DVB Logo
Home
မြန်မာသတင်း
ရွှေမန်းတောင်ဂေါက်ကွင်းအလုပ်သမားများ၏ နစ်နာကြေးများ ပြန်လည်ပေးအပ်
DVB
·
September 24, 2019
ရွှေမန်းတောင်ဂေါက်ကွင်းအလုပ်သမားများ၏ နစ်နာကြေးများ ပြန်လည်ပေးအပ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်ဂေါက်ကွင်းက အလုပ်ထုတ်ခံခဲ့ကြရတဲ့ ဂေါက်ကွင်းအလုပ်သမား ၇၀ ရဲ့ကယ်ရီကြေးတွေကို စက်တင်ဘာ ၂၃ ရက် ညနေက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမမှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

အလုပ်သမားတွေအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကျပ် ၂၄,၀၃၀,၇၂၆၊   AK Group ကုမ္ပဏီက ကျပ် ၂၄၀၃၀၇၂၆)နဲ့ Best Premium ကုမ္ပဏီက ကျပ် ၇,၈၄၇,၇၀၇ စုစုပေါင်းငွေကျပ်  ၅၅,၉၀၉,၁၅၉ ကို ပြန်လည်ပေးအပ်ခဲ့တာပါ။

ရွှေမန်းတံခွန်ဂေါက်အိတ်ထမ်းကယ်ရီအခြေခံအလုပ်သမားအဖွဲ့ဥက္ကဋ္ဌ ကိုကျော်နိုင်ဦးက “ဒီကနေ့ နစ်နာကြေးဆိုပြီးပေးတဲ့ ငွေဟာ ကျနော်တို့ အရင်တုန်းက ကယ်ရီဖီး ကြေးအဖြစ် ပေးခဲ့ရတဲ့ငွေကို ပြန်ပေးတာဖြစ်တယ်။ အလုပ်ထုတ်လိုက်တဲ့အတွက် ပေးတဲ့ အလုပ်ထုတ် နစ်နာကြေး မဟုတ်ဘူး အလုပ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်လို့လည်းဥပဒေနဲ့အညီ တင်ပြထားပြီး သားပါ။ ကျနော်တို့ကတော့ ဥပဒေဘောင်ထဲကနေဆက်လက်လုပ် ဆောင်နေပါတယ်”လို့ ပြောပါတယ်။

ခုပေးအပ်တဲ့ငွေတွေဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက် အထိ (CaddieFee)ခေါင်းစဉ်နဲ့ အလုပ်သမားတွေထံကနေကောက်ခံခဲ့တဲ့ငွေတွေနဲ့ ကယ်ရီ (booking) ကြေးအဖြစ် ကျင်း ၉ ကျင်းပြီးပါက ကျပ်  ၅၀၀ကို ကုမ္ပဏီကို ပေးခဲ့ရတဲ့ငွေတွေကို ပြန်လည် ပေးအပ်တာလည်း ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဘာဘဲပြောပြော ကျနော်တို့ သမဂ္ဂဖွဲ့ စည်းခွင့်ပြုခဲ့တယ်ဆိုတာ ပြောနိုင်၊ ဆိုနိုင် ပြောခွင့်ဆိုခွင့်ရအောင် သမဂ္ဂတွေကို ကျနော်ဖွဲ့စည်းခွင့်ပြုခဲ့တာပါ။ သမဂ္ဂတွေဘက်ကလည်း ဘာလိုအပ်ချက်ရှိလဲဆိုရင် တကယ် နစ်နာပြီဆိုရင် တရားဝင်ဆောင်ရွက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းဟာ အကောင်းဆုံး နည်းလမ်းပဲဖြစ်တယ်။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကိစ္စက ကျနော်တို့ အစိုးရနဲ့လည်း မဆိုင်ဘူး။ မြို့တော်ဝန်နဲ့လည်း မဆိုင်ဘူး။ ဒါပေမယ့် ကျနော်တို့က အရင်လုပ်ခဲ့တဲ့ သူတွေ အစိုးရရဲ့ တာဝန်ကို ဆက်ခံရတဲ့အခါ ဒီပြဿနာကို ဖြေရှင်းရတာပါ”လို့ ပြောပါတယ်။

