DVB Logo
Home
မြန်မာသတင်း
ကျောင်းသူ ၂ ဦးကို ဆေးခပ် အဓမ္မပြုကျင့်မှုဖြင့် ကျောင်းအုပ်ဆရာမကြီး၏ခင်ပွန်း ဖမ်းဆီးခံရ 
DVB
·
September 23, 2019
ကျောင်းသူ ၂ ဦးကို ဆေးခပ် အဓမ္မပြုကျင့်မှုဖြင့် ကျောင်းအုပ်ဆရာမကြီး၏ခင်ပွန်း ဖမ်းဆီးခံရ 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ထဲမှာ အလယ်တန်းကျောင်းသူ မိန်းကလေး ၂ ဦး ဆေးခပ်ပြီး အဓမ္မကျင့်ခံရတာနဲ့ ပတ်သက်လို့ ကျောင်းအုပ်ဆရာမကြီးရဲ့ ခင်ပွန်းကို တာဝန်ရှိရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ 

မိုင်းရယ်မြို့နယ် နားဖျန်းကျေးရွာအုပ်စု နမ့်ပါတိုင်းကျေးရွာက မူလွန်မူလတန်းကျောင်းမှာ  ကျောင်းအုပ်ဆရာမကြီးမရှိခိုက် ခင်ပွန်းဖြစ်သူက ကလေးမလေးတွေခေါ်ပြီး ကော်ဖီထဲ ဆေးခပ်ကာ အဓမ္မကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့လို့ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ဖမ်းဆီးထားတာလို့  နားဖျန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော့်အုပ်စုထဲမှာ ကျေးရွာပေါင်း ၁၀ ရွာရှိပါတယ်။ အခင်းဖြစ်သွားတာက တောင်ပေါ်က နမ့်ပါတိုင်းဆိုတဲ့ရွာ၊ အဲဒီရွာမှာ မူလွန်ကျောင်းလေးရှိတယ်။ ဆရာမကြီးက အလွန်ကောင်းပါတယ်။ သူအဲဒီမှာ ကျောင်းအုပ်လုပ်တာ ၈ နှစ်ရှိပြီ။ အိမ်ဆိုင်လေး လည်းဖွင့်ထားတယ်။ ပြီးခဲ့တဲ့အပတ်က ဆရာမကြီးကိုယ်ဝန်ရင့်လာလို့ မိုင်းရယ်မြို့ပေါ် တက်လာတယ်။ သူ့ယောကျ်ားကို ဆိုင်စောင့်ခိုင်း တယ်။ သူ့ယောကျာ်းက ဆိုင်ရှင်းစရာလိုလို့ဆိုပြီး ကျောင်းသူလေးတွေကို ခေါ်ရှင်းခိုင်းတယ်။ စက်တင်ဘာ ၁၉ ရက်ညက၊ အဲဒီမှာ အသက် ၁၄ နှစ် ရွယ်မိန်းကလေးကို ကော်ဖီတိုက်တယ်တဲ့၊ ကော်ဖီသောက်ပြီး မိန်းကလေးက အိပ်ပျော်သွားတယ်။ အိပ်မှုံစုံမွှားနိုးလာတော့ သူ့ဘေးမှာ ဆရာမကြီး ယောကျ်ားလာအိပ်နေတာတွေ့တယ်။ သူ့ကို အဲဒီတညထဲမှာ ၂ ကြိမ် အဓမ္မပြုတယ်လို့ သူတို့အတန်းပိုင် ဆရာမကို တိုင်ပြောတယ်။ ကျနော်တို့သွားစစ်တော့ ကလေးမလေးက ရှက်ကြောက်နေတယ်၊ သူတို့ ဆရာမကိုဘဲ မေးဖြေလုပ်ခိုင်းရတယ်။”

