DVB Logo
Home
မြန်မာသတင်း
မူးယစ်မှုဖြင့် တနှစ်ကျော်အတွင်း လူပေါင်း ၁၂၀၀ ခန့်ဖမ်းဆီး
DVB
·
September 23, 2019
မူးယစ်မှုဖြင့် တနှစ်ကျော်အတွင်း လူပေါင်း ၁၂၀၀ ခန့်ဖမ်းဆီး
Donate to DVB

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနဖွင့်လှစ်ပြီး ၁၅ လအတွင်း အမှုပေါင်း ၇၆၀ ကျော်လောက် ဖွင့်ခဲ့ပြီး လူပေါင်း ၁၂၀၀ လောက် ဖမ်းဆီးခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

၂၀၁၈  ဇွန် ၂၆ ရက်ကနေ အခု စက်တင်ဘာ ၂၁ ရက်အထိ စုံစမ်းဖော်ထုတ်ချက်တွေအရ အမှုပေါင်း ၇၆၁ မှုဖွင့်ပြီး တရားခံ ကျား ၉၉၉ ယောက်၊ မ ၁၈၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒီနေ့ပဲ ထုတ်ပြန်တာပါ။

ဒီအမှုတွေကနေ ဘိန်းဖြူ ၆၉၄၆ ဂရမ်ကျော်၊ အိုက်စ် ၁၃၁၈ ဂရမ်ကျော်၊ ဘိန်း ၃၉၇၇၆ ဂရမ်ကျော်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်ကျော်၊ စိတ်ကြွဆေး ၃၄၀၉၁၂ ပြား၊ ဆေးခြောက် ၈၃၆၂ ဂရမ်ကျော်၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ်[email protected] ကို တိုင်ကြားနိုင်ပါတယ်။ 

သတင်းပေးတိုင်ကြားတာ၊ ဗဟိုမှာဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ်ဖမ်းဆီးတာတွေ ကြောင့် ဖော်ထုတ်အရေးယူတာတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်တာတွေကို သတင်းပေးတိုင်ကြားသူ၊ လက်ရဖမ်းဆီးသူတွေကို သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမယ်လို့ သမ္မတဦးဝင်းမြင့်က ပြောဆိုထားပါတယ်။

သတင်းပေးတိုင်ကြားသူတွေကို ဆုကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့ အနေနဲ့ သတင်းထုတ်ပြန်တာမလုပ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။




မူးယစ္မႈျဖင့္ တႏွစ္ေက်ာ္အတြင္း လူေပါင္း ၁၂၀၀ ခန္႔ဖမ္းဆီး
ပိုင္စိုး

မူးယစ္ေဆးဝါး အထူးသတင္းတိုင္ၾကားေရးဌာနဖြင့္လွစ္ၿပီး ၁၅ လအတြင္း အမႈေပါင္း ၇၆၀ ေက်ာ္ေလာက္ ဖြင့္ခဲ့ၿပီး လူေပါင္း ၁၂၀၀ ေလာက္ ဖမ္းဆီးခဲ့တယ္လို႔ သမၼတ႐ုံးက ထုတ္ျပန္ပါတယ္။

၂၀၁၈ ဇြန္ ၂၆ ရက္ကေန အခု စက္တင္ဘာ ၂၁ ရက္အထိ စုံစမ္းေဖာ္ထုတ္ခ်က္ေတြအရ အမႈေပါင္း ၇၆၁ မႈဖြင့္ၿပီး တရားခံ က်ား ၉၉၉ ေယာက္၊ မ ၁၈၄ ေယာက္ကို ဖမ္းဆီးခဲ့တယ္လို႔ ဒီေန႔ပဲ ထုတ္ျပန္တာပါ။

ဒီအမႈေတြကေန ဘိန္းျဖဴ ၆၉၄၆ ဂရမ္ေက်ာ္၊ အိုက္စ္ ၁၃၁၈ ဂရမ္ေက်ာ္၊ ဘိန္း ၃၉၇၇၆ ဂရမ္ေက်ာ္၊ အဆင့္နိမ့္ဘိန္း ၃၂၉ ဂရမ္ေက်ာ္၊ စိတ္ႂကြေဆး ၃၄၀၉၁၂ ျပား၊ ေဆးေျခာက္ ၈၃၆၂ ဂရမ္ေက်ာ္၊ လက္နက္မ်ိဳးစုံ ၁၈ လက္၊ က်ည္မ်ိဳးစုံ ၂၅၇ ေတာင့္၊ လက္ပစ္ဗုံး ၁ လုံးတို႔ကို သိမ္းဆည္းရမိတယ္လို႔ ဆိုပါတယ္။

မူးယစ္ေဆးဝါးေတြ ပိုမိုဖမ္းဆီးႏိုင္ဖို႔ ျပည္နယ္နဲ႔တိုင္း အစိုးရအဖြဲ႕ေတြကို တိုင္ၾကားႏိုင္တဲ့အျပင္ အထူးကိစၥေတြနဲ႔ ႀကီးမားတဲ့ မူးယစ္ေဆးဝါး ေရာင္းဝယ္တဲ့ ကိစၥေတြကို သမၼတ႐ုံးမွာ ဖြင့္လွစ္ထားတဲ့ မူးယစ္ေဆးဝါး အထူးသတင္း တိုင္ၾကားေရးဌာန ဖုန္း ၀၆၇- ၅၉၀ ၂၀၀၊ ဖက္စ္ ၀၆၇- ၅၉၀ ၂၃၃ နဲ႔ အီးေမးလ္[email protected] ကို တိုင္ၾကားႏိုင္ပါတယ္။

သတင္းေပးတိုင္ၾကားတာ၊ ဗဟိုမွာဖြဲ႕စည္းထားတဲ့ အထူးအဖြဲ႕ရဲ႕ ေဖာ္ထုတ္ဖမ္းဆီးတာေတြ ေၾကာင့္ ေဖာ္ထုတ္အေရးယူတာေတြ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္တဲ့အခ်ိန္မွာ မူးယစ္ကုန္သည္ေတြ၊ ေရာင္းဝယ္ေဖာက္ကားသူေတြရဲ႕ တရားမဝင္ ပိုင္ဆိုင္တာေတြကို သတင္းေပးတိုင္ၾကားသူ၊ လက္ရဖမ္းဆီးသူေတြကို သင့္တင့္ေလ်ာက္ပတ္တဲ့ အခ်ိဳးအစားနဲ႔ ျပန္လည္ခြဲေဝေပးမယ္လို႔ သမၼတဦးဝင္းျမင့္က ေျပာဆိုထားပါတယ္။

သတင္းေပးတိုင္ၾကားသူေတြကို ဆုေၾကးခ်ီးျမႇင့္ေပးရာမွာ သူတို႔ရဲ႕လုံၿခဳံေရးကို အထူးဂ႐ုျပဳတဲ့ အေနနဲ႔ သတင္းထုတ္ျပန္တာမလုပ္သလို ႏိုင္ငံေတာ္ရဲ႕ ခ်ီးျမႇင့္ေငြျဖစ္တဲ့အတြက္ အခြန္ကင္းလြတ္ခြင့္ အထူးအခြင့္အေရးကိုလည္း ေပးအပ္သြားမယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013