DVB Logo
Home
မြန်မာသတင်း
လူသတ်မှုဖြင့်စွဲချက်တင်ခံထားရသည့် ကိုရဲကျော်သူ သက်သေမခိုင်လုံ၍ တရားသေလွတ်မြောက်
DVB
·
September 23, 2019
လူသတ်မှုဖြင့်စွဲချက်တင်ခံထားရသည့် ကိုရဲကျော်သူ သက်သေမခိုင်လုံ၍ တရားသေလွတ်မြောက်
Donate to DVB

စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံးလုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးခံရပြီ းအမှုရင်ဆိုင်ခဲ့ရတဲ့ ကိုရဲကျော်သူ (ခေါ်) ရဲဇော် ကို ဒီကနေ့ တရားသေလွတ်မြောက်ခဲ့တယ်လို့ အမှုလိုက်ပါဆောင် ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ သက်သေခိုင်လုံမှုမရှိတဲ့အတွက် ကိုရဲကျော်သူကို စစ်တွေခရိုင်တရားရုံးက တရားသေလွှတ်ပေးလိုက်တာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဒီဗွီဘီကိုပြောပါတယ်။

“လိုပြသက်သေ ၁၇ ဦးကိုစစ်ဆေးတဲ့အခါမှာ တရားလိုအပါအဝင်လိုပြသက်သေတွေ ထွက်ဆိုချက်အရ၊ သေဆုံးသွားတဲ့ ဖိုးလုံ (ခေါ်) ဝင်းထိုက် ကို သေနတ်နဲ့ပစ်သွားတဲ့သူဟာ ကိုရဲဇော် ဖြစ်တယ်လို့ တထစ်ချ ယူဆနိုင်လောက်ခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ရှိရတဲ့ အတွက် ဒီလိုလောက်ကြီးအမှုနဲ့စွဲဆို ထားတဲ့အခါမှာသံသယဖြစ်စရာမျိုး၊ မယုံကြည်ထိုက်တဲ့ မခိုင်လုံတဲ့ သက်သေထွက်ဆို ချက်များနဲ့ အပြစ်မပေးထိုက်ဘူးဆိုတဲ့ ဥပဒေလုပ်ထုံး လုပ်နည်း စီရင်ထုံးအရ သူ့ကိုအပြီးအပြတ်လွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ် ပါတယ်” လို့ပြောပါတယ်။

လွတ်မြောက်လာတဲ့ ကိုရဲကျော်သူကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် ရန်ကုန်တိုင်း၊ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဝင်းထိုက် (ခေါ်) ဖိုးလုံး အမှုနဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးစစ်ခဲ့ရတဲ့ ရခိုင်လူငယ် ၃ ဦးကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က စစ်တွေခရိုင်တရားရုံးက စစ်ဆေးထားသမျှရလဒ်တွေအရ စွဲချက်တင်ဖို့ အကြောင်းမရှိတာကြောင့် စွဲချက်မတင်မီ လွှတ်ပေးခဲ့ပါတယ်။

ဝင်းထိုက် (ခေါ်) ဖိုးလုံး အမှုနဲ့ပတ်သက်လို့ ကိုအောင်ဇော်လင်း၊ ကိုမေယုထွန်းနဲ့ ကိုခိုင်ဘိုဘိုတို့ကို ၃၀၂/၃၄ အကြံတူဖြင့် လူသတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ 

ဒါပေမယ့် ကိုရဲကျော်သူ (ခေါ်) ကိုရဲဇော် ကိုတော့ ၃၀၂ (၂) စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈  စက်တင်ဘာ ၂၅ ရက်က စစ်တွေမြို့ ဝင်္ကာဘာကွင်းမှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ်ဖိုးလုံး( ခေါ်) ဝင်းထိုက် ဟာ စျေးရောင်းပွဲတော်မှာ အမည်မသိသေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရပြီး ဆေးရုံပို့စဉ် လမ်းမှာသေဆုံးခဲ့ပါတယ်။

====================================

လူသတ္မႈျဖင့္စြဲခ်က္တင္ခံထားရသည့္ ကိုရဲေက်ာ္သူ သက္ေသမခိုင္လုံ၍ တရားေသလြတ္ေျမာက္

ဝဏၰခြာညိဳ

စစ္ဘက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ တပ္ၾကပ္ ဝင္းထိုက္ (ေခၚ) ဖိုးလုံးလုပ္ႀကံခံရမႈနဲ႔ ပတ္သက္လို႔ သံသယနဲ႔ဖမ္းဆီးခံရၿပီ းအမႈရင္ဆိုင္ခဲ့ရတဲ့ ကိုရဲကျော်သူ (ခေါ်) ရဲဇော် ကို ဒီကေန႔ တရားေသလြတ္ေျမာက္ခဲ့တယ္လို႔ အမႈလိုက္ပါေဆာင္ ႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္က ေျပာပါတယ္။

