်တွေ တရုတ်နိုင်ငံဆီကို ခိုးထုတ်ရာမှာ သစ် တလုံးချင်း ဝယ်ယူတာ မဟုတ်ဘဲ တောင်အလုံးလိုက် ပုတ်ပြတ် ဝယ်ယူနေတဲ့အကြောင်း၊ ဒီလိုအရောင်းအဝယ်ကို ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက် ဝယ်ယူနေတာဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် အနှစ် ၂၀ ကျော်ကြာ တရုတ်နိုင်ငံဘက်က သစ်ခိုးထုတ်မှု ဒဏ်ခံကို နေရတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်းမှာ သစ်တော ဧရိယာ ဟက်တာ ၁ ဒသမ ၇ သန်းကျော် ဆုံးရှုံးသွားခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဘိန်းစီးပွားရေး

သစ်နဲ့ ကျောက်စိမ်းအပြင် ပဋိပက္ခကြောင့် နောက်ထပ် ကြီးကြီးမားမား ဖြစ်နေတဲ့ စီးပွားရေးတခုက ဘိန်းစီးပွားရေးပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ နယ်သာလန် အခြေစိုက် TNI (Transnational Institutue) က အစီရင်ခံစာတခု ထုတ်ပြန်ခဲ့ပါတယ်။ ရွှေတြိဂံဒေသတွင်း နိုင်ငံတွေ ဖြစ်ကြတဲ့ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ အမြင့်ဆုံး ဖြစ်နေတဲ့အကြောင်းနဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့အတူ အကျင့်ပျက် ခြစားမှုတို့က အဓိကအကြောင်းရင်းတွေ ဖြစ်နေတဲ့အကြောင်းတွေပါ။

UNODC ရဲ့ ထုတ်ပြန်ချက်မှာတော့ “မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၀၆ ခုနှစ်မှာ ဟက်တာပေါင်း ၂၁၀၀၀ ရှိခဲ့ရာက၂၀၁၄ ခုနှစ်မှာတော့ ဟက်တာပေါင်း ၅၇၀၀၀ အထိ ရှိလာတဲ့အတွက် ထုတ်လုပ်မှု တန်ချိန်မှာလည်း ၃၄၀ ကနေပြီး ၆၇၀ အထိ တိုးလာခဲ့တယ် ” လို့ ဖော်ပြထားပါတယ်။ 

လတ်တလောအခြေအနေ

လတ်တလော အခြေအနေမှာ ဆိုရင်လည်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားပါတယ်။ မနှစ်က အောက်တိုဘာ  ၁ ရက်နေ့ကနေ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၆၄၀၀ လောက် ရရှိခဲ့ရာကနေ အခု နှစ်မှာ သန်းပေါင်း ၅၄၀၀ လောက်ပဲ ရရှိခဲ့ပါတယ်။

ဒါက မြင်သာတဲ့ ဥပမာ တခုပါပဲ။ အခြားအကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။ ဥပမာ လူကုန်ကူးမှု ပြဿနာတွေလည်း စစ်ပွဲတွေ ငြိမ်းချမ်းရေးမရနိုင်တဲ့ အကြောင်းရင်းတွေနဲ့ ဆက်စပ် ပတ်သက်နေတယ်လို့ ပြောရမှာပါ။

ရင်းနှီးမြှုပ်နှံမှုမှာ ဆိုရင်လည်း ကျဆင်းနေတာကို တွေ့ရတယ်။ ၆ ဘီလျံ မှန်းထားတယ် ဆိုပေမယ့် လျာထားချက် ပြည့်မီဖို့ဆိုတာ မသေချာဘူး။ လောလောဆယ်မှာ ၄ ဒသမ ၁ ဘီလျံလောက်ပဲ ဝင်ထားသေးတယ်။ 

တကယ်တော့ ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံမှာ ဘယ်သူမှတော့ လာရောက် ရင်းနှီးမြှုပ်နှံချင်ကြမှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ လုပ်လို့ရတဲ့ စီးပွားရေးတွေကလည်း တရားမဝင် မှောင်ခိုစီးပွားရေးတွေလောက်ပဲ ဖြစ်မှာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံရေး ရင်းနှီးမြှုပ်နှံမှု ပမာဏကို လေ့လာကြည့်ရင် အားရစရာတော့ သိပ်မရှိလှပါဘူး။  

