DVB Logo
Home
Lead Story
စစ်ဘောင်ချဲ့လိုသူတို့အတွက် ၂၀၂၀ လက်ဆောင်
DVB
·
September 23, 2019
စစ်ဘောင်ချဲ့လိုသူတို့အတွက် ၂၀၂၀ လက်ဆောင်
Donate to DVB

“ကြံ့ခိုင်ရေးက တင်လာတဲ့ကိစ္စ ဆိုတော့ ဆိုချင်တာက ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဒီမိုကရေစီကို သွားကြမယ် ပြောရင်းနဲ့ တပ်ရဲ့အခြေခံနယ်နိမိတ်ကို ပိုချဲ့ထွင်လာချင်တဲ့ သဘောကို ဦးတည်လာသလားလို့ စဉ်းစားရမယ့် အနေအထား ဖြစ်တယ်။”

အဆိုပါစကားသည် ၂၀၁၉ စက်တင်ဘာ ၂၂ ရက်က အန်လ်အယ်ဒီဗဟိုရုံး အစည်းအဝေးပွဲ အပြီးတွင် သတင်းထောက်တို့ အမေးကို ဦးအောင်ကြည်ညွန့်က  ဖြေကြားလိုက်သောစကား ဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်တွင် ကြံ့ခိုင်ရေးအမတ် စိုင်းသန်းနိုင် အပါအဝင် တပ်မတော် ကိုယ်စားလှယ် ၁၄၅ ယောက်တို့က ပြည်ထောင်စုလွှတ်တော်၌ လက်မှတ်ထိုး တင်သွင်းခဲ့သော ဥပဒေမူကြမ်းနှင့်သက်ဆိုင်နေသည်။

ယင်းဥပဒေမူကြမ်း၏ အချုပ်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လစ်လပ်ကိုယ်စားလှယ် သုံးပုံတစ်ပုံ အထက်ရှိပါက လည်းကောင်း၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍအချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းလာပါက လွှတ်တော်ကို ဖျက်သိမ်းရန်တို့ ပါရှိသည့် ဥပဒေမျိုးကို တင်ပြခဲ့ခြင်းအပေါ် အခြေခံ၍ ပေါ်ပေါက်လာသည့် မေးခွန်း ဖြစ်သည်။

ကြံ့ခိုင်ရေးအမတ်အနေဖြင့် မအောင်မြင်နိုင်ရုံမက ဒီမိုကရေစီနှင့် လျောက်ပတ်ခြင်း မရှိသည့် အဆိုတခုကို “အဘယ်ကြောင့် လွှတ်တော်တွင် တင်ရသနည်း” ဆိုသော အချက်မှာ စဉ်းစားဖွယ်ရာ ဖြစ်သည်။ 

အသေချာဆုံး အချက်မှာ ၎င်းတို့၏ စိတ်ဆန္ဒ၌ စစ်ဘောင်ကို ယခုထက်ပို၍ ချဲ့ထွင်လိုခြင်းဟူသော အချက်ပင် ဖြစ်သည်။ နောက်ထပ်ဖြစ်နိုင်ခြေတခုမှာ  လက်ရှိ အုပ်ချုပ်နေသော အစိုးရအတွက် ရှေ့ဆက်တိုး၍ လုပ်ဆောင်နိုင်ခြင်း မရှိရန်နှင့် အချိန်ဖင့်နွှဲစေရန် ရည်ရွယ်ချက်ဖြင့် ဂျမ်းတုံးခု အနှောင့်အယှက်လုပ်ခြင်းလည်း ဖြစ်တန်ရာသည်ဟု နိုင်ငံရေးလေ့လာသူတို့က အကဲဖြတ်ကြသည်။

ထို့အပြင် ဒီမိုကရေစီ၏ အခြေခံသဘောကို နားမလည်ခြင်းလည်း ဖြစ်နိုင်သည်။ တပ်အနေဖြင့်မူ အာဏာရှင် လောဘတက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံတခုတွင် စစ်ဘောင်ကို ချုံ့နိုင်သမျှ ချုံ့ကြရစမြဲပင်။ ယင်းသို့ စစ်ဘောင်ကို ချုံ့ရန်အတွက် စစ်တပ်ကို အရပ်ဘက်အစိုးရ အောက်၌ ထားရှိကြရသည်။

