DVB Logo
Home
မြန်မာသတင်း
အင်းလေးတွင် ဟိုတယ်ဇုန်တည်ဆောက်ရန် သိမ်းမည့်လယ်များအတွက် လျော်ကြေးပေးမည်
DVB
·
December 28, 2012
အင်းလေးတွင် ဟိုတယ်ဇုန်တည်ဆောက်ရန် သိမ်းမည့်လယ်များအတွက် လျော်ကြေးပေးမည်
Donate to DVB

ရှမ်းပြည်နယ် အင်းလေးကန်စပ်မှာ ဟိုတယ်ဇုန် တည်ဆောက်ဖို့ သိမ်းယူမယ့် လယ်မြေတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးပေးမယ်လို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ဟိုတယ်ဇုန်တည်ဆောက်မယ့် ဒေသက ဒေသခံတွေ နဲ့ တွေ့ဆုံတဲ့အခါ ပြောဆိုလိုက်တာလို့ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီ ကို ပြောပါတယ်။

“အောက်ခြေက လယ်သမားဒေသခံ ၁၀၀ ကျော်နဲ့တွေ့တဲ့အခါ ၀န်ကြီးချုပ်က သူတို့တဖက်သတ် မဆောင်ရွက်ပါဘူး။ ဒေသခံပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးပါမယ်။ သီးနှံနယ်မြေအတွက် ထိုက်သင့်တဲ့ လျော်ကြေးလည်း ဆောင်ရွက်ပေးပါမယ်။ အဲလို လျော်ကြေးပေးမယ့် ငွေဟာ ဟိုတယ်ဇုန်ကို ၀င်လာတဲ့ငွေရလာမှ သူပေးပါမယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့က ပြောခဲ့တယ်။”

[caption id="attachment_34833" align="alignright" width="150" caption="အင်းလေးဒေသ ဖောင်တော်ဦးဘုရားပွဲ"][/caption]

ရှမ်းပြည်နယ် အင်းလေးကန်မှာ လိုအပ်ချက်အရ ဟိုတယ်ဇုန်တခု ဖော်ထုတ်ဖို့ တင်ပြတာ ကို သမ္မတ ဦးသိန်းစိန်က ခွင့်ပြုခဲ့တာကြောင့် စီမံကိန်းအတွက် လယ် ၆၂၂ ဧကကို သိမ်းပြီး လမ်းဖောက်တာ၊ မြေကွက်ဖော်တာ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

ဒီဟိုတယ်ဇုန်ကို အင်းလေးကန်ရဲ့ အရှေ့ဘက် တောင်ခြေမှာ တည်ဆောက်မှာဖြစ်ပြီး စီမံကိန်းမှာ ပါဝင်မယ့် ဒေသခံတွေရဲ့ လယ်မြေတွေအတွက် ထိုက်တန်နဲ့ လျော်ကြေးပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသိမ်းခံရတဲ့လယ်မြေတွေအတွက် ၁ ဧက ဘယ်လောက်ပေးမယ် ဆိုတာကို ပြောဆိုသွားတာမရှိဘူးလို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

“၆၂၂ ဧက ဆိုတာကို တရားဝင်ပြောတယ်။ ဟိုတယ်ဇုန်အတွက် ပတ်လမ်းတွေ၊ လမ်းမီးတွေလုပ်ဖို့ ကုမ္ပဏီကိုခေါ်တယ်။ ဟိုတယ်ဇုန်လုပ်ဖို့ မြေအနေအထား ပြုပြင်နေတယ်။ စအကောင်အထည်ဖော်လုပ်ဆောင်နေတာ ၁ လကျော်လောက် ရှိပြီ။ လျော်ကြေးဆိုတာက လုပ်ပိုင်ခွင့်ရတဲ့ ဟိုတယ်တွေ ပိုက်ဆံလာသွင်းတော့မှ ပါသွားတဲ့ တောင်သူလယ်သမားတွေကို ရှမ်းပြည်နယ်အစိုးရက ထိုက်သင့်တဲ့ လျော်ကြေးပေးမယ်။ ၁ ဧက ဘယ်လောက်ပေးမယ်ဆိုတာ လုံးဝ မသိရသေးဘူး။”

ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ အဓိကဒေသတခုဖြစ်တဲ့  အင်းလေးဒေသမှာ  ဟိုတယ်ဇုန်အသစ်တခုကို တည်ဆောက်ဖို့ နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့တဲ့ မေလတုန်းက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ဟိုတယ်ဇုန်သစ်အတွက် ဧက ၂,၀၀၀ လျှောက်ထားခဲ့မှုကို စိစစ်ပြီး ဧက ၆၂၀ ကျော်ကို ဟိုတယ်ဇုန်သစ်အဖြစ် အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသ၊ ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ ကန်ရဲ့အရှေ့ဘက် တောင်ကုန်းပေါ်မှာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013