၁၉၈၈-၈၉ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကုန်အထိ နှစ်ပေါင်း ၃၀  ဝန်းကျင်ကာလောက်မှာမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၈၀ ဘီလျံကျော်လောက်ပဲ ရှိပါသေးတယ်။

ယမင်းမြတ်အေး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ၿငိမ္းခ်မ္းေရးနဲ႔ စီးပြားေရး

ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းစစ္ဟာ လြတ္လပ္ေရးနဲ႔ အတူေပါက္ဖြားလာတယ္ ဆိုရင္ မမွားပါဘူး။ ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာခဲ့ပါၿပီ။ ျပည္တြင္းစစ္မီး တာရွည္ေနတဲ့ ဒီႏိုင္ငံမွာ အားေကာင္းပါတယ္ ဆိုတဲ့ စီးပြားေရးကေတာ့ Conflict Business လို႔ေခၚတဲ့ ပဋိပကၡ စီးပြားေရးပုံစံပါပဲ။ ဒီစီးပြားေရးပုံစံေတြဟာ ျပည္သူလူထုရဲ႕ ေန႔စဥ္ဘဝကို တိုးတက္ေျပာင္းလဲေအာင္ ဘာမွ လုပ္ေပးႏိုင္တာမ်ိဳး မရွိ႐ုံတင္မက သူ႔ျပည္သူလူထုရဲ႕ ဘဝကို ပိုၿပီးဆိုးဝါး အထိနာေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံဟာ သဘာဝသယံဇာတေတြ ဘယ္ေလာက္ပဲ ေပါႂကြယ္ဝပါေစ၊ စီးပြားေရး၊ လူမႈေရး၊ပညာေရး အားလုံး ပ်က္စီးၿပီး က်ဆုံးႏိုင္ငံ ( Failed state) အဆင့္ကို ေရာက္လုနီးပါး ျဖစ္ေနပါၿပီ။

ေက်ာက္စိမ္းနဲ႔ပဋိပကၡ

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေအာက္တိုဘာလမွာ Global Witness အဖြဲ႕က  ျမန္မာႏိုင္ငံ၏ ႀကီးမားေသာ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အမည္နဲ႔ ေက်ာက္စိမ္း အစီရင္ခံစာ ထြက္ေပၚလာခဲ့ပါတယ္။ အစီရင္ခံစာမွာ ေက်ာက္စိမ္း ေရာင္းဝယ္မႈေတြေၾကာင့္ ရရွိေနတဲ့ ေဒၚလာ သန္းေထာင္ ေပါင္းမ်ားစြာကို စစ္တပ္အသိုင္းအဝိုင္း၊ မူးယစ္ရာဇာေတြနဲ႔ ခ႐ိုနီေတြက တင္းတင္းက်ပ္က်ပ္ ခ်ဳပ္ကိုင္ထားတယ္လို႔ ေရးထားပါတယ္။

“၂၀၁၄ ခုႏွစ္ တႏွစ္တည္း အေမရိကန္ေဒၚလာ ၁၂ ဘီလ်ံ ရွိၿပီး လုပ္ငန္းတခုလုံးရဲ႕ တန္ဖိုး ပမာဏက ၃၁ ဘီလ်ံေလာက္ ရွိပါတယ္။ အဓိကလုပ္ပိုင္ခြင့္ ခ်ထားတဲ့ေနရာကေတာ့ အစိုးရ ထိန္းခ်ဳပ္ထားတဲ့ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳနယ္ထဲက ေဒသေတြျဖစ္တယ္” လို႔ တ႐ုတ္ႏိုင္ငံဘက္က ရရွိတဲ့ သြင္းကုန္ အခ်က္အလက္ေတြကို မူတည္ၿပီး ေက်ာက္စိမ္းလုပ္ငန္းရဲ႕ ဝင္ေငြအေနအထားကို Global Witness ရဲ႕ အစီရင္ခံစာထဲမွာ အခုလို တြက္ျပထားပါတယ္။