ဒါ့အပြင် အသက် ၁၃ နှစ်ရွယ်ရှိ အခြားကျောင်းသူ ၁ ဦးကလည်း  ဒီမတိုင်ခင်က အဆိုပါ ဆရာမကြီး ယောကျ်ားကပဲ သူမကို အဲဒီလို အိမ်ခေါ်ခိုင်းကြောင်း၊ သူမကို အချိုရည်တိုက်ပြီး တဲ့နောက် အိပ်ချင်လာကာ အဲဒီ ဆိုင်မှာဘဲ အိပ်ခဲ့ပြီး နိုးလာတော့ ဆရာမကြီးယောကျ်ားက သူမနဲ့ တူတူလာအိပ်နေတာတွေ့ရကြောင်း၊ လူကြီးတွေဆူမှာကြောက်လို့ ဘယ်သူ့ကိုမှ မတိုင်ရဲဘဲ ဒီတခါကျမှ ဆရာမကိုတိုင်ဖြစ်တာလို့ ပြောပါတယ်။ 

မိုင်းရယ်ရဲစခန်းနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက အဆိုပါကျောင်းအုပ်ကြီးရဲ့ ခင်ပွန်း အသက် ၃၀ ကျော်ရွယ်ရှိ ဦးအောင်မျိုးထက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ ရဲက ဖမ်းဆီး စစ်ဆေးနေပါတယ်။ 

သူကတော့ လောလောဆယ် ကလေးမလေးတွေကို ပါရာစီတမောဆေး တိုက်ကျွေးခဲ့တယ်လို့သာ ဝန်ခံထားပြီး အဓမ္မကျင့်တယ်ဆိုတာကိုတော့ ဝန်မခံသေးပါဘူး။ 




ေက်ာင္းသူ ၂ ဦးကို ေဆးခပ္ အဓမၼျပဳက်င့္မႈျဖင့္ ေက်ာင္းအုပ္ဆရာမႀကီး၏ခင္ပြန္း ဖမ္းဆီးခံရ
နန္းျမနဒီ

ရွမ္းျပည္ေျမာက္ပိုင္း၊ လားရႈိးခ႐ိုင္၊ မိုင္းရယ္ၿမိဳ႕နယ္ထဲမွာ အလယ္တန္းေက်ာင္းသူ မိန္းကေလး ၂ ဦး ေဆးခပ္ၿပီး အဓမၼက်င့္ခံရတာနဲ႔ ပတ္သက္လို႔ ေက်ာင္းအုပ္ဆရာမႀကီးရဲ႕ ခင္ပြန္းကို တာဝန္ရွိရဲတပ္ဖြဲ႕က ဖမ္းဆီးထားပါတယ္။