အမႈနဲ႔ပတ္သက္လို႔ သက္ေသခိုင္လုံမႈမရွိတဲ့အတြက္ ကိုရဲေက်ာ္သူကို စစ္ေတြခ႐ိုင္တရား႐ုံးက တရားေသလႊတ္ေပးလိုက္တာျဖစ္တယ္လို႔ အမႈလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္က ဒီဗြီဘီကိုေျပာပါတယ္။

“လိုျပသက္ေသ ၁၇ ဦးကိုစစ္ေဆးတဲ့အခါမွာ တရားလိုအပါအဝင္လိုျပသက္ေသေတြ ထြက္ဆိုခ်က္အရ၊ ေသဆုံးသြားတဲ့ ဖိုးလုံေခၚ (ဝင္းထိုက္)ကို ေသနတ္နဲ႔ပစ္သြားတဲ့သူဟာ ကိုရဲေဇာ္ ျဖစ္တယ္လို႔ တထစ္ခ် ယူဆႏိုင္ေလာက္ခိုင္လုံတဲ့ သက္ေသအေထာက္အထား မေတြ႕ရွိရတဲ့ အတြက္ ဒီလိုေလာက္ႀကီးအမႈနဲ႔စြဲဆို ထားတဲ့အခါမွာသံသယျဖစ္စရာမ်ိဳး၊ မယုံၾကည္ထိုက္တဲ့ မခိုင္လုံတဲ့ သက္ေသထြက္ဆို ခ်က္မ်ားနဲ႔ အျပစ္မေပးထိုက္ဘူးဆိုတဲ့ ဥပေဒလုပ္ထုံး လုပ္နည္း စီရင္ထုံးအရ သူ႔ကိုအၿပီးအျပတ္လႊတ္တဲ့အမိန႔္ကို ခ်မွတ္လိုက္တာျဖစ္ ပါတယ္” လို႔ေျပာပါတယ္။

လြတ္ေျမာက္လာတဲ့ ကိုရဲေက်ာ္သူကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၁၅ ရက္ ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္ တိုင္းရင္းသားေက်း႐ြာမွာ က်င္းပခဲ့တဲ့ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားမွာ ရဲတပ္ဖြဲ႕က လာေရာက္ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

ဝင္းထိုက္ (ေခၚ) ဖိုးလုံး အမႈနဲ႔ပတ္သက္လို႔ သံသယနဲ႔ ဖမ္းဆီးစစ္ခဲ့ရတဲ့ ရခိုင္လူငယ္ ၃ ဦးကိုလည္း ၿပီးခဲ့တဲ့ ဇူလိုင္ ၁၅ ရက္က စစ္ေတြခ႐ိုင္တရား႐ုံးက စစ္ေဆးထားသမွ်ရလဒ္ေတြအရ စြဲခ်က္တင္ဖို႔ အေၾကာင္းမရွိတာေၾကာင့္ စြဲခ်က္မတင္မီ လႊတ္ေပးခဲ့ပါတယ္။

ဝင္းထိုက္ (ေခၚ) ဖိုးလုံး အမႈနဲ႔ပတ္သက္လို႔ ကိုေအာင္ေဇာ္လင္း၊ ကိုေမယုထြန္းနဲ႔ ကိုခိုင္ဘိုဘိုတို႔ကို ၃၀၂/၃၄ အႀကံတူျဖင့္ လူသတ္မႈနဲ႔ စြဲခ်က္တင္ခံခဲ့ရပါတယ္။

ဒါေပမယ့္ ကိုရဲေက်ာ္သူ (ေခၚ) ကိုရဲေဇာ္ ကိုေတာ့ ၃၀၂ (၂) စြဲခ်က္တင္ထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈  စက္တင္ဘာ ၂၅ ရက္က စစ္ေတြၿမိဳ႕ ဝကၤာဘာကြင္းမွာ စစ္ဘက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ တပ္ၾကပ္ဖိုးလုံး( ေခၚ) ဝင္းထိုက္ ဟာ ေစ်းေရာင္းပြဲေတာ္မွာ အမည္မသိေသနတ္သမားရဲ႕ အနီးကပ္ပစ္ခတ္ခံရၿပီး ေဆး႐ုံပို႔စဥ္ လမ္းမွာေသဆုံးခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013