အလားတူပဲ ေက်ာက္စိမ္းဟာ KIA ၊ KIO အတြက္ ဝင္ေငြ ရရွိေစတဲ့ အဓိကအရင္းအျမစ္ျဖစ္တဲ့ အေၾကာင္း၊ ဒါေၾကာင့္ ေက်ာက္စိမ္းကရမယ့္ ဝင္ေငြေတြကို ထိန္းခ်ဳပ္ထားႏိုင္ဖို႔ တိုက္ပြဲ ဆင္ႏႊဲေနတာဟာ ႏွစ္ဖက္စလုံးအတြက္ မဟာဗ်ဴဟာက်တဲ့ ဦးစားေပးမႈ ျဖစ္လာတဲ့အေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ဒါေတြဟာ တကယ္ေတာ့  ပဋိပကၡစီးပြားေရး ပုံစံေတြပါ။ ဒီလို အက်ိဳးအျမတ္ဆိုင္ရာ ပဋိပကၡေတြၾကားထဲမွာ နစ္နာသူေတြကေတာ့ ကခ်င္လူထုပါပဲ။ ေျမယာ သိမ္းပိုက္ခံရတာေတြ၊ ၿခိမ္းေျခာက္ခံရတာေတြ၊ အၾကမ္းဖက္ခံရတာေတြအျပင္ ႏွစ္ဖက္ တိုက္ပြဲေတြၾကားထဲမွာ အသက္ဆုံးရႈံးရတာ၊ ဘဝ ဆုံးရႈံးရတာေတြ အမ်ားအျပား ရွိေနပါတယ္။

အန္အယ္ဒီ အစိုးရ တက္လာကာစမွာေတာ့  အစိုးရရဲ႕ စီမံကိန္းနဲ႔ ဘ႑ာေရး ဝန္ႀကီးဌာနက အခ်က္ ၁၂ ခ်က္ပါတဲ့ စီးပြားေရးဆိုင္ရာ မူဝါဒသစ္တရပ္ကို ထုတ္ျပန္လိုက္ပါတယ္။ အဲဒီအထဲမွာ “အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကို ဦးတည္ၿပီး စည္းလုံးညီၫြတ္ေသာ ဖယ္ဒရယ္ဒီမိုကရက္တစ္ ျပည္ေထာင္စုႀကီး ျဖစ္တည္လာေစေရးကို အေထာက္အပံ့ ျဖစ္ေစေသာ မူဝါဒအျဖစ္ က်င့္သုံးရန္” ဆိုတဲ့ အခ်က္တခ်က္ ပါဝင္ပါတယ္။

အစိုးရသစ္အေနနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ဘယ္လို ခ်ိတ္ဆက္ ေဆာင္႐ြက္သြားမယ္ ဆိုတာက အဲဒီကတည္းက စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ပဋိပကၡစီးပြားေရးေတြနဲ႔ ခ်ာခ်ာလည္ေနခဲ့ရတဲ့ ျမန္မာ့စီးပြားေရးကို ရင္ၾကားေစ့ေရး ဆိုတဲ့ လမ္းေၾကာင္းေပၚကို ဆြဲတင္ဖို႔အတြက္ အစိုးရသစ္က ဘယ္လို ကိုင္တြယ္မွာလဲ။ ေဒၚလာဘီလ်ံနဲ႔ခ်ီတဲ့ ပဋိပကၡစီးပြားေရးအတြင္းမွာ ပါဝင္ေနတဲ့ ခ႐ိုနီေတြ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ လက္တြဲၿပီး ရင္ၾကားေစ့ စီးပြားေရးကို ဘယ္လိုနည္းလမ္းေတြနဲ႔ လုပ္မွာပါလဲ ဆိုတာေတြပါ။ ဒါဟာ အန္အယ္ဒီအတြက္ေတာ့ ၿငိမ္းခ်မ္းေရးနဲ႔အတူ တႏြယ္ငယ္ တစဥ္ပါ ေျဖရွင္းရမယ့္ အႀကီးမားဆုံး ျပႆနာတခု ျဖစ္လာပါၿပီ။

