DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အခွန်ငွေလျော့နည်းမှုမရှိရန် ဝါးထုတ်လုပ်မှုပိုမိုခွင့်ပြုပေးထားဟု ကရင်ဝန်ကြီးပြော
DVB
·
September 23, 2019
နိုင်ငံတော်အခွန်ငွေလျော့နည်းမှုမရှိရန် ဝါးထုတ်လုပ်မှုပိုမိုခွင့်ပြုပေးထားဟု ကရင်ဝန်ကြီးပြော
Donate to DVB

ဝါးထုတ်လုပ်မှုပြည့်မီအောင်နဲ့ နိုင်ငံတော်အခွန်ငွေ လျော့နည်းခြင်းမရှိစေဖို့ ဝါးထုတ်လုပ်မှုကို ပိုမိုခွင့်ပြုပေးခဲ့တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက ပြောပါတယ်။

သံတောင်ကြီးမြို့နယ်အတွင်း သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်ပြားမှု တွေ့မြင်နေရတဲ့အတွက် သက်ဆိုင်ရာဌာနတွေက မည်သို့အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလို ကြောင်း သံတောင်ကြီးမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်ရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ကရင်ပြည်နယ်လွှတ်တော်မှာ  ဖြေဆိုခဲ့တာပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဝါးထုတ်လုပ်မှု ပြည့်မီအောင်မထုတ်လုပ်နိုင်သဖြင့် နိုင်ငံတော်အခွန်ငွေလျော့နည်းခြင်းမရှိစေရန် သဘာဝတောကို ထိခိုက်မှုနည်းသော ဝါးထုတ်လုပ် ခြင်းကို ပိုမိုခွင့်ပြုပေးခဲ့တာဖြစ်တယ်။ သံတောင်ကြီးမြို့နယ်အတွင်း မျှစ်ကို စီးပွားဖြစ် ရောင်းဝယ် ဖောက်ကားမှုမျိုး မတွေ့ရှိရပဲ ‌ဒေသအတွင်းသုံးစွဲမှုကိုသာတွေ့ရှိရတယ်”လို့ ‌ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)တပ်မဟာ ၂ တပ်မဟာမှူး ဖဒိုစောအယ်ဝါး က “တနေ့တချိန်ကျရင် ကိုယ်ကလေးတွေကို ဘာထားခဲ့ပေးမလဲ။ ကျနော်တို့ဝါးနဲ့ မကင်းဘူး။ တခု မဟုတ်တခု ဝါးတွေကို အသုံးပြုလို့ရတယ်။ ကျနော်ပြောချင်တာ လောဘစိတ်ထားတဲ့ သူတွေအတွက်တော့ ဒါကမလုပ်ထိုက်တဲ့အရာတွေ” လို့ ပြောပါတယ်။

ကရင်ပြည်အစိုးရအနေနဲ့ သံတောင်ကြီးမြို့နယ်မှာ နိုင်ငံတော်အခွန်ရရှိစေဖို့ ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ထင်းခွင့်ပြု ကုဗတန် ၁၄၀၀ မှာ ထုတ်လုပ်မှု တန် ၁၄၀၀၊ မီးသွေးကုဗတန် ၁၉၀၅ မှာ ထုတ်လုပ်မှု တန် ၁၉၀၅၊ ဝါး(လုံးထောင်) ၁၂၀ မှာထုတ်လုပ်မှုဝါး ၁၂၀ထုတ်လုပ်ခဲ့တယ်လို့  တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ သြဂုတ်လကုန်ထိ ထင်းခွင့်ပြုကုဗတန် ၃၀၀၀ မှာ ထုတ်လုပ်မှု တန် ၃၀၀၀၊ မီးသွေးကုဗတန် ၆၀၀၀ မှာ ထုတ်လုပ်မှု တန် ၃၂၀၀၊ ဝါး(လုံးထောင်) ၂၄၅ မှာ ထုတ်လုပ်မှုဝါး၂၄၅ လုံးထောင်ထုတ်လုပ်ခဲ့တယ်လို့ လည်းပြောပါတယ်။

ကေအန်ယူတပ်မဟာ ၂ နယ်မြေ သံတောင်ကြီး‌ဒေသအတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနဲ့ သစ်တော ပြုန်းတီးမှုကာကွယ်ဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေရှိပေမယ့် ပြည်နယ်အစိုးရအနေနဲ့ အခွန်ငွေရရှိရေးလုပ်ကိုင်ခွင့်ပြုနေတဲ့ အပေါ် သစ်တောပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာမှာကို များစွာစိုးရိမ်မိတယ်လို့ ‌ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့စည်းတွေက ပြောပါတယ်။

သတင်း- ရဲမင်းခေါင်




ဝါးထုတ္လုပ္မႈျပည့္မီေအာင္နဲ႔ ႏိုင္ငံေတာ္အခြန္ေငြ ေလ်ာ့နည္းျခင္းမရွိေစဖို႔ ဝါးထုတ္လုပ္မႈကို ပိုမိုခြင့္ျပဳေပးခဲ့တယ္လို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ သစ္ေတာသတၱဳႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေစာျပည္သာက ေျပာပါတယ္။