မိုင္းရယ္ၿမိဳ႕နယ္ နားဖ်န္းေက်း႐ြာအုပ္စု နမ့္ပါတိုင္းေက်း႐ြာက မူလြန္မူလတန္းေက်ာင္းမွာ ေက်ာင္းအုပ္ဆရာမႀကီးမရွိခိုက္ ခင္ပြန္းျဖစ္သူက ကေလးမေလးေတြေခၚၿပီး ေကာ္ဖီထဲ ေဆးခပ္ကာ အဓမၼက်င့္ခဲ့ေၾကာင္း ကာယကံရွင္မိန္းကေလးေတြက သက္ဆိုင္ရာကို တိုင္ၾကားခဲ့လို႔ တာဝန္ရွိသူေတြက စစ္ေဆးဖို႔ ဖမ္းဆီးထားတာလို႔ နားဖ်န္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုင္းဟန္က ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ့္အုပ္စုထဲမွာ ေက်း႐ြာေပါင္း ၁၀ ႐ြာရွိပါတယ္။ အခင္းျဖစ္သြားတာက ေတာင္ေပၚက နမ့္ပါတိုင္းဆိုတဲ့႐ြာ၊ အဲဒီ႐ြာမွာ မူလြန္ေက်ာင္းေလးရွိတယ္။ ဆရာမႀကီးက အလြန္ေကာင္းပါတယ္။ သူအဲဒီမွာ ေက်ာင္းအုပ္လုပ္တာ ၈ ႏွစ္ရွိၿပီ။ အိမ္ဆိုင္ေလး လည္းဖြင့္ထားတယ္။ ၿပီးခဲ့တဲ့အပတ္က ဆရာမႀကီးကိုယ္ဝန္ရင့္လာလို႔ မိုင္းရယ္ၿမိဳ႕ေပၚ တက္လာတယ္။ သူ႔ေယာက်္ားကို ဆိုင္ေစာင့္ခိုင္း တယ္။ သူ႔ေယာက်ာ္းက ဆိုင္ရွင္းစရာလိုလို႔ဆိုၿပီး ေက်ာင္းသူေလးေတြကို ေခၚရွင္းခိုင္းတယ္။ စက္တင္ဘာ ၁၉ ရက္ညက၊ အဲဒီမွာ အသက္ ၁၄ ႏွစ္ ႐ြယ္မိန္းကေလးကို ေကာ္ဖီတိုက္တယ္တဲ့၊ ေကာ္ဖီေသာက္ၿပီး မိန္းကေလးက အိပ္ေပ်ာ္သြားတယ္။ အိပ္မႈံစုံမႊားႏိုးလာေတာ့ သူ႔ေဘးမွာ ဆရာမႀကီး ေယာက်္ားလာအိပ္ေနတာေတြ႕တယ္။ သူ႔ကို အဲဒီတညထဲမွာ ၂ ႀကိမ္ အဓမၼျပဳတယ္လို႔ သူတို႔အတန္းပိုင္ ဆရာမကို တိုင္ေျပာတယ္။ က်ေနာ္တို႔သြားစစ္ေတာ့ ကေလးမေလးက ရွက္ေၾကာက္ေနတယ္၊ သူတို႔ ဆရာမကိုဘဲ ေမးေျဖလုပ္ခိုင္းရတယ္။”

ဒါ့အျပင္ အသက္ ၁၃ ႏွစ္႐ြယ္ရွိ အျခားေက်ာင္းသူ ၁ ဦးကလည္း ဒီမတိုင္ခင္က အဆိုပါ ဆရာမႀကီး ေယာက်္ားကပဲ သူမကို အဲဒီလို အိမ္ေခၚခိုင္းေၾကာင္း၊ သူမကို အခ်ိဳရည္တိုက္ၿပီး တဲ့ေနာက္ အိပ္ခ်င္လာကာ အဲဒီ ဆိုင္မွာဘဲ အိပ္ခဲ့ၿပီး ႏိုးလာေတာ့ ဆရာမႀကီးေယာက်္ားက သူမနဲ႔ တူတူလာအိပ္ေနတာေတြ႕ရေၾကာင္း၊ လူႀကီးေတြဆူမွာေၾကာက္လို႔ ဘယ္သူ႔ကိုမွ မတိုင္ရဲဘဲ ဒီတခါက်မွ ဆရာမကိုတိုင္ျဖစ္တာလို႔ ေျပာပါတယ္။

မိုင္းရယ္ရဲစခန္းနဲ႔ အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူက အဆိုပါေက်ာင္းအုပ္ႀကီးရဲ႕ ခင္ပြန္း အသက္ ၃၀ ေက်ာ္႐ြယ္ရွိ ဦးေအာင္မ်ိဳးထက္ကို ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၀ ရက္မွာ ရဲက ဖမ္းဆီး စစ္ေဆးေနပါတယ္။

သူကေတာ့ ေလာေလာဆယ္ ကေလးမေလးေတြကို ပါရာစီတေမာေဆး တိုက္ေကြၽးခဲ့တယ္လို႔သာ ဝန္ခံထားၿပီး အဓမၼက်င့္တယ္ဆိုတာကိုေတာ့ ဝန္မခံေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013