သစ္ေမွာင္ခို

အလားတူပဲ ပဋိပကၡစီးပြာေရး (Conflict Business) ေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ သစ္ေတာေတြလည္း တေန႔တျခား ပ်က္သုဥ္းလာေနပါတယ္။ မၾကာေသးခင္က ထြက္ေပၚလာတဲ့ UNODC ရဲ႕ အစီရင္ခံစာအရ ျမန္မာႏိုင္ငံဟာ ယခင္က  ၄၄ ရာခိုင္ႏႈန္းေလာက္အထိ သစ္ေတာဖုံးလႊမ္းမႈ ရွိခဲ့တဲ့ အေနအထားကေန တျဖည္းျဖည္း ေလ်ာ့နည္းလာတာ ေတြ႕ရတဲ့အေၾကာင္း ၊၂၀၁၀ ခုႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္အတြင္း အေနအထားကို ျပန္ၾကည့္ရင္ ကမာၻေပၚမွာ သစ္ေတာျပဳန္းတီးမႈ တတိယအျမင့္ဆုံးႏိုင္ငံ ျဖစ္ၿပီးေတာ့ ႏွစ္စဥ္ ဟက္တာေပါင္း ငါးသိန္းခြဲ (၅၄၆၀၀၀) ဆုံးရႈံးေနတဲ့အေၾကာင္း၊ ၁၉၉၀ ျပည့္ႏွစ္ကတည္းက ျမန္မာႏိုင္ငံ သစ္ေတာ ျပဳန္းတီးမႈ ျမင့္တက္လာၿပီး ယခုအခ်ိန္ထိဆိုရင္ ၂၆ ရာႏႈန္းအထိ ျပဳန္းတီးသြားခဲ့တဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။

“ေန႔စဥ္ သစ္ခိုးထုတ္တဲ့ကားေတြ သြားလာေနၾကတာေတာ့ မျမင္ခ်င္မွ အဆုံးပါပဲ။ ေဒသခံေတြက သစ္တို သစ္စေလးေတြ၊ ဝါးတိုဝါးစေလးေတြနဲ႔ အိမ္ေလးေတြ ေဆာက္ၿပီး ေနရတဲ့အခ်ိန္မွာ တ႐ုတ္ဘက္ကို ေန႔စဥ္ ၂၂ ဘီးကားႀကီးေတြနဲ႔ တင္ယူေနတာ ကိုယ့္အသားကို ဖဲ့ယူေနသလို ခံစားေနရပါတယ္” လို႔ ျမန္မာျပည္ ေျမာက္ပိုင္းက ေဒသခံတဦးက ေျပာပါတယ္။

ၿဗိတိန္အေျခစိုက္ Enviromental Investigation Agency (EIA) ရဲ႕ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံက သစ္ေတြ တ႐ုတ္ႏိုင္ငံဆီကို ခိုးထုတ္ရာမွာ သစ္ တလုံးခ်င္း ဝယ္ယူတာ မဟုတ္ဘဲ ေတာင္အလုံးလိုက္ ပုတ္ျပတ္ ဝယ္ယူေနတဲ့အေၾကာင္း၊ ဒီလိုအေရာင္းအဝယ္ကို ျပည္တြင္းမွာရွိတဲ့ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ ဝယ္ယူေနတာျဖစ္တဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ အႏွစ္ ၂၀ ေက်ာ္ၾကာ တ႐ုတ္ႏိုင္ငံဘက္က သစ္ခိုးထုတ္မႈ ဒဏ္ခံကို ေနရတဲ့ ျမန္မာႏိုင္ငံဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တခုေက်ာ္ ကာလအတြင္းမွာ သစ္ေတာ ဧရိယာ ဟက္တာ ၁ ဒသမ ၇ သန္းေက်ာ္ ဆုံးရႈံးသြားခဲ့ၿပီလို႔ ေဖာ္ျပထားပါတယ္။

ဘိန္းစီးပြားေရး

သစ္နဲ႔ ေက်ာက္စိမ္းအျပင္ ပဋိပကၡေၾကာင့္ ေနာက္ထပ္ ႀကီးႀကီးမားမား ျဖစ္ေနတဲ့ စီးပြားေရးတခုက ဘိန္းစီးပြားေရးပါ။ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္မွာ နယ္သာလန္ အေျခစိုက္ TNI (Transnational Institutue) က အစီရင္ခံစာတခု ထုတ္ျပန္ခဲ့ပါတယ္။ ေ႐ႊႀတိဂံေဒသတြင္း ႏိုင္ငံေတြ ျဖစ္ၾကတဲ့ ျမန္မာ၊ လာအိုနဲ႔ ထိုင္းႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံရဲ႕ ဘိန္းစိုက္ပ်ိဳး ထုတ္လုပ္မႈဟာ အျမင့္ဆုံး ျဖစ္ေနတဲ့အေၾကာင္းနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔အတူ အက်င့္ပ်က္ ျခစားမႈတို႔က အဓိကအေၾကာင္းရင္းေတြ ျဖစ္ေနတဲ့အေၾကာင္းေတြပါ။