ဒေါက်တာမောင်၏ သတ်မှတ်ချက်ကို ပြရမည်ဆိုသော်… “ဒီမိုကရေစီနိုင်ငံတော်တွင် လက်နက်ကိုင်တပ်ပေါင်းစုသည် ပြည်သူတို့၏ ရွေးချယ်တင်မြှောက်သော ပါလီမန်၊ ၎င်းပါလီမန်မှတဆင့် တင်မြှောက်သော အစိုးရအဖွဲ့တို့၏ အုပ်ချုပ်မှုအောက်တွင် ရှိရသည်။ ပါလီမန် ခွင့်မပြုဘဲလည်း တပ်ပေါင်းစုကို တိုးချဲ့ခြင်း မပြုလုပ်ရ။ ပါလီမန် ခွင့်ပြုသောငွေကို သုံးစွဲ၍ ပါလီမန် သဘောတူသော တပ်အင်အားကိုသာ ထားရှိရသည်”လို့ ဆိုသည်။

ဤအခြေခံတရားကိုပင် မသိဘဲ လွှတ်တော်သို့ တင်ပြအဆုံးအဖြတ်ခံနေခြင်းမှာ ဒီမိုကရေစီနှင့် မထိုက်တန်သော ကိုယ်စားလှယ်များ ဖြစ်ကြောင်း ဖော်ပြနေသကဲ့သို့ ရှိပါသည်။

အမှန်လည်း လူထုကိုယ်စားလှယ် ၃၅ ဦးသာ ပါရှိပြီး ကျန်လက်မှတ်ထိုးသူများမှာ  တပ်မတော်ကိုယ်စားလှယ်များသာ ဖြစ်သည်ကို တွေ့ရသည်။ တခု ပြောစရာ ရှိပါ၏။ အာဏာရှင်သည် လည်းကောင်း၊ အာဏာဖြင့် အရင်းတည်၍ ကြီးပွားချမ်းသာခဲ့ကြဖူးသူတို့၏ စိတ်၌ ရရှိပြီးအဆင့်ကို တပ်မက်မြဲ တပ်မက်ကြသည်မှာလည်း သဘာဝပင် ဖြစ်ပေသည်။

ပြည်သူတို့ဘက်က ကြည့်ပြန်လျှင်လည်း ဤသို့သော အခြေအနေပေါ် မူတည်၍ ရန်-ငါ စည်းပြတ်ကြရန် လိုပေမည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်သူ့အကျိုးစီးပွားနှင့် ဆန့်ကျင်သော၊ ဒီမိုကရေစီ အဟန့်အတား ဖြစ်သူတို့အား ပြတ်သားစွာ ဆန့်ကျင်၍  မိမိတို့၏ဆန္ဒကို ပြရန် လိုအပ်လာပြီ ဖြစ်သည်။

ဒီမိုကရေစီအား ဆန့်ကျင်သူတယောက် လွှတ်တော်သို့ ရောက်သည်နှင့် စစ်ဘောင်ချဲ့ထွင်ရေးကိုလည်း ဆက်လက်အကောင်အထည်ဖော်နေဦးမည်သာ ဖြစ်သည်။ ထိုကဲ့သို့ စစ်ဘောင်ချဲ့လိုသူတို့၏ တင်ပြတောင်းဆိုချက်အား အခွင့်အရေးတရပ်အဖြစ် အသုံးချ သင်ခန်းစာယူ၍ ၂၀၂၀ ရွေးကောက်ပွဲအား အသန့်ရှင်းဆုံး ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ကြပါရန် မီးမောင်းထိုး တင်ပြလိုက်ရပါသည်။

ထွန်းဇော်ဌေး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စစ္ေဘာင္ခ်ဲ႕လိုသူတို႔အတြက္ ၂၀၂၀ လက္ေဆာင္

“ႀကံ့ခိုင္ေရးက တင္လာတဲ့ကိစၥ ဆိုေတာ့ ဆိုခ်င္တာက ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီကို သြားၾကမယ္ ေျပာရင္းနဲ႔ တပ္ရဲ႕အေျခခံနယ္နိမိတ္ကို ပိုခ်ဲ႕ထြင္လာခ်င္တဲ့ သေဘာကို ဦးတည္လာသလားလို႔ စဥ္းစားရမယ့္ အေနအထား ျဖစ္တယ္။”