ရွှေမန်းတောင်ဂေါက်ကွင်း အလုပ်သမားပေါင်း ၂၂၀ကျော်ထဲက ကယ်ရီကြေး ၅၀၀ ကျပ်ကောက်ခံခဲ့တဲ့အတွက် ရွှေမန်းတံခွန်ဂေါက်အိတ်ထမ်းကယ်ဒီ အခြေခံအလုပ်သမားအဖွဲ့က ဦးဆောင်ပြီးဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမား ၇၀ ကို အလုပ်ရှင်က၂၀၁၆ ခုနှစ် စက်တင်ဘာလ ထဲက အလုပ်ထုတ်ခဲ့ပါတယ်။

အလုပ်ပြန်လည်ခန့်ထားပေးဖို့ သက်ဆိုင်ရာ အလုပ်သမားညှိနှိုင်း ဖြန်ဖြေရေးနဲ့ ခုံသမာဓိကောင်စီတိုက ညွှန်ကြားခဲ့ပေမယ့် အလုပ်ရှင်က ဒီနေ့ အထိ ရွှေမန်းတောင်ဂေါက်ကွင်း ကယ်ရီအလုပ်သမား ၇၀ ကို အလုပ်ပြန်လည်ခန့်ထားခြင်း မရှိသေးပါဘူး။




ေ႐ႊမန္းေတာင္ေဂါက္ကြင္းအလုပ္သမားမ်ား၏ နစ္နာေၾကးမ်ား ျပန္လည္ေပးအပ္
ေအာင္ေအာင္ႏိုင္

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ေ႐ႊမန္းေတာင္ေဂါက္ကြင္းက အလုပ္ထုတ္ခံခဲ့ၾကရတဲ့ ေဂါက္ကြင္းအလုပ္သမား ၇၀ ရဲ႕ကယ္ရီေၾကးေတြကို စက္တင္ဘာ ၂၃ ရက္ ညေနက မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ အစည္းအေဝးခန္းမမွာ ျပန္လည္ေပးအပ္ခဲ့ပါတယ္။

အလုပ္သမားေတြအတြက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီအေနနဲ႔ က်ပ္ ၂၄,၀၃၀,၇၂၆၊ AK Group ကုမၸဏီက က်ပ္ ၂၄၀၃၀၇၂၆)နဲ႔ Best Premium ကုမၸဏီက က်ပ္ ၇,၈၄၇,၇၀၇ စုစုေပါင္းေငြက်ပ္ ၅၅,၉၀၉,၁၅၉ ကို ျပန္လည္ေပးအပ္ခဲ့တာပါ။

ေ႐ႊမန္းတံခြန္ေဂါက္အိတ္ထမ္းကယ္ရီအေျခခံအလုပ္သမားအဖြဲ႕ဥကၠ႒ ကိုေက်ာ္ႏိုင္ဦးက “ဒီကေန႔ နစ္နာေၾကးဆိုၿပီးေပးတဲ့ ေငြဟာ က်ေနာ္တို႔ အရင္တုန္းက ကယ္ရီဖီး ေၾကးအျဖစ္ ေပးခဲ့ရတဲ့ေငြကို ျပန္ေပးတာျဖစ္တယ္။ အလုပ္ထုတ္လိုက္တဲ့အတြက္ ေပးတဲ့ အလုပ္ထုတ္ နစ္နာေၾကး မဟုတ္ဘူး အလုပ္ထုတ္တဲ့ကိစၥနဲ႔ပတ္သက္လို႔လည္းဥပေဒနဲ႔အညီ တင္ျပထားၿပီး သားပါ။ က်ေနာ္တို႔ကေတာ့ ဥပေဒေဘာင္ထဲကေနဆက္လက္လုပ္ ေဆာင္ေနပါတယ္”လို႔ ေျပာပါတယ္။

