DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မိန်းကလေးများအား ဧည့်ကြိုအလုပ်သွင်းပေးမည်ဟုဆိုကာ မူးယစ်ဆေးခပ်၍ ပြည်တန်ဆာပြုခိုင်းသူကို ဖမ်းဆီး
DVB
·
September 23, 2019
မဲဆောက်တွင် မိန်းကလေးများအား ဧည့်ကြိုအလုပ်သွင်းပေးမည်ဟုဆိုကာ မူးယစ်ဆေးခပ်၍ ပြည်တန်ဆာပြုခိုင်းသူကို ဖမ်းဆီး
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မှာ နယ်ကလာတဲ့ မိန်းကလေးတွေကို ဝင်ငွေ ကောင်းတဲ့ ဧည့်ကြိုဖျော်ဖြေရေး အလုပ်ရမယ်လို့ သိမ်းသွင်းပြီး ပြည်တန်ဆာ အဖြစ်စေခိုင်းနေသူ တဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၈ နှစ်ရွယ်ရှိ နိုင်းအခရဖုန်း ကျစ်ဝပ်ထနဖိုင်းဆန်ဆိုသူကို မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက နယ်မြေ ၈ မယ်ပရပ်ကွက် မဲဆောက်မြို့ရှိ ၎င်းရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

ဒီမတိုင်ခင်က လူမှုကွန်ရက်ပေါ်မှာ နူတ်တော်ဆိုတဲ့ အကောင့်ပိုင်ရှင်က  မဲဆောက်ရှိ မိန်းကလေးတွေကို ဝင်ငွေကောင်းတဲ့ ဧည့်ကြိုဖျော်ဖြေရေး အလုပ်ရှိကြောင်း၊ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို လမ်းပြအဖြစ်၊ စကားပြန်အဖြစ်၊ အဖော်အဖြစ် လိုက်လံပို့ဆောင်ရုံမျှနဲ့ တနေ့ ဝင်ငွေ ဘတ် ၅၀၀၀မှ  ၁၀၀၀၀ အထိရမှာ ဖြစ်ကြောင်း ပြောဆို သိမ်းသွင်းခဲ့ပြီး လိုက်သွားတဲ့ မိန်းကလေးတွေကို မူးယစ်ဆေးဝါးခပ်ကာ ဧည့်သည်တွေကို လိင်ပိုင်ဆိုင်ရာစော်ကားစေခြင်း၊ အဓမ္မပြုကျင့်စေခိုင်းခြင်းတွေ ပြုလုပ်တဲ့ အကြောင်း ကိုယ်တွေ့ခံခဲ့ရသူက လူမှုကွန်ရက်မှာ သတိပေးရေးသားခဲ့ပါတယ် ။ 

ဒါ့အပြင် ကိုယ်တွေ့ခံခဲ့ရပြီး  ထွက်ပြေးလွတ် မြောက်လာတဲ့ အသက် ၁၆ နှစ်ရွယ်ရှိ အဲမ်နဲ့  နွေး ဆိုသူ ၁၇ နှစ်ရွယ်ရှိ မိန်းကလေး ၂ ဦးတို့ကလည်း မဲဆောက်မြို့နယ်ရဲစခန်းမှာ လာရောက် တိုင်တန်းထားတာကြောင့် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးရေးတွေလုပ်ပြီး နိုင်းအခရဖုန်း ကျစ်ဝပ်ထနဖိုင်းဆန်ကို ဖမ်းဆီးခဲ့တာလို့ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျီရဆဒ် ဆီထမ်းက သတင်းထောက်တွေကို ပြောပါတယ်။ 

နိုင်းအခရဖုန်းကတော့ အပြစ်ကို ဝန်မခံသေးကြောင်း၊ ဒါပေမယ့် သူဟာ မိန်းကလေးပေါင်း ၅၀ ကျော်လောက် ဧည့်ကြိုဖျော်ဖြေရေးအလုပ် ဆက်သွယ်ပေးထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းရထားကြောင်း၊ ဒါကြောင့် သူနဲ့ အလုပ်လုပ်ဖူးတဲ့ မိန်းကလေးတွေအနေနဲ့ ရဲစခန်းမှာ လာရောက်သက်သေလုပ်ပေးဖို့၊ တိုင်ချက်ဖွင့်ကြဖို့ ဖိတ်ခေါ်ကြောင်း မဲဆောက်ဒုရဲမှူးက ပြောပါတယ်။ 

ဒါ့အပြင် တနေ့ကို ၅ နာရီမှ ၇ နာရီထိ နာရီပိုင်းတွင်း အလုပ်လုပ်ပေးရုံနဲ့ လုပ်အားခ ဘတ်ထောင်ချီပြီးရတယ်ဆိုတဲ့ အလုပ်ဟာ ရိုးသားမှုမရှိတာကို မိန်းကလေးတွေအနေနဲ့ သတိပြုကြစေလိုကြောင်း မဲဆောက်ဒုရဲမှူးက သတိပေး ပြောကြားသွားပါတယ်။

==========================

မဲဆောက်တွင် မိန်းကလေးများအား ဧည့်ကြိုအလုပ်သွင်းပေးမည်ဟုဆိုကာ မူးယစ်ဆေးခပ်၍ ပြည်တန်ဆာပြုခိုင်းသူကို ဖမ်းဆီး