သံေတာင္ႀကီးၿမိဳ႕နယ္အတြင္း သစ္ေတာျပဳန္းတီးမႈ၊ သဘာဝပတ္ဝန္းက်င္ ပ်က္ျပားမႈ ေတြ႕ျမင္ေနရတဲ့အတြက္ သက္ဆိုင္ရာဌာနေတြက မည္သို႔အေရးယူေဆာင္႐ြက္ေပးမည္ကို သိရွိလို ေၾကာင္း သံေတာင္ႀကီးၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ ၂ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေဂ်ေအဝင္းျမင့္ရဲ႕ ေမးခြန္းနဲ႔ ပတ္သက္ၿပီး ဒီကေန႔ ကရင္ျပည္နယ္လႊတ္ေတာ္မွာ  ေျဖဆိုခဲ့တာပါ။

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ သစ္ေတာသတၱဳႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေစာျပည္သာက “၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ ဝါးထုတ္လုပ္မႈ ျပည့္မီေအာင္မထုတ္လုပ္ႏိုင္သျဖင့္ ႏိုင္ငံေတာ္အခြန္ေငြေလ်ာ့နည္းျခင္းမရွိေစရန္ သဘာဝေတာကို ထိခိုက္မႈနည္းေသာ ဝါးထုတ္လုပ္ ျခင္းကို ပိုမိုခြင့္ျပဳေပးခဲ့တာျဖစ္တယ္။ သံေတာင္ႀကီးၿမိဳ႕နယ္အတြင္း မွ်စ္ကို စီးပြားျဖစ္ ေရာင္းဝယ္ ေဖာက္ကားမႈမ်ိဳး မေတြ႕ရွိရပဲ ‌ေဒသအတြင္းသုံးစြဲမႈကိုသာေတြ႕ရွိရတယ္”လို႔ ‌ေျပာပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(ေကအန္ယူ)တပ္မဟာ ၂ တပ္မဟာမႉး ဖဒိုေစာအယ္ဝါး က “တေန႔တခ်ိန္က်ရင္ ကိုယ္ကေလးေတြကို ဘာထားခဲ့ေပးမလဲ။ က်ေနာ္တို႔ဝါးနဲ႔ မကင္းဘူး။ တခု မဟုတ္တခု ဝါးေတြကို အသုံးျပဳလို႔ရတယ္။ က်ေနာ္ေျပာခ်င္တာ ေလာဘစိတ္ထားတဲ့ သူေတြအတြက္ေတာ့ ဒါကမလုပ္ထိုက္တဲ့အရာေတြ” လို႔ ေျပာပါတယ္။

ကရင္ျပည္အစိုးရအေနနဲ႔ သံေတာင္ႀကီးၿမိဳ႕နယ္မွာ ႏိုင္ငံေတာ္အခြန္ရရွိေစဖို႔ ၂၀၁၈ ဧၿပီလမွ စက္တင္ဘာလအထိ ထင္းခြင့္ျပဳ ကုဗတန္ ၁၄၀၀ မွာ ထုတ္လုပ္မႈ တန္ ၁၄၀၀၊ မီးေသြးကုဗတန္ ၁၉၀၅ မွာ ထုတ္လုပ္မႈ တန္ ၁၉၀၅၊ ဝါး(လုံးေထာင္) ၁၂၀ မွာထုတ္လုပ္မႈဝါး ၁၂၀ထုတ္လုပ္ခဲ့တယ္လို႔  တာဝန္ရွိသူက ေျပာပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ရဲ႕ ၾသဂုတ္လကုန္ထိ ထင္းခြင့္ျပဳကုဗတန္ ၃၀၀၀ မွာ ထုတ္လုပ္မႈ တန္ ၃၀၀၀၊ မီးေသြးကုဗတန္ ၆၀၀၀ မွာ ထုတ္လုပ္မႈ တန္ ၃၂၀၀၊ ဝါး(လုံးေထာင္) ၂၄၅ မွာ ထုတ္လုပ္မႈဝါး၂၄၅ လုံးေထာင္ထုတ္လုပ္ခဲ့တယ္လို႔ လည္းေျပာပါတယ္။

ေကအန္ယူတပ္မဟာ ၂ နယ္ေျမ သံေတာင္ႀကီး‌ေဒသအတြင္း သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ မရွိေစေရးနဲ႔ သစ္ေတာ ျပဳန္းတီးမႈကာကြယ္ဖို႔ အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္ေနတာေတြရွိေပမယ့္ ျပည္နယ္အစိုးရအေနနဲ႔ အခြန္ေငြရရွိေရးလုပ္ကိုင္ခြင့္ျပဳေနတဲ့ အေပၚ သစ္ေတာျပဳန္းတီးၿပီး သဘာဝပတ္ဝန္းက်င္ထိခိုက္လာမွာကို မ်ားစြာစိုးရိမ္မိတယ္လို႔ ‌ေဒသခံေတြနဲ႔ အရပ္ဖက္အဖြဲ႕စည္းေတြက ေျပာပါတယ္။

သတင္း- ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013