DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှုသူ ၄ သန်းနီးပါး ရှိနေသည့် အချစ်ဟာသရုပ်ရှင် – ကွီးတို့၏ မာယာ(ရုပ်သံ)
DVB
·
September 24, 2019
ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှုသူ ၄ သန်းနီးပါး ရှိနေသည့် အချစ်ဟာသရုပ်ရှင် – ကွီးတို့၏ မာယာ(ရုပ်သံ)
Donate to DVB

ပေါ့ပေါ့ပါးပါး မြန်မာအချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ 'ကွီးတို့၏ မာယာ'ကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ သမီး မြတ်ကျော်ရဲ့ ဝတ္ထုကို နတ်ရဲက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရဲအောင်၊ ခန့်စည်သူ၊ ရာဇာနေဝင်း၊ အောင်မင်းခန့်၊ မို့မို့မြင့်အောင်၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ကြည်လဲ့လဲ့ဦးတို့နဲ့အတူ ဟာသ သရုပ်ဆောင်တွေ အများကြီးက ခေါင်းဆောင် ပါဝင် ထားကြတာ ဖြစ်ပါတယ်။

ကွီးတို့၏ မာယာ ဆိုတဲ့အတိုင်း ဘယ်လို အရှောင်အတိမ်း၊ အလှည့်အပတ်တွေ၊ မာယာတွေနဲ့ အရှုပ်တော်ပုံတွေကြား ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့တာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေဖ့စ္ဘြတ္ခ္ေပၚ ၾကည့္ရႈသူ ၄ သန္းနီးပါး ရွိေနသည့္ အခ်စ္ဟာသ႐ုပ္ရွင္ – ကြီးတို႔၏ မာယာ(႐ုပ္သံ)

ေပါ့ေပါ့ပါးပါး ျမန္မာအခ်စ္ဟာသ႐ုပ္ရွင္ကားတကားျဖစ္တဲ့ 'ကြီးတို႔၏ မာယာ'ကို လာမယ့္ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

နယူးဖိုးဝ ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ သမီး ျမတ္ေက်ာ္ရဲ႕ ဝတၳဳကို နတ္ရဲက ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ ရာဇဝင္ကိုက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္ မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ရဲေအာင္၊ ခန႔္စည္သူ၊ ရာဇာေနဝင္း၊ ေအာင္မင္းခန႔္၊ မို႔မို႔ျမင့္ေအာင္၊ ထြန္းအိျႏၵာဗို၊ ခိုင္သင္းၾကည္၊ ၾကည္လဲ့လဲ့ဦးတို႔နဲ႔အတူ ဟာသ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ေခါင္းေဆာင္ ပါဝင္ ထားၾကတာ ျဖစ္ပါတယ္။

ကြီးတို႔၏ မာယာ ဆိုတဲ့အတိုင္း ဘယ္လို အေရွာင္အတိမ္း၊ အလွည့္အပတ္ေတြ၊ မာယာေတြနဲ႔ အရႈပ္ေတာ္ပုံေတြၾကား ဟာသဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီးထားမလဲ ဆိုတာကိုေတာ့ ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၄ သန္းနီးပါး ရွိေနခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013