အဆိုပါစကားသည္ ၂၀၁၉ စက္တင္ဘာ ၂၂ ရက္က အန္လ္အယ္ဒီဗဟို႐ုံး အစည္းအေဝးပြဲ အၿပီးတြင္ သတင္းေထာက္တို႔ အေမးကို ဦးေအာင္ၾကည္ၫြန႔္က  ေျဖၾကားလိုက္ေသာစကား ျဖစ္သည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၂၀ ရက္တြင္ ႀကံ့ခိုင္ေရးအမတ္ စိုင္းသန္းႏိုင္ အပါအဝင္ တပ္မေတာ္ ကိုယ္စားလွယ္ ၁၄၅ ေယာက္တို႔က ျပည္ေထာင္စုလႊတ္ေတာ္၌ လက္မွတ္ထိုး တင္သြင္းခဲ့ေသာ ဥပေဒမူၾကမ္းႏွင့္သက္ဆိုင္ေနသည္။

ယင္းဥပေဒမူၾကမ္း၏ အခ်ဳပ္မွာ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တို႔တြင္ လစ္လပ္ကိုယ္စားလွယ္ သုံးပုံတစ္ပုံ အထက္ရွိပါက လည္းေကာင္း၊ ဥပေဒျပဳေရးႏွင့္ အုပ္ခ်ဳပ္ေရး က႑အခ်င္းခ်င္း အျပန္အလွန္ထိန္းေက်ာင္းမႈ ယိုယြင္းလာပါက လႊတ္ေတာ္ကို ဖ်က္သိမ္းရန္တို႔ ပါရွိသည့္ ဥပေဒမ်ိဳးကို တင္ျပခဲ့ျခင္းအေပၚ အေျခခံ၍ ေပၚေပါက္လာသည့္ ေမးခြန္း ျဖစ္သည္။

ႀကံ့ခိုင္ေရးအမတ္အေနျဖင့္ မေအာင္ျမင္ႏိုင္႐ုံမက ဒီမိုကေရစီႏွင့္ ေလ်ာက္ပတ္ျခင္း မရွိသည့္ အဆိုတခုကို “အဘယ္ေၾကာင့္ လႊတ္ေတာ္တြင္ တင္ရသနည္း” ဆိုေသာ အခ်က္မွာ စဥ္းစားဖြယ္ရာ ျဖစ္သည္။

အေသခ်ာဆုံး အခ်က္မွာ ၎တို႔၏ စိတ္ဆႏၵ၌ စစ္ေဘာင္ကို ယခုထက္ပို၍ ခ်ဲ႕ထြင္လိုျခင္းဟူေသာ အခ်က္ပင္ ျဖစ္သည္။ ေနာက္ထပ္ျဖစ္ႏိုင္ေျခတခုမွာ  လက္ရွိ အုပ္ခ်ဳပ္ေနေသာ အစိုးရအတြက္ ေရွ႕ဆက္တိုး၍ လုပ္ေဆာင္ႏိုင္ျခင္း မရွိရန္ႏွင့္ အခ်ိန္ဖင့္ႏႊဲေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ဂ်မ္းတုံးခု အေႏွာင့္အယွက္လုပ္ျခင္းလည္း ျဖစ္တန္ရာသည္ဟု ႏိုင္ငံေရးေလ့လာသူတို႔က အကဲျဖတ္ၾကသည္။

ထို႔အျပင္ ဒီမိုကေရစီ၏ အေျခခံသေဘာကို နားမလည္ျခင္းလည္း ျဖစ္ႏိုင္သည္။ တပ္အေနျဖင့္မူ အာဏာရွင္ ေလာဘတက္ျခင္းလည္း ျဖစ္ႏိုင္ပါသည္။ ဒီမိုကေရစီႏိုင္ငံတခုတြင္ စစ္ေဘာင္ကို ခ်ဳံ႔ႏိုင္သမွ် ခ်ဳံ႔ၾကရစၿမဲပင္။ ယင္းသို႔ စစ္ေဘာင္ကို ခ်ဳံ႔ရန္အတြက္ စစ္တပ္ကို အရပ္ဘက္အစိုးရ ေအာက္၌ ထားရွိၾကရသည္။