UNODC ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ “ျမန္မာႏိုင္ငံရဲ႕ ဘိန္းစိုက္ပ်ိဳးမႈဟာ ၂၀၀၆ ခုႏွစ္မွာ ဟက္တာေပါင္း ၂၁၀၀၀ ရွိခဲ့ရာက၂၀၁၄ ခုႏွစ္မွာေတာ့ ဟက္တာေပါင္း ၅၇၀၀၀ အထိ ရွိလာတဲ့အတြက္ ထုတ္လုပ္မႈ တန္ခ်ိန္မွာလည္း ၃၄၀ ကေနၿပီး ၆၇၀ အထိ တိုးလာခဲ့တယ္ ” လို႔ ေဖာ္ျပထားပါတယ္။

လတ္တေလာအေျခအေန

လတ္တေလာ အေျခအေနမွာ ဆိုရင္လည္း မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ ရွမ္းျပည္ေျမာက္ပိုင္းက တိုက္ပြဲေတြေၾကာင့္ နယ္စပ္ကုန္သြယ္ေရး သိသိသာသာ က်ဆင္းသြားပါတယ္။ မႏွစ္က ေအာက္တိုဘာ  ၁ ရက္ေန႔ကေန ၾသဂုတ္လကုန္အထိ အေမရိကန္ေဒၚလာ သန္း ၆၄၀၀ ေလာက္ ရရွိခဲ့ရာကေန အခု ႏွစ္မွာ သန္းေပါင္း ၅၄၀၀ ေလာက္ပဲ ရရွိခဲ့ပါတယ္။

ဒါက ျမင္သာတဲ့ ဥပမာ တခုပါပဲ။ အျခားအေၾကာင္းရင္းေတြလည္း ရွိေနပါေသးတယ္။ ဥပမာ လူကုန္ကူးမႈ ျပႆနာေတြလည္း စစ္ပြဲေတြ ၿငိမ္းခ်မ္းေရးမရႏိုင္တဲ့ အေၾကာင္းရင္းေတြနဲ႔ ဆက္စပ္ ပတ္သက္ေနတယ္လို႔ ေျပာရမွာပါ။

ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ဆိုရင္လည္း က်ဆင္းေနတာကို ေတြ႕ရတယ္။ ၆ ဘီလ်ံ မွန္းထားတယ္ ဆိုေပမယ့္ လ်ာထားခ်က္ ျပည့္မီဖို႔ဆိုတာ မေသခ်ာဘူး။ ေလာေလာဆယ္မွာ ၄ ဒသမ ၁ ဘီလ်ံေလာက္ပဲ ဝင္ထားေသးတယ္။

တကယ္ေတာ့ ၿငိမ္းခ်မ္းမႈမရွိတဲ့ ႏိုင္ငံမွာ ဘယ္သူမွေတာ့ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံခ်င္ၾကမွာ မဟုတ္ပါဘူး။ ဒီအခ်ိန္မွာ လုပ္လို႔ရတဲ့ စီးပြားေရးေတြကလည္း တရားမဝင္ ေမွာင္ခိုစီးပြားေရးေတြေလာက္ပဲ ျဖစ္မွာပါ။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံေရး ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏကို ေလ့လာၾကည့္ရင္ အားရစရာေတာ့ သိပ္မရွိလွပါဘူး။

၁၉၈၈-၈၉ ဘ႑ာေရးႏွစ္ကေန ၂၀၁၈-၁၉ ဘ႑ာႏွစ္ကုန္အထိ ႏွစ္ေပါင္း ၃၀  ဝန္းက်င္ကာေလာက္မွာမွ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ အေမရိကန္ ေဒၚလာ ၈၀ ဘီလ်ံေက်ာ္ေလာက္ပဲ ရွိပါေသးတယ္။

ယမင္းျမတ္ေအး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013