ခုေပးအပ္တဲ့ေငြေတြဟာ ၿပီးခဲ့တဲ့ ၂၀၀၆ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၁၂ ရက္ အထိ (CaddieFee)ေခါင္းစဥ္နဲ႔ အလုပ္သမားေတြထံကေနေကာက္ခံခဲ့တဲ့ေငြေတြနဲ႔ ကယ္ရီ (booking) ေၾကးအျဖစ္ က်င္း ၉ က်င္းၿပီးပါက က်ပ္ ၅၀၀ကို ကုမၸဏီကို ေပးခဲ့ရတဲ့ေငြေတြကို ျပန္လည္ ေပးအပ္တာလည္း ျဖစ္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က “ဘာဘဲေျပာေျပာ က်ေနာ္တို႔ သမဂၢဖြဲ႕ စည္းခြင့္ျပဳခဲ့တယ္ဆိုတာ ေျပာႏိုင္၊ ဆိုႏိုင္ ေျပာခြင့္ဆိုခြင့္ရေအာင္ သမဂၢေတြကို က်ေနာ္ဖြဲ႕စည္းခြင့္ျပဳခဲ့တာပါ။ သမဂၢေတြဘက္ကလည္း ဘာလိုအပ္ခ်က္ရွိလဲဆိုရင္ တကယ္ နစ္နာၿပီဆိုရင္ တရားဝင္ေဆာင္႐ြက္ေပးႏိုင္တဲ့ ပုဂၢိဳလ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးျခင္းဟာ အေကာင္းဆုံး နည္းလမ္းပဲျဖစ္တယ္။ အမွန္အတိုင္း ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒီကိစၥက က်ေနာ္တို႔ အစိုးရနဲ႔လည္း မဆိုင္ဘူး။ ၿမိဳ႕ေတာ္ဝန္နဲ႔လည္း မဆိုင္ဘူး။ ဒါေပမယ့္ က်ေနာ္တို႔က အရင္လုပ္ခဲ့တဲ့ သူေတြ အစိုးရရဲ႕ တာဝန္ကို ဆက္ခံရတဲ့အခါ ဒီျပႆနာကို ေျဖရွင္းရတာပါ”လို႔ ေျပာပါတယ္။
ေ႐ႊမန္းေတာင္ေဂါက္ကြင္း အလုပ္သမားေပါင္း ၂၂၀ေက်ာ္ထဲက ကယ္ရီေၾကး ၅၀၀ က်ပ္ေကာက္ခံခဲ့တဲ့အတြက္ ေ႐ႊမန္းတံခြန္ေဂါက္အိတ္ထမ္းကယ္ဒီ အေျခခံအလုပ္သမားအဖြဲ႕က ဦးေဆာင္ၿပီးဆႏၵျပေတာင္းဆိုခဲ့တဲ့ အလုပ္သမား ၇၀ ကို အလုပ္ရွင္က၂၀၁၆ ခုႏွစ္ စက္တင္ဘာလ ထဲက အလုပ္ထုတ္ခဲ့ပါတယ္။

အလုပ္ျပန္လည္ခန႔္ထားေပးဖို႔ သက္ဆိုင္ရာ အလုပ္သမားညႇိႏႈိင္း ျဖန္ေျဖေရးနဲ႔ ခုံသမာဓိေကာင္စီတိုက ၫႊန္ၾကားခဲ့ေပမယ့္ အလုပ္ရွင္က ဒီေန႔ အထိ ေ႐ႊမန္းေတာင္ေဂါက္ကြင္း ကယ္ရီအလုပ္သမား ၇၀ ကို အလုပ္ျပန္လည္ခန႔္ထားျခင္း မရွိေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013