ေဒါက္တာေမာင္၏ သတ္မွတ္ခ်က္ကို ျပရမည္ဆိုေသာ္… “ဒီမိုကေရစီႏိုင္ငံေတာ္တြင္ လက္နက္ကိုင္တပ္ေပါင္းစုသည္ ျပည္သူတို႔၏ ေ႐ြးခ်ယ္တင္ေျမႇာက္ေသာ ပါလီမန္၊ ၎ပါလီမန္မွတဆင့္ တင္ေျမႇာက္ေသာ အစိုးရအဖြဲ႕တို႔၏ အုပ္ခ်ဳပ္မႈေအာက္တြင္ ရွိရသည္။ ပါလီမန္ ခြင့္မျပဳဘဲလည္း တပ္ေပါင္းစုကို တိုးခ်ဲ႕ျခင္း မျပဳလုပ္ရ။ ပါလီမန္ ခြင့္ျပဳေသာေငြကို သုံးစြဲ၍ ပါလီမန္ သေဘာတူေသာ တပ္အင္အားကိုသာ ထားရွိရသည္”လို႔ ဆိုသည္။

ဤအေျခခံတရားကိုပင္ မသိဘဲ လႊတ္ေတာ္သို႔ တင္ျပအဆုံးအျဖတ္ခံေနျခင္းမွာ ဒီမိုကေရစီႏွင့္ မထိုက္တန္ေသာ ကိုယ္စားလွယ္မ်ား ျဖစ္ေၾကာင္း ေဖာ္ျပေနသကဲ့သို႔ ရွိပါသည္။

အမွန္လည္း လူထုကိုယ္စားလွယ္ ၃၅ ဦးသာ ပါရွိၿပီး က်န္လက္မွတ္ထိုးသူမ်ားမွာ  တပ္မေတာ္ကိုယ္စားလွယ္မ်ားသာ ျဖစ္သည္ကို ေတြ႕ရသည္။ တခု ေျပာစရာ ရွိပါ၏။ အာဏာရွင္သည္ လည္းေကာင္း၊ အာဏာျဖင့္ အရင္းတည္၍ ႀကီးပြားခ်မ္းသာခဲ့ၾကဖူးသူတို႔၏ စိတ္၌ ရရွိၿပီးအဆင့္ကို တပ္မက္ၿမဲ တပ္မက္ၾကသည္မွာလည္း သဘာဝပင္ ျဖစ္ေပသည္။

ျပည္သူတို႔ဘက္က ၾကည့္ျပန္လွ်င္လည္း ဤသို႔ေသာ အေျခအေနေပၚ မူတည္၍ ရန္-ငါ စည္းျပတ္ၾကရန္ လိုေပမည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္လည္း ျပည္သူ႔အက်ိဳးစီးပြားႏွင့္ ဆန႔္က်င္ေသာ၊ ဒီမိုကေရစီ အဟန႔္အတား ျဖစ္သူတို႔အား ျပတ္သားစြာ ဆန႔္က်င္၍  မိမိတို႔၏ဆႏၵကို ျပရန္ လိုအပ္လာၿပီ ျဖစ္သည္။

ဒီမိုကေရစီအား ဆန႔္က်င္သူတေယာက္ လႊတ္ေတာ္သို႔ ေရာက္သည္ႏွင့္ စစ္ေဘာင္ခ်ဲ႕ထြင္ေရးကိုလည္း ဆက္လက္အေကာင္အထည္ေဖာ္ေနဦးမည္သာ ျဖစ္သည္။ ထိုကဲ့သို႔ စစ္ေဘာင္ခ်ဲ႕လိုသူတို႔၏ တင္ျပေတာင္းဆိုခ်က္အား အခြင့္အေရးတရပ္အျဖစ္ အသုံးခ် သင္ခန္းစာယူ၍ ၂၀၂၀ ေ႐ြးေကာက္ပြဲအား အသန႔္ရွင္းဆုံး ကိုယ္စားလွယ္မ်ား ေ႐ြးခ်ယ္ေပးႏိုင္ၾကပါရန္ မီးေမာင္းထိုး တင္ျပလိုက္ရပါသည္။

ထြန္းေဇာ္ေဌး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013