နန္းျမနဒီ

ထိုင္း-ျမန္မာနယ္စပ္၊ တာ့ခ္ခ႐ိုင္၊ မဲေဆာက္မွာ နယ္ကလာတဲ့ မိန္းကေလးေတြကို ဝင္ေငြ ေကာင္းတဲ့ ဧည့္ႀကိဳေဖ်ာ္ေျဖေရး အလုပ္ရမယ္လို႔ သိမ္းသြင္းၿပီး ျပည္တန္ဆာ အျဖစ္ေစခိုင္းေနသူ တဦးကို ထိုင္းရဲက ဖမ္းဆီးလိုက္ပါတယ္။

အသက္ ၂၈ ႏွစ္႐ြယ္ရွိ ႏိုင္းအခရဖုန္း က်စ္ဝပ္ထနဖိုင္းဆန္ဆိုသူကို မဲေဆာက္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြက နယ္ေျမ ၈ မယ္ပရပ္ကြက္ မဲေဆာက္ၿမိဳ႕ရွိ ၎ရဲ႕ေနအိမ္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၁ ရက္က ဝင္ေရာက္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဒီမတိုင္ခင္က လူမႈကြန္ရက္ေပၚမွာ ႏူတ္ေတာ္ဆိုတဲ့ အေကာင့္ပိုင္ရွင္က  မဲေဆာက္ရွိ မိန္းကေလးေတြကို ဝင္ေငြေကာင္းတဲ့ ဧည့္ႀကိဳေဖ်ာ္ေျဖေရး အလုပ္ရွိေၾကာင္း၊ ႏိုင္ငံျခားခရီးသြား ဧည့္သည္ေတြကို လမ္းျပအျဖစ္၊ စကားျပန္အျဖစ္၊ အေဖာ္အျဖစ္ လိုက္လံပို႔ေဆာင္႐ုံမွ်နဲ႔ တေန႔ ဝင္ေငြ ဘတ္ ၅၀၀၀မွ  ၁၀၀၀၀ အထိရမွာ ျဖစ္ေၾကာင္း ေျပာဆို သိမ္းသြင္းခဲ့ၿပီး လိုက္သြားတဲ့ မိန္းကေလးေတြကို မူးယစ္ေဆးဝါးခပ္ကာ ဧည့္သည္ေတြကို လိင္ပိုင္ဆိုင္ရာေစာ္ကားေစျခင္း၊ အဓမၼျပဳက်င့္ေစခိုင္းျခင္းေတြ ျပဳလုပ္တဲ့ အေၾကာင္း ကိုယ္ေတြ႕ခံခဲ့ရသူက လူမႈကြန္ရက္မွာ သတိေပးေရးသားခဲ့ပါတယ္ ။

ဒါ့အျပင္ ကိုယ္ေတြ႕ခံခဲ့ရၿပီး  ထြက္ေျပးလြတ္ ေျမာက္လာတဲ့ အသက္ ၁၆ ႏွစ္႐ြယ္ရွိ အဲမ္နဲ႔  ေႏြး ဆိုသူ ၁၇ ႏွစ္႐ြယ္ရွိ မိန္းကေလး ၂ ဦးတို႔ကလည္း မဲေဆာက္ၿမိဳ႕နယ္ရဲစခန္းမွာ လာေရာက္ တိုင္တန္းထားတာေၾကာင့္ တာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးေရးေတြလုပ္ၿပီး ႏိုင္းအခရဖုန္း က်စ္ဝပ္ထနဖိုင္းဆန္ကို ဖမ္းဆီးခဲ့တာလို႔ မဲေဆာက္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ဒုရဲမႉး က်ီရဆဒ္ ဆီထမ္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

ႏိုင္းအခရဖုန္းကေတာ့ အျပစ္ကို ဝန္မခံေသးေၾကာင္း၊ ဒါေပမယ့္ သူဟာ မိန္းကေလးေပါင္း ၅၀ ေက်ာ္ေလာက္ ဧည့္ႀကိဳေဖ်ာ္ေျဖေရးအလုပ္ ဆက္သြယ္ေပးထားတယ္လို႔ ရဲတပ္ဖြဲ႕က သတင္းရထားေၾကာင္း၊ ဒါေၾကာင့္ သူနဲ႔ အလုပ္လုပ္ဖူးတဲ့ မိန္းကေလးေတြအေနနဲ႔ ရဲစခန္းမွာ လာေရာက္သက္ေသလုပ္ေပးဖို႔၊ တိုင္ခ်က္ဖြင့္ၾကဖို႔ ဖိတ္ေခၚေၾကာင္း မဲေဆာက္ဒုရဲမႉးက ေျပာပါတယ္။

ဒါ့အျပင္ တေန႔ကို ၅ နာရီမွ ၇ နာရီထိ နာရီပိုင္းတြင္း အလုပ္လုပ္ေပး႐ုံနဲ႔ လုပ္အားခ ဘတ္ေထာင္ခ်ီၿပီးရတယ္ဆိုတဲ့ အလုပ္ဟာ ႐ိုးသားမႈမရွိတာကို မိန္းကေလးေတြအေနနဲ႔ သတိျပဳၾကေစလိုေၾကာင္း မဲေဆာက္ဒုရဲမႉးက သတိေပး ေျပာၾကားသြားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013